News

တံတားဦး လေကြောင်းရန် ကာကွယ်ရေးတပ်မှ…

တံတားဦး လေကြောင်းရန် ကာကွယ်ရေးတပ်မှ…

တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ် ၁ ဦးနှင့် တပ်သား ၂ ဦး လက်နက် အပြည့်အစုံဖြင့်

တပ်ကို စွန့်ခွာမှု ပိုက်စိတ်တိုက် ရှာဖွေနေ၊ စစ်တပ်က ရှာဖွေနေသူများကို လက်ခံထားလျှင် ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ တံတားဦး လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်အဆင့် ၁ ဦးနှင့် အခြား အဆင့် တပ်သား ၂ ဦး လက်နက်အပြည့် အစုံဖြင့် တပ်ကို စွန့်ခွာ ပျောက်ဆုံးနေသဖြင့်

အနီးအနားပတ်ဝန်းကျင် ကျေးရွာများအားလုံးကို စစ်တပ်က ပိုက်စိတ်တိုက်ရှာဖွေလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် ဗိုလ်နှင့်တပ်သား ၂ ဦး စုစုပေါင်း ၃ ဦး လက် နက်အပြည့်အစုံဖြင့် ပျောက်ဆုံးသွားသဖြင့်

စစ်တပ်က တံတားဦးလေ ယာဉ်ကွင်းအနားရှိ ကျေးရွာများကို နေ့အချိန် ဝင်ရောက်ဧည့်စာရင်းစစ်ခြင်း၊ နေအိမ်များနှင့် ကျေးရွာများကို ပိတ်ဆို့ ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

“လေယဉ်ကွင်းနားက ရွာတွေ အကုန်ဧည့်စာရင်းစစ်ခံရတယ်။ လက်နက်အပြည့် အစုံနဲ့ သူတို့ ရှာနေတဲ့သူတွေ့ရင် ချက်ချင်းအကြောင်းကြားဖို့နဲ့ လက်ခံထားရင် တစ်ရွာလုံး မီးတိုက်ခံရမယ်ဆို‌ပြီးပြောတယ်။

တံတားဦးမြို့နယ်အနားက ရွာတွေအားလုံးမှာ ကင်းပုန်းဝပ် ပိုက်စိတ်တိုက်ရှာဖွေနေတယ်။ စစ်တပ်တွေ အုပ်စုခွဲပြီး တရွာဝင် တစ်ရွာထွက် ဧည့်စာရင်းစစ် ပိုက်စိတ်တိုက်ရှာဖွေနေတယ်။

အခုထက်ထိတော့ ဖမ်းမိတယ် သတင်းမကြားရသေးဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေးမြို့ကို စီးနင်းထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- ထွန်းအောင်ကျော်။

Credit

Zawgyi Version ဖျင့္ဖတ္ရန္

တံတားဦး ေလေၾကာင္းရန္ ကာကြယ္ေရးတပ္မွ…

တံတားဦး ေလေၾကာင္းရန္ကာကြယ္ေရးတပ္မွ ဗိုလ္ ၁ ဦးႏွင့္ တပ္သား ၂ ဦး လက္နက္ အျပည့္အစုံျဖင့္

တပ္ကို စြန္႔ခြာမႈ ပိုက္စိတ္တိုက္ ႐ွာေဖြေန၊ စစ္တပ္က ႐ွာေဖြေနသူမ်ားကို လက္ခံထားလွ်င္ ႐ြာကို မီး႐ိႈ႕မည္ဟု ၿခိမ္းေျခာက္

ရန္ကုန္၊ ေအာက္တိုဘာ ၁၁

မႏၲေလးတိုင္း၊ တံတားဦးၿမိဳ႕နယ္႐ွိ တံတားဦး ေလေၾကာင္းရန္ ကာကြယ္ေရးတပ္မွ ဗိုလ္အဆင့္ ၁ ဦးႏွင့္ အျခား အဆင့္ တပ္သား ၂ ဦး လက္နက္အျပည့္ အစုံျဖင့္ တပ္ကို စြန္႔ခြာ ေပ်ာက္ဆုံးေနသျဖင့္

အနီးအနားပတ္ဝန္းက်င္ ေက်း႐ြာမ်ားအားလုံးကို စစ္တပ္က ပိုက္စိတ္တိုက္႐ွာေဖြလ်က္႐ွိေၾကာင္း ေဒသခံမ်ားထံမွ သိ႐ွိရသည္။

ေအာက္တိုဘာလ ၇ ရက္ေန႔တြင္ ဗိုလ္ႏွင့္တပ္သား ၂ ဦး စုစုေပါင္း ၃ ဦး လက္ နက္အျပည့္အစုံျဖင့္ ေပ်ာက္ဆုံးသြားသျဖင့္

စစ္တပ္က တံတားဦးေလ ယာဥ္ကြင္းအနား႐ွိ ေက်း႐ြာမ်ားကို ေန႔အခ်ိန္ ဝင္ေရာက္ဧည့္စာရင္းစစ္ျခင္း၊ ေနအိမ္မ်ားႏွင့္ ေက်း႐ြာမ်ားကို ပိတ္ဆို႔ ႐ွာေဖြမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိ႐ွိရသည္။

“ေလယဥ္ကြင္းနားက ႐ြာေတြ အကုန္ဧည့္စာရင္းစစ္ခံရတယ္။ လက္နက္အျပည့္ အစုံနဲ႔ သူတို႔ ႐ွာေနတဲ့သူေတြ႕ရင္ ခ်က္ခ်င္းအေၾကာင္းၾကားဖို႔နဲ႔ လက္ခံထားရင္ တစ္႐ြာလုံး မီးတိုက္ခံရမယ္ဆို‌ၿပီးေျပာတယ္။

တံတားဦးၿမိဳ႕နယ္အနားက ႐ြာေတြအားလုံးမွာ ကင္းပုန္းဝပ္ ပိုက္စိတ္တိုက္႐ွာေဖြေနတယ္။ စစ္တပ္ေတြ အုပ္စုခြဲၿပီး တ႐ြာဝင္ တစ္႐ြာထြက္ ဧည့္စာရင္းစစ္ ပိုက္စိတ္တိုက္႐ွာေဖြေနတယ္။

အခုထက္ထိေတာ့ ဖမ္းမိတယ္ သတင္းမၾကားရေသးဘူး” ဟု ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ဓာတ္ပုံ – မႏၲေလးၿမိဳ႕ကို စီးနင္းထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား။ (ပုံအေဟာင္းျဖစ္သည္)

Photo- ထြန္းေအာင္ေက်ာ္။

Credit