News

ချစ်သူချင်းစကားများပြီး အသက်(၂၁)အရွယ် မဝါဝါအောင်

ချစ်သူချင်းစကားများပြီး အသက်(၂၁)အရွယ် မဝါဝါအောင်

ငါးသိုင်းချောင်းတံတားပေါ်မှ ငဝန်မြစ်အတွင်းသို့ မိန်းကလေးငယ် ၁ ဦးခုန်ချ၊ ချစ်သူချင်းစကားများပြီးနောက် ခုန်ချသွားတာလို့ဆို

ကိုကိုလေး/ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၁၃ ရက်

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့တွင် အောက််တိုဘာလ ၉ ရက်နေ့ သီတင်းကျွတ်လပြည့်ညက

မြို့ခံမိန်းကလေးငယ် ၁ ဦး ငါးသိုင်းချောင်းတံတားပေါ်မှ ငဝန်မြစ်အတွင်းသို့ ခုန်ချမှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံကသိရသည်။

မြစ်အတွင်း ခုန်ချသွားသည့် မိန်းကလေးငယ်မှာ အသက် ၂၁ အရွယ် မဝါဝါအောင်ဆိုသူဖြစ်ပြီး ငါးသိုင်းချောင်းမြို့၊ ဘုရင့်နောင်လမ်း၊ အောင်ဆန်းရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။

အဆိုပါမိန်းကလေးခုန်ချသွားမှုနှင့် ပတ်သက်၍ ချစ်သူချင်းစကားများပြီးနောက် ခုန်ချသွားခြင်းဖြစ်ကြောင်း မြို့ခံတဦးက ယခုကဲ့သို့ပြောသည်။

“သီတင်းကျွတ်လပြည့်ညမှာ ဖြစ်သွားတာပါ။ တံတားပေါ်မှာ ကောင်မလေးက စောင့်နေတာ။

လပြည့်ညမှာလျှောက် လည်ကြဖို့ ချိန်းထားပြီးသား၊ ဖုန်းဆက်ခေါ်တာ ကောင်လေးကမလာတော့ ချစ်သူချင်း စကားများကြတာ။

သူနဲ့အတူပါတဲ့ အဖော်တစ်ယောက်ကို ငါစိတ်ညစ်တယ် ရေထဲခုန်ချတော့မယ်ပြောပီး ခုန်ချသွားတာ

လှမ်းဆွဲလို့တောင်မမှီလိုက်ဘူးလို့သိရတယ် ” ဟု ငါးသိုင်းချောင်းမြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ငါးသိုင်းချောင်းတံတားပေါ်မှ ငဝန်မြစ်အတွင်း ခုန်ချသွားခဲ့သည့် မဝါဝါအောင် နှင့် အဖော်ပါလာသူ အမျိုးသမီး ၁ ဦး ကိုလည်း စစ်ကောင်စီတပ်တွေက စစ် ဆေးမှုတွေပြုလုပ်နေကြောင်း သိရသည်။

တံတားပေါ်မှ ခုန်ချသွားပြီးနောက် မဝါဝါအောင်အား မြစ်အတွင်းရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ယနေ့အထိ တွေ့ရှိခြင်းမရှိသေးဘဲ ဆက်လက် ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းကလည်း ငသိုင်းချောင်းတံတားပေါ်မှ ငဝန်မြစ်အတွင်း သို့ လူငယ် ၁ ဦးခုန်ချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

Source – Ayeyarwaddy_Times

Zawgyi Version ျဖင့္ဖတ္ရန္

ခ်စ္သူခ်င္းစကားမ်ားၿပီး အသက္(၂၁)အ႐ြယ္ မဝါဝါေအာင္

ငါးသိုင္းေခ်ာင္းတံတားေပၚမွ ငဝန္ျမစ္အတြင္းသို႔ မိန္းကေလးငယ္ ၁ ဦးခုန္ခ်၊ ခ်စ္သူခ်င္းစကားမ်ားၿပီးေနာက္ ခုန္ခ်သြားတာလို႔ဆို

ကိုကိုေလး/ဧရာဝတီတ္ိဳင္းမ္

ေအာက္တိုဘာလ ၁၃ ရက္

ဧရာဝတီတိုင္း၊ငါးသိုင္းေခ်ာင္းၿမိဳ႕တြင္ ေအာက္္တိုဘာလ ၉ ရက္ေန႔ သီတင္းကြၽတ္လျပည့္ညက

ၿမိဳ႕ခံမိန္းကေလးငယ္ ၁ ဦး ငါးသိုင္းေခ်ာင္းတံတားေပၚမွ ငဝန္ျမစ္အတြင္းသို႔ ခုန္ခ်မႈျဖစ္ပြားခဲ့ေၾကာင္းေဒသခံမ်ားထံကသိရသည္။

ျမစ္အတြင္း ခုန္ခ်သြားသည့္ မိန္းကေလးငယ္မွာ အသက္ ၂၁ အ႐ြယ္ မဝါဝါေအာင္ဆိုသူျဖစ္ၿပီး ငါးသိုင္းေခ်ာင္းၿမိဳ႕၊ ဘုရင့္ေနာင္လမ္း၊ ေအာင္ဆန္းရပ္ကြက္တြင္ေနထိုင္သူျဖစ္ေၾကာင္းသိရသည္။

အဆိုပါမိန္းကေလးခုန္ခ်သြားမႈႏွင့္ ပတ္သက္၍ ခ်စ္သူခ်င္းစကားမ်ားၿပီးေနာက္ ခုန္ခ်သြားျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံတဦးက ယခုကဲ့သို႔ေျပာသည္။

“သီတင္းကြၽတ္လျပည့္ညမွာ ျဖစ္သြားတာပါ။ တံတားေပၚမွာ ေကာင္မေလးက ေစာင့္ေနတာ။

လျပည့္ညမွာေလွ်ာက္ လည္ၾကဖို႔ ခ်ိန္းထားၿပီးသား၊ ဖုန္းဆက္ေခၚတာ ေကာင္ေလးကမလာေတာ့ ခ်စ္သူခ်င္း စကားမ်ားၾကတာ။

သူနဲ႔အတူပါတဲ့ အေဖာ္တစ္ေယာက္ကို ငါစိတ္ညစ္တယ္ ေရထဲခုန္ခ်ေတာ့မယ္ေျပာပီး ခုန္ခ်သြားတာ

လွမ္းဆြဲလို႔ေတာင္မမွီလိုက္ဘူးလို႔သိရတယ္ ” ဟု ငါးသိုင္းေခ်ာင္းၿမိဳ႕ခံအမ်ိဳးသားတဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

အဆိုပါ ငါးသိုင္းေခ်ာင္းတံတားေပၚမွ ငဝန္ျမစ္အတြင္း ခုန္ခ်သြားခဲ့သည့္ မဝါဝါေအာင္ ႏွင့္ အေဖာ္ပါလာသူ အမ်ိဳးသမီး ၁ ဦး ကိုလည္း စစ္ေကာင္စီတပ္ေတြက စစ္ ေဆးမႈေတြျပဳလုပ္ေနေၾကာင္း သိရသည္။

တံတားေပၚမွ ခုန္ခ်သြားၿပီးေနာက္ မဝါဝါေအာင္အား ျမစ္အတြင္း႐ွာေဖြမႈမ်ားျပဳလုပ္ခဲ့ေသာ္လည္း ယေန႔အထိ ေတြ႕႐ွိျခင္းမ႐ွိေသးဘဲ ဆက္လက္ ႐ွာေဖြမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၃ ရက္ေန႔ ညပိုင္းကလည္း ငသိုင္းေခ်ာင္းတံတားေပၚမွ ငဝန္ျမစ္အတြင္း သို႔ လူငယ္ ၁ ဦးခုန္ခ်ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံကသိရသည္။

Source – Ayeyarwaddy_Times