Astrology

သင်မွေးဖွားခဲ့တဲ့ ရာသီဥတုအချိန်က ပြောပြပေးမယ့် သင့်အကြောင်း…

သင်မွေးဖွားခဲ့တဲ့ ရာသီဥတုအချိန်က ပြောပြပေးမယ့် သင့်အကြောင်း…

(၁) နွေရာသီ

ဖေဖော်ဝါရီ ၊ မတ် ၊ ဧပြီ နဲ့ မေလတွေက နွေရာသီလို့သတ်မှတ်ကြပါတယ်။ ဒီလတွေမှာမွေးဖွားခဲ့တဲ့သူတွေက နွေရာသီဖွားတွေပေါ့။

သင်ဟာ နွေရာသီမှာမွေးခဲ့တယ်ဆိုရင်တော့ အကောင်းမြင်စိတ်တွေများတဲ့ လူမျိုးဖြစ်ပါတယ်။

သင့်ဘဝမှာ ဘယ်လိုပဲ ဒုက္ခတွေ ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါစေ တစ်ချိန်ချိန်ကျရင် ကံတရားက သင့်ကိုမျက်နှာသာပေးပြီး

တစ်နေ့နေ့ကျရင် ကံကောင်းမှုတွေရလာမယ်လို့ ယုံကြည်ထားသူတစ်ဦးပါ။

ဒါ့အပြင် သင်ဟာကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပြီး ပြင်းထန်တဲ့စိတ်ဆန္ဒတွေရှိပါတယ်။

ပြောရမယ်ဆိုရင် အလုပ်တစ်ခုကိုလုပ်ဖို့ ဆုံးဖြတ်ချက်ချပြီးရင် ဘယ်လိုအခက်အခဲတွေပဲ ရင်ဆိုင်ရပါစေ ဇွဲမလျော့ပဲ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိရှိနဲ့ မဖြစ်ဖြစ်အောင် လုပ်ဆောင်တက်ကြပါတယ်။

နောက်တစ်ချက်က သင်ဟာတက်တက်ကြွကြွနေတက်ပြီး ဉာဏ်အရမ်းကောင်းပါတယ်။ ဒါပေမယ့် သင်ကစိတ်အပြောင်းအလဲမြန်တတ်ပါတယ်။

သင့်ကိုအကြံပေးချင်တာကတော့ ဘဝကိုအကောင်းဘက်ကပဲမြင်ပြီး သူတစ်ပါးကိုလည်း အမြဲကူညီတတ်အောင်ကြိုးစားရင်းနဲ့

သင့်ရဲ့အကောင်းမြင်တတ်တဲ့စိတ်လေးကို ဆထက်တပိုးပိုများအောင်လုပ်ဖို့ပြောချင်ပါတယ်။

မြတ်စွာဘုရားရှင်ဟောထားတဲ့အတိုင်း “ ဖယောင်းတိုင်လေးတစ်တိုင်က အခြားဖယောင်းတိုင်တွေကို မီးညှိပေးလိုက်ရုံနဲ့ သူ့ရဲ့သက်တမ်းပိုတိုမသွားပါဘူး။

ဝေမျှခြင်းဖြင့် ပျော်ရွှင်မူကိုရယူပါ” ဆိုတဲ့အတိုင်း သူတစ်ပါးကိုကူညီဝေမျှရင်း ပျော်ရွှင်မူတွေ ရယူပါ။

(၂) မိုးရာသီ

ဇွန် ၊ ဇူလိုင် ၊ သြဂုတ် နဲ့ စက်တင်ဘာလတွေကို မိုးရာသီလို့သတ်မှတ်ကြပါတယ်။ ဒီလတွေမှာမွေးဖွားခဲ့တဲ့သူတွေက မိုးရာသီဖွားတွေပေါ့။

သင်ဟာ မိုးရာသီမှာမွေးခဲ့တယ်ဆိုရင်တော့ ဘယ်သူနဲ့မှရောရောထွေးထွေးနေရတာကိုမကြိုက်ပဲ တစ်ယောက်ထဲ သီးသန့်နေရတာကိုကြိုက်တဲ့လူမျိုးပါ။

များသောအားဖြင့် သင်ဟာ သင့်အချိန်တွေကို လူတွေကိုအချိန်ပေးပြီး ကုန်ဆုံးတာမျိုးမဟုတ်ပဲ စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊

ဂိမ်းဆော့ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့ တစ်ယောက်ထဲ အေးအေးဆေးဆေးနဲ့လုပ်ရတာမျိုးနဲ့ပဲ အချိန်ကုန်လေ့ရှိပါတယ်။

သင်ဟာ ကိုယ်နှုတ်အမူအရာယဉ်ကျေးသိမ်မွေ့ပြီး ကိုယ့်ကိုယ်ကိုလည်းနှိမ်ချတတ်ပါတယ်။ ဒါ့အပြင် သင်ဟာ စိတ်ကူးအရမ်းယဉ်တတ်ပါတယ်။

ဒါကြောင့် သင်ဟာ သင့်စိတ်ကူးတွေကိုအကောင်အထည်ဖော်နိုင်ဖို့ ဘယ်အရာကိုမဆို သေချာစီစစ်လေ့လာပြင်ဆင်ပြီး လုပ်ဆောင်တတ်ကြပါတယ်။

ဒီရာသီဖွားတွေဟာ အလုပ်လုပ်ရင်လည်း အသင်းအဖွဲ့နဲ့လုပ်ဆောင်ရတာမျိုးကို မနှစ်သက်ပဲ ကိုယ့်ဘာသာအေးအေးဆေးဆေးနဲ့ အာရုံစူးစိုက်ပြီး အလုပ်တွေကို အကောင်းဆုံးရလဒ် ရအောင်ဖန်တီးတတ်ကြပါတယ်။

ဒါ့အပြင် စကားပြောရတာထက် စာရေးရတာမျိုးကို ပိုပြီးနှစ်သက်ကြပါတယ်။

သင်ဟာ အေးအေးဆေးဆေးနေတက်ပေမယ့် အန္တရာယ် အခက်အခဲတွေနဲ့ ရင်ဆိုင်လာရင်တော့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးသင်တက်နိုင်သလောက် လုပ်ဆောင်တတ်ပါတယ်။

သင့်ကိုအကြံပေးချင်တာကတော့ လူတွေကိုအရမ်းရှောင်ဖယ်နေတာမျိုးမလုပ်ပဲ အလိုက်သင့်ပေါင်းသင်းဆက်ဆံပြောဆိုစေချင်ပါတယ်။

ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ချက်ချင်းကြီးပြောင်းလဲလိုက်ဖို့ မလွယ်ပေမယ့်လည်း ဖြည်းဖြည်းချင်း သင်ယူလေ့လာရင်း ပြောင်းလဲရင် အဆင်ပြေလာမှာပါ။

လူဆိုတာ တစ်ဦးတစ်ယောက်ထဲနေဖို့ လွယ်ကူတဲ့အရာမှ မဟုတ်ဘူးလေ။

(၃) ဆောင်းရာသီ

အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေကို ဆောင်းရာသီလို့သတ်မှတ်ကြပါတယ်။ ဒီလတွေမှာမွေးဖွားခဲ့တဲ့သူတွေက ဆောင်းရာသီဖွားတွေပေါ့။

သင်ဟာ ဆောင်းရာသီမှာ မွေးဖွားခဲ့တယ်ဆိုရင်တော့ ဉာဏ်ကောင်းပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လူမျိုးတွေပါ။

ဒါ့အပြင် ရိုးသားဖြောင့်မက်ပြီး အကောင်းမြင်စိတ်များတဲ့အပြင် အလွန်သစ္စာရှိ ပါတယ်။

ဘယ်အရာကိုမဆို သပ်သပ်ရပ်ရပ်နဲ့စည်းစနစ်တကျလည်း လုပ်ဆောင်တတ်တဲ့အတွက် တစ်ခါတစ်ရံ အခက်တွေနဲ့ကြုံရတာမျိုး ဖြစ်နိုင်ပါတယ်။

လူတိုင်းကို သင်တက်နိုင်သလောက် ကူညီဖေးမတက်ပြီး သင်သိထား၊ တက်ထားတဲ့ဗဟုသုတတွေနဲ့ ပညာတွေကိုလည်း ဆရာစားမချန်ပဲ မျှဝေပေးလေ့ရှိပါတယ်။

ဒီရာသီဖွားတွေဟာ ဘုရားတရား အလွန်ရိုသေ ကိုင်းရှိုင်းတဲ့သူတွေလို့ ဆိုရပါ့မယ်။ လူတစ်ချို့က သင့်ကိုမာနကြီးတယ်လို့ ထင်တက်ကြပါတယ်။

အမှန်ကတော့ သင်ဟာကိုယ့်ကိုယ်ကို ယုံကြည်မူတွေပြင်းထန်နေပြီး ခေါင်းမာလွန်းတဲ့အတွက် ဒီလိုအထင်ခံရခြင်းဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေကိုလည်း ခိုင်ခိုင်မာမာချတက်ပြီး မလျော့တဲ့ဇွဲတွေနဲ့ လုပ်ဆောင်တက်တဲ့အတွက်လည်း အောင်မြင်မူတွေရတတ်ပါတယ်။

လူတစ်ချို့က အောင်မြင်သွားရင် သူတို့ကိုယ်သူတို့ ဘဝမေ့သွားတတ်ပါတယ်။ ဒါပေမယ့် သင်ကတော့ အဲလိုဘဝမေ့တာမျိုးမရှိပဲ အမြဲသင်ယူလေ့လာ ဆည်းပူးနေတတ်ပါတယ်။

ဒီနေ့ခေတ်လူတွေက မျှော်ကိုးပြီးရယူလိုစိတ်တွေပြင်းထန်ပေမယ့် သင်ကတော့ ဘယ်အရာကိုမှ ရယူလိုစိတ်မရှိပဲ လူတိုင်းကို နားလည်ပေးပြီး စေတနာအပြည့်နဲ့ ကူညီဖေးမတတ်ပါတယ်။

တစ်ခါတစ်ရံ လူတစ်ချို့ရဲ့အမှားတွေကို စေတနာနဲ့ ထောက်ပြပြောဆိုမိတဲ့အတွက်လည်း လူမုန်းခံရတက်ပါတယ်။ ရိုးသားဖြောင့်မက်ပြီး သူတစ်ပါးကိုနားလည်ပေးတဲ့သင်ဟာ ကံကောင်းမူတွေရရှိတတ်ပါတယ်။

credit to lotaya_quiz

Zawgyi Version ျဖင့္ဖတ္ရန္

သင္ေမြးဖြားခဲ့တဲ့ ရာသီဥတုအခ်ိန္က ေျပာျပေပးမယ့္ သင့္အေၾကာင္း…

(၁) ေႏြရာသီ

ေဖေဖာ္ဝါရီ ၊ မတ္ ၊ ဧၿပီ နဲ႔ ေမလေတြက ေႏြရာသီလို႔သတ္မွတ္ၾကပါတယ္။ ဒီလေတြမွာေမြးဖြားခဲ့တဲ့သူေတြက ေႏြရာသီဖြားေတြေပါ့။

သင္ဟာ ေႏြရာသီမွာေမြးခဲ့တယ္ဆိုရင္ေတာ့ အေကာင္းျမင္စိတ္ေတြမ်ားတဲ့ လူမ်ိဳးျဖစ္ပါတယ္။

သင့္ဘဝမွာ ဘယ္လိုပဲ ဒုကၡေတြ ၊ အခက္အခဲေတြနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ေနရပါေစ တစ္ခ်ိန္ခ်ိန္က်ရင္ ကံတရားက သင့္ကိုမ်က္ႏွာသာေပးၿပီး

တစ္ေန႔ေန႔က်ရင္ ကံေကာင္းမႈေတြရလာမယ္လို႔ ယုံၾကည္ထားသူတစ္ဦးပါ။

ဒါ့အျပင္ သင္ဟာကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္႐ွိၿပီး ျပင္းထန္တဲ့စိတ္ဆႏၵေတြ႐ွိပါတယ္။

ေျပာရမယ္ဆိုရင္ အလုပ္တစ္ခုကိုလုပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ ဘယ္လိုအခက္အခဲေတြပဲ ရင္ဆိုင္ရပါေစ ဇြဲမေလ်ာ့ပဲ ကိုယ့္ကိုယ္ကိုယုံၾကည္ခ်က္႐ွိ႐ွိနဲ႔ မျဖစ္ျဖစ္ေအာင္ လုပ္ေဆာင္တက္ၾကပါတယ္။

ေနာက္တစ္ခ်က္က သင္ဟာတက္တက္ႂကြႂကြေနတက္ၿပီး ဉာဏ္အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ သင္ကစိတ္အေျပာင္းအလဲျမန္တတ္ပါတယ္။

သင့္ကိုအၾကံေပးခ်င္တာကေတာ့ ဘဝကိုအေကာင္းဘက္ကပဲျမင္ၿပီး သူတစ္ပါးကိုလည္း အၿမဲကူညီတတ္ေအာင္ႀကိဳးစားရင္းနဲ႔

သင့္ရဲ႕အေကာင္းျမင္တတ္တဲ့စိတ္ေလးကို ဆထက္တပိုးပိုမ်ားေအာင္လုပ္ဖို႔ေျပာခ်င္ပါတယ္။

ျမတ္စြာဘုရား႐ွင္ေဟာထားတဲ့အတိုင္း “ ဖေယာင္းတိုင္ေလးတစ္တိုင္က အျခားဖေယာင္းတိုင္ေတြကို မီးညႇိေပးလိုက္႐ုံနဲ႔ သူ႕ရဲ႕သက္တမ္းပိုတိုမသြားပါဘူး။

ေဝမွ်ျခင္းျဖင့္ ေပ်ာ္႐ႊင္မူကိုရယူပါ” ဆိုတဲ့အတိုင္း သူတစ္ပါးကိုကူညီေဝမွ်ရင္း ေပ်ာ္႐ႊင္မူေတြ ရယူပါ။

(၂) မိုးရာသီ

ဇြန္ ၊ ဇူလိုင္ ၊ ၾသဂုတ္ နဲ႔ စက္တင္ဘာလေတြကို မိုးရာသီလို႔သတ္မွတ္ၾကပါတယ္။ ဒီလေတြမွာေမြးဖြားခဲ့တဲ့သူေတြက မိုးရာသီဖြားေတြေပါ့။

သင္ဟာ မိုးရာသီမွာေမြးခဲ့တယ္ဆိုရင္ေတာ့ ဘယ္သူနဲ႔မွေရာေရာေထြးေထြးေနရတာကိုမႀကိဳက္ပဲ တစ္ေယာက္ထဲ သီးသန္႔ေနရတာကိုႀကိဳက္တဲ့လူမ်ိဳးပါ။

မ်ားေသာအားျဖင့္ သင္ဟာ သင့္အခ်ိန္ေတြကို လူေတြကိုအခ်ိန္ေပးၿပီး ကုန္ဆုံးတာမ်ိဳးမဟုတ္ပဲ စာဖတ္ျခင္း၊ ႐ုပ္႐ွင္ၾကည့္ျခင္း၊

ဂိမ္းေဆာ့ျခင္း၊ သီခ်င္းနားေထာင္ျခင္း စတဲ့ တစ္ေယာက္ထဲ ေအးေအးေဆးေဆးနဲ႔လုပ္ရတာမ်ိဳးနဲ႔ပဲ အခ်ိန္ကုန္ေလ့႐ွိပါတယ္။

သင္ဟာ ကိုယ္ႏႈတ္အမူအရာယဥ္ေက်းသိမ္ေမြ႕ၿပီး ကိုယ့္ကိုယ္ကိုလည္းႏွိမ္ခ်တတ္ပါတယ္။ ဒါ့အျပင္ သင္ဟာ စိတ္ကူးအရမ္းယဥ္တတ္ပါတယ္။

ဒါေၾကာင့္ သင္ဟာ သင့္စိတ္ကူးေတြကိုအေကာင္အထည္ေဖာ္ႏိုင္ဖို႔ ဘယ္အရာကိုမဆို ေသခ်ာစီစစ္ေလ့လာျပင္ဆင္ၿပီး လုပ္ေဆာင္တတ္ၾကပါတယ္။

ဒီရာသီဖြားေတြဟာ အလုပ္လုပ္ရင္လည္း အသင္းအဖြဲ႕နဲ႔လုပ္ေဆာင္ရတာမ်ိဳးကို မႏွစ္သက္ပဲ ကိုယ့္ဘာသာေအးေအးေဆးေဆးနဲ႔ အာ႐ုံစူးစိုက္ၿပီး အလုပ္ေတြကို အေကာင္းဆုံးရလဒ္ ရေအာင္ဖန္တီးတတ္ၾကပါတယ္။

ဒါ့အျပင္ စကားေျပာရတာထက္ စာေရးရတာမ်ိဳးကို ပိုၿပီးႏွစ္သက္ၾကပါတယ္။

သင္ဟာ ေအးေအးေဆးေဆးေနတက္ေပမယ့္ အႏၲရာယ္ အခက္အခဲေတြနဲ႔ ရင္ဆိုင္လာရင္ေတာ့ ဒီျပႆနာေတြကို ေျဖ႐ွင္းဖို႔ အေကာင္းဆုံးသင္တက္ႏိုင္သေလာက္ လုပ္ေဆာင္တတ္ပါတယ္။

သင့္ကိုအၾကံေပးခ်င္တာကေတာ့ လူေတြကိုအရမ္းေ႐ွာင္ဖယ္ေနတာမ်ိဳးမလုပ္ပဲ အလိုက္သင့္ေပါင္းသင္းဆက္ဆံေျပာဆိုေစခ်င္ပါတယ္။

ကိုယ့္ရဲ႕စိတ္ေနစိတ္ထားကို ခ်က္ခ်င္းႀကီးေျပာင္းလဲလိုက္ဖို႔ မလြယ္ေပမယ့္လည္း ျဖည္းျဖည္းခ်င္း သင္ယူေလ့လာရင္း ေျပာင္းလဲရင္ အဆင္ေျပလာမွာပါ။

လူဆိုတာ တစ္ဦးတစ္ေယာက္ထဲေနဖို႔ လြယ္ကူတဲ့အရာမွ မဟုတ္ဘူးေလ။

(၃) ေဆာင္းရာသီ

ေအာက္တိုဘာ ၊ ႏိုဝင္ဘာ ၊ ဒီဇင္ဘာနဲ႔ ဇန္နဝါရီလေတြကို ေဆာင္းရာသီလို႔သတ္မွတ္ၾကပါတယ္။ ဒီလေတြမွာေမြးဖြားခဲ့တဲ့သူေတြက ေဆာင္းရာသီဖြားေတြေပါ့။

သင္ဟာ ေဆာင္းရာသီမွာ ေမြးဖြားခဲ့တယ္ဆိုရင္ေတာ့ ဉာဏ္ေကာင္းၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္တဲ့လူမ်ိဳးေတြပါ။

ဒါ့အျပင္ ႐ိုးသားေျဖာင့္မက္ၿပီး အေကာင္းျမင္စိတ္မ်ားတဲ့အျပင္ အလြန္သစၥာ႐ွိ ပါတယ္။

ဘယ္အရာကိုမဆို သပ္သပ္ရပ္ရပ္နဲ႔စည္းစနစ္တက်လည္း လုပ္ေဆာင္တတ္တဲ့အတြက္ တစ္ခါတစ္ရံ အခက္ေတြနဲ႔ၾကဳံရတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

လူတိုင္းကို သင္တက္ႏိုင္သေလာက္ ကူညီေဖးမတက္ၿပီး သင္သိထား၊ တက္ထားတဲ့ဗဟုသုတေတြနဲ႔ ပညာေတြကိုလည္း ဆရာစားမခ်န္ပဲ မွ်ေဝေပးေလ့႐ွိပါတယ္။

ဒီရာသီဖြားေတြဟာ ဘုရားတရား အလြန္႐ိုေသ ကိုင္း႐ိႈင္းတဲ့သူေတြလို႔ ဆိုရပါ့မယ္။ လူတစ္ခ်ိဳ႕က သင့္ကိုမာနႀကီးတယ္လို႔ ထင္တက္ၾကပါတယ္။

အမွန္ကေတာ့ သင္ဟာကိုယ့္ကိုယ္ကို ယုံၾကည္မူေတြျပင္းထန္ေနၿပီး ေခါင္းမာလြန္းတဲ့အတြက္ ဒီလိုအထင္ခံရျခင္းျဖစ္ပါတယ္။

ဆုံးျဖတ္ခ်က္ေတြကိုလည္း ခိုင္ခိုင္မာမာခ်တက္ၿပီး မေလ်ာ့တဲ့ဇြဲေတြနဲ႔ လုပ္ေဆာင္တက္တဲ့အတြက္လည္း ေအာင္ျမင္မူေတြရတတ္ပါတယ္။

လူတစ္ခ်ိဳ႕က ေအာင္ျမင္သြားရင္ သူတို႔ကိုယ္သူတို႔ ဘဝေမ့သြားတတ္ပါတယ္။ ဒါေပမယ့္ သင္ကေတာ့ အဲလိုဘဝေမ့တာမ်ိဳးမ႐ွိပဲ အၿမဲသင္ယူေလ့လာ ဆည္းပူးေနတတ္ပါတယ္။

ဒီေန႔ေခတ္လူေတြက ေမွ်ာ္ကိုးၿပီးရယူလိုစိတ္ေတြျပင္းထန္ေပမယ့္ သင္ကေတာ့ ဘယ္အရာကိုမွ ရယူလိုစိတ္မ႐ွိပဲ လူတိုင္းကို နားလည္ေပးၿပီး ေစတနာအျပည့္နဲ႔ ကူညီေဖးမတတ္ပါတယ္။

တစ္ခါတစ္ရံ လူတစ္ခ်ိဳ႕ရဲ႕အမွားေတြကို ေစတနာနဲ႔ ေထာက္ျပေျပာဆိုမိတဲ့အတြက္လည္း လူမုန္းခံရတက္ပါတယ္။ ႐ိုးသားေျဖာင့္မက္ၿပီး သူတစ္ပါးကိုနားလည္ေပးတဲ့သင္ဟာ ကံေကာင္းမူေတြရ႐ွိတတ္ပါတယ္။

credit to lotaya_quiz