ကြားသိရသမျှ

လာပြန်ပြီကွယ်…ဘယ်နိုင်ငံမှာမှ မရှိသလို မြန်မာပြည် ခေတ်အဆက်ဆက်မှာလည်းမရှိခဲ့တဲ့ လေဆိပ် ဝင်ကြေးတဲ့

လာပြန်ပြီကွယ်…ဘယ်နိုင်ငံမှာမှ မရှိသလို မြန်မာပြည် ခေတ်အဆက်ဆက်မှာလည်းမရှိခဲ့တဲ့ လေဆိပ် ဝင်ကြေးတဲ့

မြန်မာပြည် ခေတ်အဆက်ဆက်မှာမရှိခဲ့တဲ့ လေဆိပ် ဝင်ကြေး ယခု တယောက် (၃) သောင်းပေးရမည်

ရန်ကုန်လေဆိပ်မှာ လေယာဉ်နဲ့ထွက်ခွာမယ့် ခရီးသည်တွေကို လိုက်ပို့ချင်တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေအနေနဲ့

လေဆိပ်အထဲဝင်ချင်ရင် တစ်ဦးကို ၃ သောင်းကျပ်ပေးရတယ်လို့ ကိုယ်တိုင်ကြုံလာသူတွေထံမှ သိရပါတယ်။

လေဆိပ်ကို သွားတဲ့ လမ်းတစ်လျှောက်လည်း လုံခြုံရေးတွေ တင်းကြပ်ကာ မှတ်ပုံတင်နဲ့ ကားလိုင်စင်တွေ စစ်ဆေးမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လိုက်ပို့ချင်သူတွေ လေဆိပ်အထဲကို ဝင်ရောက်လိုပါက တစ်ယောက်လျှင် ၃ သောင်းကျပ်ကျသင့်မှာဖြစ်ပြီး မှတ်ပုံတင်ပေးရမှာဖြစ်ကာ

စာရွက်စာတန်းတွေဖြည့်ရသလို စစ်ဆေးမေးမြန်းမှုတွေ ခံရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။

“အိမ်က အစ်ကို ကိုရီးယား သွားတာ အရင်လည်း လေယာဉ်ကွင်းလိုက်ပို့နေကျ။ လိုက်ပို့တဲ့လူများ အထဲ ၀င်ချင်ရင် တယောက် ၃ သောင်း တဲ့။

မှတ်ပုံတင်ပေး စာရွက်စာတန်းလုပ် ပြီးမှ စစ်ဆေးမေးတာဖြေရတယ်” လို့ ပြောပါတယ်။

လေဆိပ်ကနေထွက်မယ့်သူကို လိုက်ပို့တာဟာ ဘယ်နိုင်ငံမှာမဆို ပိုက်ဆံမပေးရသလို

မြန်မာနိုင်ငံ ခေတ်အဆက်ဆက်မှာလည်း ပိုက်ဆံမပေးခဲ့ရသလို အခု နစက လက်ထက်ကျမှ ပေးနေရတာ ဖြစ်ပါတယ်။

လက်ရှိကာလမှာ ပြည်ပကို အလုပ်အကိုင်နဲ့ သွားရောက်သူတွေ များပြားနေတယ်လို့ သိရပါတယ်။

Source – MM

Zawgyi Version ဖျင့္ဖတ္ရန္

လာျပန္ၿပီကြယ္…ဘယ္ႏိုင္ငံမွာမွ မ႐ွိသလို ျမန္မာျပည္ ေခတ္အဆက္ဆက္မွာလည္းမ႐ွိခဲ့တဲ့ ေလဆိပ္ ဝင္ေၾကးတဲ့

ျမန္မာျပည္ ေခတ္အဆက္ဆက္မွာမ႐ွိခဲ့တဲ့ ေလဆိပ္ ဝင္ေၾကး ယခု တေယာက္ (၃) ေသာင္းေပးရမည္

ရန္ကုန္ေလဆိပ္မွာ ေလယာဥ္နဲ႔ထြက္ခြာမယ့္ ခရီးသည္ေတြကို လိုက္ပို႔ခ်င္တဲ့ မိသားစုေတြ၊ မိတ္ေဆြေတြအေနနဲ႔

ေလဆိပ္အထဲဝင္ခ်င္ရင္ တစ္ဦးကို ၃ ေသာင္းက်ပ္ေပးရတယ္လို႔ ကိုယ္တိုင္ၾကဳံလာသူေတြထံမွ သိရပါတယ္။

ေလဆိပ္ကို သြားတဲ့ လမ္းတစ္ေလွ်ာက္လည္း လုံျခဳံေရးေတြ တင္းၾကပ္ကာ မွတ္ပုံတင္နဲ႔ ကားလိုင္စင္ေတြ စစ္ေဆးမႈေတြ႐ွိေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ လိုက္ပို႔ခ်င္သူေတြ ေလဆိပ္အထဲကို ဝင္ေရာက္လိုပါက တစ္ေယာက္လွ်င္ ၃ ေသာင္းက်ပ္က်သင့္မွာျဖစ္ၿပီး မွတ္ပုံတင္ေပးရမွာျဖစ္ကာ

စာ႐ြက္စာတန္းေတြျဖည့္ရသလို စစ္ေဆးေမးျမန္းမႈေတြ ခံရတယ္လို႔ ကိုယ္တိုင္ၾကဳံခဲ့ရသူတစ္ဦးက ေျပာပါတယ္။

“အိမ္က အစ္ကို ကိုရီးယား သြားတာ အရင္လည္း ေလယာဥ္ကြင္းလိုက္ပို႔ေနက်။ လိုက္ပို႔တဲ့လူမ်ား အထဲ ၀င္ခ်င္ရင္ တေယာက္ ၃ ေသာင္း တဲ့။

မွတ္ပုံတင္ေပး စာ႐ြက္စာတန္းလုပ္ ၿပီးမွ စစ္ေဆးေမးတာေျဖရတယ္” လို႔ ေျပာပါတယ္။

ေလဆိပ္ကေနထြက္မယ့္သူကို လိုက္ပို႔တာဟာ ဘယ္ႏိုင္ငံမွာမဆို ပိုက္ဆံမေပးရသလို

ျမန္မာႏိုင္ငံ ေခတ္အဆက္ဆက္မွာလည္း ပိုက္ဆံမေပးခဲ့ရသလို အခု နစက လက္ထက္က်မွ ေပးေနရတာ ျဖစ္ပါတယ္။

လက္႐ွိကာလမွာ ျပည္ပကို အလုပ္အကိုင္နဲ႔ သြားေရာက္သူေတြ မ်ားျပားေနတယ္လို႔ သိရပါတယ္။

Source – MM