News

အွန်လိုင်းမှတဆင့် စိန်ခေါပြီး ထိုးကြတဲ့ လူငယ်(၂)ဦး…

အွန်လိုင်းမှတဆင့် စိန်ခေါပြီး ထိုးကြတဲ့ လူငယ်(၂)ဦး…

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် လူငယ်အုပ်စု ၂ ဖွဲ့က အွန်းလိုင်းပေါ်မှ တဆင့်စိန်ခေါ်ကြပြီး အပြင်တွင် ထိုးကြိတ်မှုဖြစ်ပွားခဲ့ရာ

လူငယ် ၂ ဦး ပွဲချင်းပြီး ‌ေ-သဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

အောက်တိုဘာလ ၁၀ရက်နေ့ ည ၁၀နာရီဝန်းကျင်ခန့်တွင် လူငယ် ၁၀ ဦးပါသည့်အဖွဲ့နှင့် ၃ ဦးသာပါရှိသည့် အဖွဲ့တို့ကြား လုံးခင်းတံတားအနီး ဦးချစ် အရက်ဆိုင်အတွင်း ထိုးကြိတ်ခဲ့ကြရာတွင်

၂ ဦး‌ေ-သဆုံမှုရှိခဲ့သည်ဟု ဖြစ်စဉ်သိသူ ပြည်သူတစ်ဦး KNG ကိုပြောသည်။

“‌ေ-သတာက ၃ယောက်တစ်ဖွဲ့ထဲက ၂ ယောက်‌ေ-သတာ။ တစ်ယောက်က ထွက်ပြေးသွားတယ်လို့သိရတယ်။ အဲ့‌ေ-သဆုံးသွားတဲ့ ၂ယောက်ရဲ့ ကျောလှည့်ထိုးသ-တ်ခံရတာ။

ဟို ၁၀ယောက်အဖွဲ့က ‌ေ-သတာမရှိဘူး။ သူတို့က ဘာကစ္စနဲ့ စိန်ထိုးကြလဲမသိဘူး။ လိုင်းပေါ်ကနေ စိန်ခေါ်ပြီး ထိုးသ-တ်ကြတယ်လို့ပဲသိရတာ”ဟုပြောသည်။

ဖားကန့်ဒေသတွင် အင်တာနက်ပိတ်ခံထားရသည့်အချိန် စစ်တပ်ပိုင် MY ID ဆောလ်ဝဲအသုံးပြုပြီး အွန်လိုင်းပေါ်မှ အချင်းချင်းစိန်ခေါ် ထိုးသ-တ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

‌ေ-သဆုံးသွားသည့် လူငယ် ၂ဦးမှာ လုံးခင်းကျေးရွာမှ အသက် ၁၈နှစ်အရွယ် မျိုးမင်းအောင်နှင့် အသက် ၁၉နှစ်အရွယ် သူရအောင်တို့ဖြစ်ကြပြီး

အဆိုပါ ထိုးသ-တ်သွားသည့် ၁၀ ယောက်အဖွဲ့သည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

ဖားကန့်သည် ကချင်ပြည်နယ်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းဖြစ်ပြီး

လက်ရှိတွင် မည်သည့်ဆက်သွယ်ရေးလိုင်များမရရှိဘဲ စစ်တပ်ပိုင် Mytle တစ်ခုတည်းသာ 3G စနစ်ဖြင့် အသုံးပြုနေရဆဲ ဖြစ်သည်။

Oct 12,2022/Kachin News Group

Zawgyi Version ျဖင့္ဖတ္ရန္

အြန္လိုင္းမွတဆင့္ စိန္ေခါၿပီး ထိုးၾကတဲ့ လူငယ္(၂)ဦး…

ဖားကန္႔ၿမိဳ႕နယ္ လုံးခင္းေက်း႐ြာတြင္ လူငယ္အုပ္စု ၂ ဖြဲ႕က အြန္းလိုင္းေပၚမွ တဆင့္စိန္ေခၚၾကၿပီး အျပင္တြင္ ထိုးႀကိတ္မႈျဖစ္ပြားခဲ့ရာ

လူငယ္ ၂ ဦး ပြဲခ်င္းၿပီး ‌ေ-သဆုံးသြားေၾကာင္း ေဒသခံမ်ားေျပာဆိုခ်က္မွသိရသည္။

ေအာက္တိုဘာလ ၁၀ရက္ေန႔ ည ၁၀နာရီဝန္းက်င္ခန္႔တြင္ လူငယ္ ၁၀ ဦးပါသည့္အဖြဲ႕ႏွင့္ ၃ ဦးသာပါ႐ွိသည့္ အဖြဲ႕တို႔ၾကား လုံးခင္းတံတားအနီး ဦးခ်စ္ အရက္ဆိုင္အတြင္း ထိုးႀကိတ္ခဲ့ၾကရာတြင္

၂ ဦး‌ေ-သဆုံမႈ႐ွိခဲ့သည္ဟု ျဖစ္စဥ္သိသူ ျပည္သူတစ္ဦး KNG ကိုေျပာသည္။

“‌ေ-သတာက ၃ေယာက္တစ္ဖြဲ႕ထဲက ၂ ေယာက္‌ေ-သတာ။ တစ္ေယာက္က ထြက္ေျပးသြားတယ္လို႔သိရတယ္။ အဲ့‌ေ-သဆုံးသြားတဲ့ ၂ေယာက္ရဲ႕ ေက်ာလွည့္ထိုးသ-တ္ခံရတာ။

ဟို ၁၀ေယာက္အဖြဲ႕က ‌ေ-သတာမ႐ွိဘူး။ သူတို႔က ဘာကစၥနဲ႔ စိန္ထိုးၾကလဲမသိဘူး။ လိုင္းေပၚကေန စိန္ေခၚၿပီး ထိုးသ-တ္ၾကတယ္လို႔ပဲသိရတာ”ဟုေျပာသည္။

ဖားကန္႔ေဒသတြင္ အင္တာနက္ပိတ္ခံထားရသည့္အခ်ိန္ စစ္တပ္ပိုင္ MY ID ေဆာလ္ဝဲအသုံးျပဳၿပီး အြန္လိုင္းေပၚမွ အခ်င္းခ်င္းစိန္ေခၚ ထိုးသ-တ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

‌ေ-သဆုံးသြားသည့္ လူငယ္ ၂ဦးမွာ လုံးခင္းေက်း႐ြာမွ အသက္ ၁၈ႏွစ္အ႐ြယ္ မ်ိဳးမင္းေအာင္ႏွင့္ အသက္ ၁၉ႏွစ္အ႐ြယ္ သူရေအာင္တို႔ျဖစ္ၾကၿပီး

အဆိုပါ ထိုးသ-တ္သြားသည့္ ၁၀ ေယာက္အဖြဲ႕သည္ ထြက္ေျပးလြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

ဖားကန္႔သည္ ကခ်င္ျပည္နယ္တြင္ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ဖုန္းအင္တာနက္လိုင္းမ်ား ျဖတ္ေတာက္ခံထားရျခင္းျဖစ္ၿပီး

လက္႐ွိတြင္ မည္သည့္ဆက္သြယ္ေရးလိုင္မ်ားမရ႐ွိဘဲ စစ္တပ္ပိုင္ Mytle တစ္ခုတည္းသာ 3G စနစ္ျဖင့္ အသုံးျပဳေနရဆဲ ျဖစ္သည္။

Oct 12,2022/Kachin News Group