News
လက်ဖက်ရည်ဆိုင်ထိုင်နေသော စကစနှင့် ပျူများကို ဗိုလ်သမိုင်းတို့ ဝင်ဆေ-ာ်
လက်ဖက်ရည်ဆိုင်ထိုင်နေသော စကစနှင့် ပျူများကို ဗိုလ်သမိုင်းတို့ ဝင်ဆေ-ာ်
ဗိုလ်သမိုင်းတို့ကြ-မ်းထားပြီ‼
ရေစကြိုတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော စကစနှင့်ပျူများ ပစ်ခတ်ခံရ၊ တစ်ဦးေ-သ နှစ်ဦးဒဏ်ရာရ
13 Oct 2022 By MPA
မကွေးတိုင်း၊ ရေစကြိုမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးများ ပ-စ်ခတ်ခံရပြီး
စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး‌ေ-သဆုံးကာ ပျူစောထီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Black Wolf PDF-MDY မန္တလေး တပ်ရင်း-၃၊ တပ်ခွဲ-၃ က ယနေ့တွင် ထုတ်ပြန်သည်။
ရေစကြိုမြို့နယ်၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက်ရှိ “နေရှင်နယ်” လက်ဖက်ရည်ဆိုင်တွင် အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ဆိုင်ကယ်ရပ်ပြီး လက်ဖက်ရည်သောက်နေသည့်
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးများကို
Black Wolf PDF-MDY မန္တလေး တပ်ရင်း-၃၊ တပ်ခွဲ-၃ နှင့်ညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပစ္စတို ‌ေ-သနတ်ဖြင့် ပ-စ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အလုပ်လုပ်ခဲ့တာက ထိရောက်မှုမှာ သူတို့အနီးအနားကို ထိထိမိမိ ပ-စ်ထည့်လိုက်နိုင်တယ်။
လျက်ဆားပုလင်း Damage ကတော့ ရပ်ထားတဲ့ သူတို့ဆိုင်ကယ်ကိုထိပြီး လွင့်ထွက်သွားခဲ့တယ်။ ပထမက အတိုနဲ့ အရင်ဝင်ပစ်တာ ပခ လက်မောင်းထိပြီး မှောက်သွားတယ်။
အဲဒီအချိန် လျက်ဆားထည့်လိုက်တာပါ” ဟု Black Wolf PDF-MDY မန္တလေး တပ်ရင်း-၃၊ တပ်ခွဲ-၃ အဖွဲ့မှ ဗိုလ်သမိုင်းက MPA သို့ ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် ပျူစောထီးတစ်ဦး လက်မောင်းထိမှန်လဲကျစဉ် ညီနောင်မဟာမိတ် ပူးပေါင်းအဖွဲ့က လက်လုပ်မိုင်းတစ်လုံး ထပ်မံပ-စ်ခတ်ခဲ့သောကြောင့်
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး ‌ေ-သဆုံးသွားပြီး ပျူစောထီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့အဆိုအရ သိရသည်။
“စခ တကောင် ‌ေ-သတယ်။ ပခ ၂ကောင် အပြင်းထန် ဒဏ်ရာရတယ်။ ရေစကြိုကမနိုင်လို့ ပခုက္ကူဆေးရုံကို သယ်သွားတယ်လို့သိရတယ်။ အခြေအနေဆိုးတယ်လို့လည်း ကြားတယ်” ဟု ဗိုလ်သမိုင်းက ရှင်းပြသည်။
အဆိုပါ လက်ဖက်ရည်ဆိုင်သည် အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသည့်ဆိုင်ဟု သတင်းများထွက်ပေါ်နေသော်လည်း MPA သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဗိုလ် သမိုင်းတို့ကြမ်းထားပြီ‼
Source By MPA
Zawgyi Version ဖြင့်ဖတ်ရန်
13 Oct 2022 By MPA
Source By MPA