Health

သူကိုယ်တိုင် နေ့စဉ်သောက်သုံးနေကျ ဆေးနည်းတစ်ခုကို မျှဝေလာတဲ့ သရုပ်ဆောင်ထူးခန့်ကျော်…

သူကိုယ်တိုင် နေ့စဉ်သောက်သုံးနေကျ ဆေးနည်းတစ်ခုကို မျှဝေလာတဲ့ သရုပ်ဆောင်ထူးခန့်ကျော်…

ပြည်သူတွေကို အခမဲ့ဆေးကုသ ပေးနေတဲ့ သရုပ်ဆောင် ထူးခန့်ကျော်က ယနေ့မှာတော့ သူ့ရဲ့လူမူကွန်ယက်ကနေ ဆေးနည်းတစ်ခု မျှဝေပေးခဲ့ပါတယ်။

ကြိုတင်ကာကွယ်ထားရမဲ့ ဝိဇ္ဇာတသိန်းကျော် အပေါင်းသူတော်ကောင်းကြီးများ၏ မေတ္တာဆေး ကျွန်တော်တို့မိသားစုလေး နေ့တိုင်းသောက်နေတဲ့ဆေးလေးပါ။

လည်ချောင်းမှာ ရှိတဲ့ ပိုးမွှားများ ကင်းစင်သလို ချောင်းဆိုးခြင်း ချွဲပူထခြင်း အသက်ရှူမဝသော သူများအနေ့ဖြင့်လည်း

ဒီဆေးအငွေ့များအား ပျင်းပျင်းရှူရှိုက်ပေးခြင်းဖြင့် အသက်ရှူမှု့ပြန်လည် ကောင်းမွန်လာတာကိုလည်းခံစားရမှာ ဖြစ်ပါတယ်။

ငွေကြေးအင်အား သိပ်ကုန်ကျမှု့nမရှိပဲ အင်မတန် သက်သာသော ဆေးနည်းလေးပင် ဖြစ်ပေသည်။

ပါဝင်သော ပစ္စည်းများကတော့ လ္ဘက်ခြောက်အနည်းငယ် ဂျင်းပါးပါး ၅ ခုခန့် ပင်စိမ်းရွက်၂၀ ရွက် တောရှောက်ခါးတစိပ်ခန့်တို့အား

ပွက်ပွက်ဆူနေသော အိုးထဲသို့ ပါဝင်ပစ္စည်းများအားလုံးကို ရောထည့်ပြီး နှပ်ထားပေးပါ ။

အနံ့အသက် မရသောသူများ အိုးကိုဖွင့်ပြီး အငွေ့ကိုရှူပေးရသလို လည်ချောင်းက ပိုးမွှားများကင်းစင်အောင်လည်း သောက်သုံးလို့ရပါတယ်နော်။

ကျွန်တော် ဒီဆေးနည်းလေးအတိုင်းသောက်လာတာ ကြာခဲ့ပါပြီ နောက်ပြီးဝိတ်တက်နေသူများလည်း ဝိတ်ပါကျပါသည်နော်။

အစာအိမ် ရောဂါရှိသောသူများတောရှောက်ခါးသီးကို လိုတိုးပိုလျော့ပြုလုပ်ပေးရသလို ဆီးချို သွေးတိုးသမားများအတွက်လဲ အထူးကောင်းမွန်ပါတယ်နော်။

ခေါင်းကိုက် ဇက်ကြောတတ်မှု့တွေကိုလဲသက်သာ ပျောက်ကင်းခြင်းနှင့် ခံတွင်း အနံ့အသက်များပါ ကောင်းမွန်ပါသောကြောင့် အခုလက်တွေ့လေးလုပ်ကြည့်ပါနော်

ဒီတခွက်ဆိုလျှင် တနေကုန်တဲ့အထိ လူတယောက်စာ သောက်သုံးလို့ ရပါတယ်နော် မေတ္တာဖြင့် မျှဝေပေးခြင်း ဖြစ်ပါတယ်နော်။

ကဲ အားလုံးသော အမျိုးများ ကိုဗစ်ကင်းစင်ကြ၍ လိုအင်ဟူသမျှ ပြီးပြည့်စုံစွာ ရရှိကြစေပြီး အားလုံးကပ်ဆိုးကြီးများ ဘေးအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ လို့

ထူးခန့်ကျော်က လူမူကွန်ယက်မှာ ရေးသားထားပါတယ်။

Credit to Orginal

Zawgyi Version ဖြင့်ဖတ်ရန်
















Credit to Orginal