News

ရန်ကုန် လှိုင်သာယာမြို့ရှိ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းမှာ Deli ပို့သူကောင်လေး…

ရန်ကုန် လှိုင်သာယာမြို့ရှိ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းမှာ Deli ပို့သူကောင်လေး…

လှိုင်သာယာမြို့ရှိ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းမှာ ပစ္စည်းပို့လူငယ်တစ်ဦး စကေဘာဖြင့်ထိုးသ-တ်ခံရပြီး လုယ-က်ခံရ

အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရွှေလင်ဗန်းစက်မှုဇုန်မှာ အသက် ၂၀နှစ်အရွယ်ရှိ ပစ္စည်းလိုက်ပို့တဲ့ လူငယ်တစ်ဦး

စကေဘာဖြင့် ထိုးသ-တ်ခံရကာ လုယ-က်ခံရမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းများရဲ့ သတင်းတွေအရ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ရက်နေ့ ညနေပိုင်းအချိန်က ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ မီးသတ်အဝိုင်းအနီးမှာ

ပစ္စည်းလိုက်လံပို့ပေးတဲ့ အသက် ၂၀နှစ်အရွယ်ရှိ လူငယ်တစ်ဦးကို လူတစ်စုက စကေဘာဖြင့်ထိုးကာ လုယ-က်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“အဲ့ကလေးက လှိုင်သာယာထဲမှာပဲနေတာလို့ပြောတယ်။ သူ့ရဲ့ နှလုံးနေရာကို လုတဲ့သူတွေက စကေဘာနဲ့ ထိုးသွားတာ။

နေရာမှာတင် ပွဲချင်းပီး tay သွားတယ်။ ဖမ်းမိတာတွေ ဘာတွေတော့ မကြားမိသေးဘူး”လို့ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

စကေဘာဖြင့် ထိုးခံရတာကြောင့် အခင်းဖြစ်ပွားရာနေရာမှာတင် tay ဆုံးခဲ့တဲ့ လူငယ်ထံက လုယက်သူများသည် ဖုန်းနဲ့ ပိုက်ဆံအိတ်များ ယူဆောင်သွားခဲ့တယ်လို့ သိရပြီး

အဆိုပါလုယ-က်ခံရသူ လူငယ်သည် လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

Source – MyanmaPlatform

Zawgyi Version ဖြင့်ဖတ်ရန်



အောက်တိုဘာ ၁၃








