Cele News

ဉီး‌ကျော်သူရဲ့ နောက်ဆုံး အမှာစကားများ…

ဉီး‌ကျော်သူရဲ့ နောက်ဆုံး အမှာစကားများ…

ငါသေဆုံးသွားတဲ့အခါ နေ့မကူးဘဲ သဂြိုဟ်ပေးပါ။

သုံးရက် ငါးရက်အယူမသည်းပါနဲ့။

သေပြီးငါ့အား ဓာတ်ပုံထောင်၍ နံနက် ညနေစားစရာတွေမကျွေးပါနဲ့။

ငါ့အားကျွေးမည့် စားကောင်းသောက်ဖွယ်များအား ဆာလောင်မွတ်သိပ်နေသူများကို ကျွေးပေးပါ။

အသက်မရှိတော့တဲ့ ငါ့ခန္ဓာအား ရေချိုးအလှပြင်ဖို့မလုပ်ပါနဲ့ ။ ကမ္ဘာမှာ ရေချိုတွေရှားနေတာသတိရပါ။

မသာကောင်ကိုအလှဆင်ဖို့ ငွေကုန်ခံပြီး ပန်းတွေမဝယ်ပါနဲ့။ ဘုရားကိုလှုလိုက်ခြင်းကသင်တို့အတွက် ပိုမြတ်ပါတယ်။

ငါ့ခန္ဓာအား အရှက်လုံလောက်သော အဝတ်အဟောင်းသာ ဝတ်ပေးလိုက်ပါ။

ပြာကျမည့်အစား ချို့တဲ့သူအတွက် လုံခြုံအောင် လှုလိုက်ပါ။

ငါ့ခြေထောက်မှာ မွေးကတည်းက ဖိနပ်မပါလာ၍ ဖိနပ်ထည့်ပေးရန်မလိုပါ။

ပြာကျမည့်ဖိနပ်တစ်ရံအား ဖိနပ်မရှိသူကို လှုလိုက်ပါ။

ရေအိုးခွဲမည့် လွဲမှားသောအယူများနဲ့ငါ့အားလမ်းမခွဲလိုက်ပါနဲ့။

အိုးမခွဲလဲ ငါဖက်တွယ်မထားပါဘူးကိုယ့်လမ်းကိုယ် ဆက်လျှောက်မှာပါ။

ကူးတို့ခလည်း ထည့်ပေးစရာမလိုပါ။ လိုအပ်တဲ့နေရာ လှုလိုက်ပါ။

ငါ့မှာကူးတို့ခအဖြစ် ကုသိုလ် အကုသိုလ်အထုတ်ယူသွားမှာပါ။

ဝမ်းနည်းခြင်း ပန်းခြင်းများအစား ငါ့အားကြည့်၍ သံဝေဂယူပါ ခန်းမအလယ်၌ ငါ့အားပြင်ပြီးလူမြင်ကောင်းအောင် မငိုကြပါနဲ့။

ခန်းမငှားခအား ဘိုးဘွားရိပ်သာကို လှူလိုက်ပါ။

သေပြီးခန္ဓာ ငါ့မသာအား အခေါင်းလှလှ ထဲ့ဖို့အကြံဉာဏ်မပေးပါနဲ့။

ခေါင်းပျဉ်ပြာကျ ဆုံးရှုံးရမဲ့အစား အခင်းအကာမဲ့သူတွေ အများကြီးကို မြင်တတ်စာနာတတ်ပါစေ။

ငါ့ဝိညာဉ်အား ပုတ်ကာခေါ်၍ သင်တို့အိမ်ကို ခေါ်ဆောင်ခြင်းအမှု အယူလွဲစွာမပြုပါနှင့်။ ငါသင်တို့နှင့် အပြီးတိုင်လမ်းခွဲသွားသူပါ။

ငါ့ခန္ဓာကိုယ်ကို မြေ၌ရှိသော ဆာလောင်မွတ်သိပ် သတ္တဝါတို့အား ငါ့အသွေးသား စားသောက်စေရန် မီးသဂြိုဟ်ခြင်း ပြုမည့်အစား မြေ၌မြုပ်နှံပေးကျပါ။

ငါ့အားမြုပ်နှံသည့်အခါ အုတ်ဂူမလုပ်ဘဲ မြေတူးကာမြုပ်၍ သစ်ပင်ငယ်တစ်ပင်သာ စိုက်ပေးခဲ့ပါ။

ငါ၏ယိုယွင်းပျက်စီးသော ခန္ဓာအား ငါ့မြေငါ့ရေအတွက် မြေဆီမြေနှစ်အဖြစ် အသုံးပြုခွင့်ပြန်ရပါစေ….❤️

credit to orginal

Zawgyi Version ဖျင့္ဖတ္ရန္

ဉီး‌ေက်ာ္သူရဲ႕ ေနာက္ဆုံး အမွာစကားမ်ား…

ငါေသဆုံးသြားတဲ့အခါ ေန႔မကူးဘဲ သၿဂိဳဟ္ေပးပါ။

သုံးရက္ ငါးရက္အယူမသည္းပါနဲ႔။

ေသၿပီးငါ့အား ဓာတ္ပုံေထာင္၍ နံနက္ ညေနစားစရာေတြမေကြၽးပါနဲ႔။

ငါ့အားေကြၽးမည့္ စားေကာင္းေသာက္ဖြယ္မ်ားအား ဆာေလာင္မြတ္သိပ္ေနသူမ်ားကို ေကြၽးေပးပါ။

အသက္မ႐ွိေတာ့တဲ့ ငါ့ခႏၶာအား ေရခ်ိဳးအလွျပင္ဖို႔မလုပ္ပါနဲ႔ ။ ကမ႓ာမွာ ေရခ်ိဳေတြ႐ွားေနတာသတိရပါ။

မသာေကာင္ကိုအလွဆင္ဖို႔ ေငြကုန္ခံၿပီး ပန္းေတြမဝယ္ပါနဲ႔။ ဘုရားကိုလႈလိုက္ျခင္းကသင္တို႔အတြက္ ပိုျမတ္ပါတယ္။

ငါ့ခႏၶာအား အ႐ွက္လုံေလာက္ေသာ အဝတ္အေဟာင္းသာ ဝတ္ေပးလိုက္ပါ။

ျပာက်မည့္အစား ခ်ိဳ႕တဲ့သူအတြက္ လုံျခဳံေအာင္ လႈလိုက္ပါ။

ငါ့ေျခေထာက္မွာ ေမြးကတည္းက ဖိနပ္မပါလာ၍ ဖိနပ္ထည့္ေပးရန္မလိုပါ။

ျပာက်မည့္ဖိနပ္တစ္ရံအား ဖိနပ္မ႐ွိသူကို လႈလိုက္ပါ။

ေရအိုးခြဲမည့္ လြဲမွားေသာအယူမ်ားနဲ႔ငါ့အားလမ္းမခြဲလိုက္ပါနဲ႔။

အိုးမခြဲလဲ ငါဖက္တြယ္မထားပါဘူးကိုယ့္လမ္းကိုယ္ ဆက္ေလွ်ာက္မွာပါ။

ကူးတို႔ခလည္း ထည့္ေပးစရာမလိုပါ။ လိုအပ္တဲ့ေနရာ လႈလိုက္ပါ။

ငါ့မွာကူးတို႔ခအျဖစ္ ကုသိုလ္ အကုသိုလ္အထုတ္ယူသြားမွာပါ။

ဝမ္းနည္းျခင္း ပန္းျခင္းမ်ားအစား ငါ့အားၾကည့္၍ သံေဝဂယူပါ ခန္းမအလယ္၌ ငါ့အားျပင္ၿပီးလူျမင္ေကာင္းေအာင္ မငိုၾကပါနဲ႔။

ခန္းမငွားခအား ဘိုးဘြားရိပ္သာကို လႉလိုက္ပါ။

ေသၿပီးခႏၶာ ငါ့မသာအား အေခါင္းလွလွ ထဲ့ဖို႔အၾကံဉာဏ္မေပးပါနဲ႔။

ေခါင္းပ်ဥ္ျပာက် ဆုံး႐ႈံးရမဲ့အစား အခင္းအကာမဲ့သူေတြ အမ်ားႀကီးကို ျမင္တတ္စာနာတတ္ပါေစ။

ငါ့ဝိညာဥ္အား ပုတ္ကာေခၚ၍ သင္တို႔အိမ္ကို ေခၚေဆာင္ျခင္းအမႈ အယူလြဲစြာမျပဳပါႏွင့္။ ငါသင္တို႔ႏွင့္ အၿပီးတိုင္လမ္းခြဲသြားသူပါ။

ငါ့ခႏၶာကိုယ္ကို ေျမ၌႐ွိေသာ ဆာေလာင္မြတ္သိပ္ သတၱဝါတို႔အား ငါ့အေသြးသား စားေသာက္ေစရန္ မီးသၿဂိဳဟ္ျခင္း ျပဳမည့္အစား ေျမ၌ျမဳပ္ႏွံေပးက်ပါ။

ငါ့အားျမဳပ္ႏွံသည့္အခါ အုတ္ဂူမလုပ္ဘဲ ေျမတူးကာျမဳပ္၍ သစ္ပင္ငယ္တစ္ပင္သာ စိုက္ေပးခဲ့ပါ။

ငါ၏ယိုယြင္းပ်က္စီးေသာ ခႏၶာအား ငါ့ေျမငါ့ေရအတြက္ ေျမဆီေျမႏွစ္အျဖစ္ အသုံးျပဳခြင့္ျပန္ရပါေစ….❤️

credit to orginal