News

YBS 10 ကားပေါ်မှာ အသားယူပြီး ရုံးဆင်းရုံးတက် လိုက်နှို-က်နေတဲ့ လူတစ်​ယောက်…

YBS 10 ကားပေါ်မှာ အသားယူပြီး ရုံးဆင်းရုံးတက် လိုက်နှို-က်နေတဲ့ လူတစ်​ယောက်…

YBS ကားကြီး ပေါ်မှာ မနက် 8 နာရီ 8 ခွဲကြား အလုပ်ချိန်မှာ မိန်းကလေးတွေ အမြဲအသားယူ လိုက်နှိုက်တဲ့ လူအကြောင်း​ပြောပြချင်လို့ပါ..

သူက တစ်ဈေးကွေ့က တက်ပြီး တောင်ဥက္ကလာစာတိုက်မှာ အမြဲဆင်းပါတယ်.. သူလဲအလုပ်သွားတဲ့ပုံပါပဲ.. မိန်းကလေးပိန်ပိန်ဝဝ မလွတ်ပါဘူး..

လက်တဖက်က အမြဲအောက်ကိုချထားပြီး အဆင်းအပေါက်နားမှာပဲ အမြဲနေတာပါ..

သိနေတဲ့ မိန်းကလေးတွေက ရှောင်ပါတယ်.. တချို့က ပြန်မပြောရဲလို့ ငြိမ်နေကြပေမဲ့ တချို့မိန်းကလေးတွေကြတော့ နင်ဘာလုပ်တာလဲဆိုပြီး ထီးနဲ့ရိုက် ပါးရိုက်ပြန်လုပ်တဲ့ မိန်းကလေးတွေလဲရှိပါတယ်..

အဲ့အချိန်ဝန်းကျင်စီးတဲ့ ယောင်္ကျားလေးတချို့လဲ သိကြပါတယ်.. မိန်းကလေးတွေ အော်တာကြားရင် အဲ့ကောင်ကို ဝိုင်းသမကြပါတယ်..

တခါက ညီမ က YPS ကဒ်သုံးတော့ တစ်မှတ်တိုင်ကြိုထပါတယ်..

အဲ့မှာ ဆင်းခါနီး အရှေ့က အစ်မတစ်ယောက်ကို လက်က မိန်းကလေးဟိုနေရာကို လုပ်နေတာပါ မြင်လိုက်ရပါတယ်..

အဲ့အမက အနောက်ကိုဆုတ်လိုက်လို့ ညီမက လှမ်းမြင်လိုက်တာပါ..

အဲ့အစ်မလဲ သူ့ကိုဆဲဆိုပြီး ရိုက်ပါတယ်.. မှတ်တိုင်ကလဲရောက်ခါနီးနေပါပြီ ယောင်္ကျားလေး သုံးလေးယောက်လဲ အဲ့မှတ်တိုင်မှာဆင်းမှာပါ

ဒီအကောင်လုပ်ပြန်ပြီ ဆိုပြီး သူ့နောက်ကို ပြေးလိုက်သွားကြပါတယ်.. အဲ့အကောင်လဲ လမ်းကြားထဲကိုပြေးဝင်သွားပါတယ်..

သူ့ခေါင်းကမငြိမ်ပါဘူး.. ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ့ သားကောင်ရှာနေတဲ့ရုပ်နဲ့ပါ.. Masks အမြဲတပ်တယ်.. အဲ့အမဲရောင်ပဲ ဦးထုပ်ကတော့ အနီဆောင်းတာများတယ်..

တခါတလေ အမဲရောင် သူတက်လာတာမြင်တာနဲ့ သူ့ကိုပဲကြည့်နေရတာ.. သူ့နားရပ်တဲ့မိန်းကလေး‌တွေဆို လှမ်းခေါ်မို့ သူနဲ့ကြုံတာက တစ်ပတ်မှာ သုံးလေးကြိမ်မို့ မှတ်လဲမှတ်မိနေပါပြီ.. ဒီတခါ ပုံခိုးရိုက်ခဲ့ပါတယ်..

YBS လမ်းညွှန်သို့​ပေးပို့လာ​သော YBS ခရီးသည်တစ်ဦး​ တွေ့ကြုံမြင်​တွေ့ခဲ့ရမှုကို သတိပြုဆင်ခြင်သွားလာဆုံးမနိုင်ရန် ပြန်လည်တင်ပြ​ပေးပါသည်။

Source – YBS လမ်းညွှန်

Zawgyi Version ဖငြ့်ဖတ်ရန်















Source – YBS လမ်းညွှန်