ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်းမတစ်ယောက်ကို ဘယ်တော့မှလက်မလွှတ်ပါနဲ့…
လူတိုင်းကတော့ လှတာမက်တာပါပဲ။ အထူးသဖြင့် ယောက်ျားလေးတွေက လှတာလေးတွေ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပိုသဘောကျပါတယ်။
တကယ်တမ်း လက်တွဲမယ့် မိန်းကလေးတစ်ယောက်ဟာ လှနေဖို့လိုအပ်သလားဆိုရင် သူတို့ကတော့ လိုတယ်လို့ပဲဖြေမှာပါပဲ။
လှတာထက် ဒီလိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကိုတော့ မင်းလက်မလွှတ်သင့်ပါဘူးတဲ့။
သူတို့က တကယ်ပဲ မင်းဘဝအတွက်အထောက်ကူဖြစ်စေမယ့် ၊ လမ်းပြပေးနိုင်မယ့် မိန်းမကောင်းတွေ ဖြစ်နေလို့ပါပဲ။
(၁) ပျော်ရွှင်မှုတွေပေးနိုင်သူ
မင်းချစ်တဲ့လူက ပျော်ရွှင်မှုတွေ ပေးနိုင်မယ် ထင်လား။ ပေးခဲ့ရင်လည်း ခဏပါပဲ။ ကိုယ်ကချစ်ပေမယ့်ထင်သလောက် မပျော်ရတဲ့ အချိန်တွေရှိမှာပါ။
အဓိက သူနဲ့ကိုယ်ကြားမှာ စိတ်ချမ်းသာစရာကိစ္စတွေပေးစွမ်းနိုင်တဲ့ မိန်းကလေးမျိုးပေါ့။
သူ့ကိုတွေ့လိုက်တာနဲ့ အေးချမ်းသွားတာမျိုးပေါ့။ ဒီလိုခံစားချက်မျိုးမိန်းကလေးတိုင်းပေးနိုင်မှာမဟုတ်ပါဘူး။
မင်းအတွက် စစ်မှန်တဲ့ မိန်းကလေး တစ်ယောက်တည်းဆီကသာ မင်းရနိုင်မှာပါနော်။
(၂) ရိုးသားသူ
ဒီခေတ်ကြီးမှာ ရိုးသားတဲ့လူဆိုတာ မရှိသလောက်ပါပဲ။ မရိုးသားတဲ့လူတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။
အားလုံးက ဆက်စပ်နေပါတယ်။ မင်းအနေနဲ့ သူ့အပေါ် မယုံရရင်ပျော်ရွှင်မှုဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး။
တကယ်လို့ ရိုးသားသူကို တွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကို လက်မလွှတ်လိုက်ပါနဲ့။
(၃) အကောင်းမြင်သူ
ဒီလိုလူမျိုးလည်း ရှားပါတယ်။ ဒါပေမယ့် ရှိတော့ရှိတယ်။ အရာရာတိုင်းအပေါ် အကောင်းမြင်တတ်ပြီး မနာလိုစိတ်ကင်းတဲ့ မိန်းကလေးဆိုတာရှားပါတယ်။
အနည်းကျဉ်းတော့ မသိစိတ်လေးမှာ အဆိုးမြင်စိတ်တွေ ပေါက်ဖွားကြမှာပါပဲ။
ဒါပေမယ့် အမြဲတမ်း အဆိုးမြင်တတ်တဲ့မိန်းမမျိုးဆို မင်းအတွက် မွန်းကြပ်စေမှာပါ။ သူမရဲ့အပြောဆိုအောက်မှာ မင်းနေ့တိုင်း ခေါင်းကိုက်နေရ ပါလိမ့်မယ်။
(၄) မင်းရဲ့ရည်မှန်းချက်တွေ ဖြည့်ဆည်းပေး
မင်း ဘာဖြစ်ချင်လဲ ၊ ဘယ်လမ်းလျှောက်ချင်တဲ့ဆို သူမပါအတူ လမ်းဖောက်ပေးမယ့်သူမျိုးပေါ့။
ရည်မှန်းချက် အိပ်မက်တွေ အကောင်ထည်ဖော်ဖို့ ဘေးကနေ အားအင်အဖြစ် ပံ့ပိုးပေးနိုင်သူမျိုး ဖြစ်ပါတယ်။
ယောက်ျားလေးတွေဟာ ဘယ်လောက်ပဲကြိုးစား ကြိုးစား ဘေးနားက အားဖြစ်စေမယ့် မိန်းကလေးတစ်ယောက်ကိုတော့ အမြဲလိုအပ်ပါတယ်နော်။
(၅) ဆက်ဆံရေးကောင်းသူ”
အပေါ်ယံပေါင်းသင်းတတ်တာမျိုးပြောတာမဟုတ်ပါဘူး။ လူတိုင်းနဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ဝင်ဆံ့နိုင်အောင် ပေါင်းသင်းနိုင်တဲ့ မိန်းကလေးမျိုးပါ။
စတွေ့တာနဲ့ အပေါ်ယံကြည့် ဆုံးဖြတ်တာမျိုးမဟုတ်ပဲ စကားတွေပြောကြည့်ပြီး အဆင်ပြေအောင် နေတတ်သူပေါ့။
ဆက်ဆံရေးကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ မင်းအတွက်ဆုလာဘ်တစ်ခုပါပဲနော်။
ဒီအချက်တွေနဲ့လည်း ပြည့်စုံပြီ။ သူမကလည်း လှတယ်ဆိုရင်တော့ ဘုရားကပေးတဲ့ အပိုဆုလေးကို မင်းပိုင်ဆိုင်ထားတာပါပဲ… ကဲ…. ဘာများလိုဦးမလဲ…??
Credit – မေသင်္ကြန်ဟိန်(မြစ်မခ)
Zawgyi Version ျဖင့္ဖတ္ရန္
ဒီအဂၤါရပ္ေတြနဲ႔ ျပည့္စုံေနတဲ့ မိန္းမတစ္ေယာက္ကို ဘယ္ေတာ့မွလက္မလႊတ္ပါနဲ႔…
လူတိုင္းကေတာ့ လွတာမက္တာပါပဲ။ အထူးသျဖင့္ ေယာက်္ားေလးေတြက လွတာေလးေတြ၊ ခ်စ္စရာေကာင္းတဲ့ မိန္းကေလးေတြကို ပိုသေဘာက်ပါတယ္။
တကယ္တမ္း လက္တြဲမယ့္ မိန္းကေလးတစ္ေယာက္ဟာ လွေနဖို႔လိုအပ္သလားဆိုရင္ သူတို႔ကေတာ့ လိုတယ္လို႔ပဲေျဖမွာပါပဲ။
လွတာထက္ ဒီလိုအဂၤါရပ္ေတြနဲ႔ ျပည့္စုံေနတဲ့ မိန္မသားတစ္ေယာက္ကိုေတာ့ မင္းလက္မလႊတ္သင့္ပါဘူးတဲ့။
သူတို႔က တကယ္ပဲ မင္းဘဝအတြက္အေထာက္ကူျဖစ္ေစမယ့္ ၊ လမ္းျပေပးႏိုင္မယ့္ မိန္းမေကာင္းေတြ ျဖစ္ေနလို႔ပါပဲ။
(၁) ေပ်ာ္႐ႊင္မႈေတြေပးႏိုင္သူ
မင္းခ်စ္တဲ့လူက ေပ်ာ္႐ႊင္မႈေတြ ေပးႏိုင္မယ္ ထင္လား။ ေပးခဲ့ရင္လည္း ခဏပါပဲ။ ကိုယ္ကခ်စ္ေပမယ့္ထင္သေလာက္ မေပ်ာ္ရတဲ့ အခ်ိန္ေတြ႐ွိမွာပါ။
အဓိက သူနဲ႔ကိုယ္ၾကားမွာ စိတ္ခ်မ္းသာစရာကိစၥေတြေပးစြမ္းႏိုင္တဲ့ မိန္းကေလးမ်ိဳးေပါ့။
သူ႕ကိုေတြ႕လိုက္တာနဲ႔ ေအးခ်မ္းသြားတာမ်ိဳးေပါ့။ ဒီလိုခံစားခ်က္မ်ိဳးမိန္းကေလးတိုင္းေပးႏိုင္မွာမဟုတ္ပါဘူး။
မင္းအတြက္ စစ္မွန္တဲ့ မိန္းကေလး တစ္ေယာက္တည္းဆီကသာ မင္းရႏိုင္မွာပါေနာ္။
(၂) ႐ိုးသားသူ
ဒီေခတ္ႀကီးမွာ ႐ိုးသားတဲ့လူဆိုတာ မ႐ွိသေလာက္ပါပဲ။ မ႐ိုးသားတဲ့လူတစ္ေယာက္ကို ယုံၾကည္ဖို႔ဆိုတာလည္း မျဖစ္ႏိုင္ေတာ့ပါဘူး။
အားလုံးက ဆက္စပ္ေနပါတယ္။ မင္းအေနနဲ႔ သူ႕အေပၚ မယုံရရင္ေပ်ာ္႐ႊင္မႈဆိုတာလည္း ႐ွိေတာ့မွာမဟုတ္ပါဘူး။
တကယ္လို႔ ႐ိုးသားသူကို ေတြ႕ၿပီဆိုရင္ေတာ့ ဒီမိန္းကေလးကို လက္မလႊတ္လိုက္ပါနဲ႔။
(၃) အေကာင္းျမင္သူ
ဒီလိုလူမ်ိဳးလည္း ႐ွားပါတယ္။ ဒါေပမယ့္ ႐ွိေတာ့႐ွိတယ္။ အရာရာတိုင္းအေပၚ အေကာင္းျမင္တတ္ၿပီး မနာလိုစိတ္ကင္းတဲ့ မိန္းကေလးဆိုတာ႐ွားပါတယ္။
အနည္းက်ဥ္းေတာ့ မသိစိတ္ေလးမွာ အဆိုးျမင္စိတ္ေတြ ေပါက္ဖြားၾကမွာပါပဲ။
ဒါေပမယ့္ အၿမဲတမ္း အဆိုးျမင္တတ္တဲ့မိန္းမမ်ိဳးဆို မင္းအတြက္ မြန္းၾကပ္ေစမွာပါ။ သူမရဲ႕အေျပာဆိုေအာက္မွာ မင္းေန႔တိုင္း ေခါင္းကိုက္ေနရ ပါလိမ့္မယ္။
(၄) မင္းရဲ႕ရည္မွန္းခ်က္ေတြ ျဖည့္ဆည္းေပး
မင္း ဘာျဖစ္ခ်င္လဲ ၊ ဘယ္လမ္းေလွ်ာက္ခ်င္တဲ့ဆို သူမပါအတူ လမ္းေဖာက္ေပးမယ့္သူမ်ိဳးေပါ့။
ရည္မွန္းခ်က္ အိပ္မက္ေတြ အေကာင္ထည္ေဖာ္ဖို႔ ေဘးကေန အားအင္အျဖစ္ ပံ့ပိုးေပးႏိုင္သူမ်ိဳး ျဖစ္ပါတယ္။
ေယာက်္ားေလးေတြဟာ ဘယ္ေလာက္ပဲႀကိဳးစား ႀကိဳးစား ေဘးနားက အားျဖစ္ေစမယ့္ မိန္းကေလးတစ္ေယာက္ကိုေတာ့ အၿမဲလိုအပ္ပါတယ္ေနာ္။
(၅) ဆက္ဆံေရးေကာင္းသူ”
အေပၚယံေပါင္းသင္းတတ္တာမ်ိဳးေျပာတာမဟုတ္ပါဘူး။ လူတိုင္းနဲ႔ ရင္ထဲကလိႈက္လိႈက္လွဲလွဲ ဝင္ဆံ့ႏိုင္ေအာင္ ေပါင္းသင္းႏိုင္တဲ့ မိန္းကေလးမ်ိဳးပါ။
စေတြ႕တာနဲ႔ အေပၚယံၾကည့္ ဆုံးျဖတ္တာမ်ိဳးမဟုတ္ပဲ စကားေတြေျပာၾကည့္ၿပီး အဆင္ေျပေအာင္ ေနတတ္သူေပါ့။
ဆက္ဆံေရးေကာင္းတဲ့ မိန္းကေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားရတာဟာ မင္းအတြက္ဆုလာဘ္တစ္ခုပါပဲေနာ္။
ဒီအခ်က္ေတြနဲ႔လည္း ျပည့္စုံၿပီ။ သူမကလည္း လွတယ္ဆိုရင္ေတာ့ ဘုရားကေပးတဲ့ အပိုဆုေလးကို မင္းပိုင္ဆိုင္ထားတာပါပဲ… ကဲ…. ဘာမ်ားလိုဦးမလဲ…??
Credit – ေမသႀကၤန္ဟိန္(ျမစ္မခ)