ကြားသိရသမျှ

မလေးရှားသို့ သွားရန် ပွဲစားခနှင့် လက်ရှိလမ်းကြောင်းပုံစံများ…

မလေးရှားသို့ သွားရန် ပွဲစားခနှင့် လက်ရှိလမ်းကြောင်းပုံစံများ…

မလေးရှားသို့ သွားရန် ပွဲစားခ သိန်း(၅၀)ပေါက်စျေးနှင့် လက်ရှိ လမ်းကြောင်းပုံစံများ

ထားဝယ်ဒေသမှ မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သွားရာတွင် ပွဲစားကို ပေးရသည့် လမ်းစရိတ်မှာ နှစ်ဆမြင့်တက်လာပြီး

သွားရောက်သည့်ပုံစံနှင့် လမ်းကြောင်းများ ပြောင်းလာကြောင်း ထားဝယ်ဒေသခံအချို့ထံမှ သိရသည်။

ယခင်က ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနယ်စပ်သို့ဖြတ်ကာ မလေးရှားနိုင်ငံအထိ ကားတစ်တန်၊ ခြေလျင်တစ်တန် သွားကြရသည်။

ထိုသို့သွားရာတွင် လမ်းခရီး၌ အနည်းဆုံး (၃) ရက်မှ (၁၀) ရက်ကျော်အထိ ကြာမြင့်လေ့ရှိသည်။

ကိုဗစ်ကြောင့် ပိတ်ထားသည့် အလည်ဗီဇာများကို ပြန်လည်ခွင့်ပြုချိန်တွင် လမ်းကြောင်းအသစ်များ ပေါ်လာသည်။

ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ၁၄ ရက် အလည်ဗီဇာဖြင့် လေယာဉ်စီးသွားပြီး ထိုင်းနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ကား သို့မဟုတ် ခြေလျင်ခိုးဝင်ကြသည်။

အထက်ပါ လမ်းကြောင်းဖြင့် သမီးဖြစ်သူကို မလေးရှားနိုင်ငံသို့ ပို့လိုက်ရာ မြန်မာငွေ ၄၃ သိန်းကျော် ပေးရကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ သွားရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှတစ်ဆင့် မလေးရှားနယ်စပ် ဟတ်ယိုင်မြို့အထိ လေယာဉ် နောက်တစ်ဆင့် ထပ်စီးပြီးမှ ခိုးဝင်ကြခြင်းဖြစ်သည်။

ယင်းလမ်းကြောင်းမှာ ထားဝယ်မှ မလေးရှားအထိ အချိန်နှစ်ရက်သာကြာမြင့်သည်ဟု ဆိုသည်။

“ဒီ(ထားဝယ်)မှာလည်း ဘာမှလုပ်စားလို့ အဆင်မပြေတော့ သမီးကို ထည့်လိုက်တာ။ မြန်တာတော့ တော်တော် မြန်တယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

အထက်ပါလမ်းကြောင်းအပြင် အလည်အပတ်ဗီဇာဖြင့် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံအထိ တိုက်ရိုက် သွားကြသူများလည်း ရှိသည်။

အလည်ဗီဇာဖြင့်သွားလျှင် နိုင်ငံကူးလက်မှတ်ရှိရမည်ဖြစ်ပြီး ဗီဇာ (ပြည်ဝင်ခွင့်) သတ်မှတ်ရက်ပြည့်ပါကတရားမဝင် နေထိုင်သူ ဖြစ်သွားမည်ဖြစ်သည်။

သို့သော် လက်ရှိဖြစ်ပျက်နေသည့် မြန်မာပြည် အခြေအနေများကြောင့်

မြန်မာနိုင်ငံသားများကို ပြည်ပနိုင်ငံများက ပြည်ဝင်ခွင့်ကို အလွယ်တကူမပေးတော့ဘဲ တင်းတင်းကျပ်ကျပ် စစ်ဆေးလာသည့် အခြေအနေဖြစ်လာသည်။

သက်ဆိုင်ရာနိုင်ငံ၏ လေဆိပ်တွင်ပင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများက မေးခွန်းမျိုးစုံကို စစ်မေးပြီးမှ ပြည်ဝင်ခွင့် ပေးနေခြင်း ဖြစ်သည်။

၎င်းတို့ မသင်္ကာပါက (သို့) လိုအပ်သည့် အချက်အလက်မပြည့်စုံက ပြည်ဝင်ခွင့်မပေးဘဲ လာရာလမ်းအတိုင်း ပြန်လွှတ်ခံရသူများလည်း ရှိနေသည်။

ထို့ကြောင့် လမ်းကြောင်းပုံစံသစ်မှာ မလွယ်ကူတော့သဖြင့် ယခင်သွားကြသည့်ပုံစံအတိုင်း အောက်လမ်းဟုခေါ်သည့် ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနယ်စပ်သို့ဖြတ်ကာ

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်သည့် လမ်းကြောင်းမှာ ဒေသခံများအတွက် အဓိက အားထားရသည့်လမ်းကြောင်း ဖြစ်နေသည်။

အောက်လမ်းဖြင့် သွားရာတွင် ပွဲစားသို့ပေးရသည့် ခရီးစရိတ်မှာ နှစ်ဆနီးပါးမြင့်တက်လာကြောင်း ကိုယ်တိုင် သွားလာသူများနှင့် ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

ယခုနှစ် ဩဂုတ်လမတိုင်မီက လူတစ်ဦးလျှင် မြန်မာငွေ သိန်းသုံးဆယ်ကျော်သာရှိရာမှ စက်တင်လာလတွင် သိန်းငါးဆယ်နီးပါးအထိ ဈေးပေါက်နေခြင်း

ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ထိုသို့ သွားရာတွင် မလေးရှား ရင်းဂစ်ငွေ ပေါက်ဈေးအတိုင်း တွက်ချက်ပေးချေရခြင်းကြောင့် ဈေးတက်လာခြင်း ဖြစ်ကြောင်း

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ အမျိုးသားတစ်ဦးကဆိုသည်။

အဆိုပါ အမျိုးသား၏ အစ်မနှစ်ဦးမှာ ဩဂုတ်လနှောင်းပိုင်းက မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်သွား ကြသည်ဟု ပြောဆိုသည်။

လေကြောင်းဖြင့်သွားလျှင် လမ်းခရီးပင်ပန်းမှု သက်သာခြင်း၊ အချိန်တိုအတွင်းရောက်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းတို့ကြောင့် သွားလိုကြသော်လည်း ပြည်ဝင်ခွင့်တင်းကျပ်မှုကြောင့်

ဒေသခံများမှာ အောက်လမ်းကိုသာ ရွေးချယ်သွားလာနေရခြင်းဖြစ်ကြောင်း သမီးဖြစ်သူကို မလေးရှားသို့ ပို့ဆောင်ထားသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အရှေ့က သွားခဲ့တဲ့သူတွေကလည်း ဒီလမ်းကြောင်းကပဲ သွားကြတာဆိုတော့ အောက်လမ်းကို ရွေးကြတာ များတယ်။

အပေါ်လမ်း (လေကြောင်း) က သွားတယ်ဆိုတာက ပို့ပေးမယ့် ပွဲစားနဲ့ ချိတ်ဆက်နိုင်ဖို့လည်း လိုသေးတယ်” ဟု ၎င်းက ပြောသည်။

အိမ်နီးချင်းထိုင်းနိုင်ငံသို့ ခိုးဝင်ရာတွင်ပင် လမ်းစရိတ်အဖြစ် ထိုင်းဘတ်ငွေ နှစ်သောင်းနီးပါး (၁၈၀၀၀) အနည်းဆုံး ကုန်ကျကြောင်း စုံစမ်းသိရသည်။

လက်ရှိ မြန်မာပြည် အခြေအနေကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းပြီး စီးပွားရေးကျပ်တည်းမှု စသည်တို့ကြောင့်

ဒေသခံအများစုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် တရားမဝင် သွားရောက်သူ ပိုမိုများပြားနေသည်။

Source – Khit ALin

Zawgyi Version ျဖင့္ဖတ္ရန္

မေလး႐ွားသို႔ သြားရန္ ပြဲစားခႏွင့္ လက္႐ွိလမ္းေၾကာင္းပုံစံမ်ား…

မေလး႐ွားသို႔ သြားရန္ ပြဲစားခ သိန္း(၅၀)ေပါက္ေစ်းႏွင့္ လက္႐ွိ လမ္းေၾကာင္းပုံစံမ်ား

ထားဝယ္ေဒသမွ မေလး႐ွားႏိုင္ငံသို႔ ေ႐ႊ႕ေျပာင္းအလုပ္သမားအျဖစ္သြားရာတြင္ ပြဲစားကို ေပးရသည့္ လမ္းစရိတ္မွာ ႏွစ္ဆျမင့္တက္လာၿပီး

သြားေရာက္သည့္ပုံစံႏွင့္ လမ္းေၾကာင္းမ်ား ေျပာင္းလာေၾကာင္း ထားဝယ္ေဒသခံအခ်ိဳ႕ထံမွ သိရသည္။

ယခင္က ေကာ့ေသာင္းၿမိဳ႕မွတစ္ဆင့္ ထိုင္းနယ္စပ္သို႔ျဖတ္ကာ မေလး႐ွားႏိုင္ငံအထိ ကားတစ္တန္၊ ေျခလ်င္တစ္တန္ သြားၾကရသည္။

ထိုသို႔သြားရာတြင္ လမ္းခရီး၌ အနည္းဆုံး (၃) ရက္မွ (၁၀) ရက္ေက်ာ္အထိ ၾကာျမင့္ေလ့႐ွိသည္။

ကိုဗစ္ေၾကာင့္ ပိတ္ထားသည့္ အလည္ဗီဇာမ်ားကို ျပန္လည္ခြင့္ျပဳခ်ိန္တြင္ လမ္းေၾကာင္းအသစ္မ်ား ေပၚလာသည္။

ရန္ကုန္ၿမိဳ႕မွ ထိုင္းႏိုင္ငံသို႔ ၁၄ ရက္ အလည္ဗီဇာျဖင့္ ေလယာဥ္စီးသြားၿပီး ထိုင္းနယ္စပ္မွတစ္ဆင့္ မေလး႐ွားႏိုင္ငံသို႔ကား သို႔မဟုတ္ ေျခလ်င္ခိုးဝင္ၾကသည္။

အထက္ပါ လမ္းေၾကာင္းျဖင့္ သမီးျဖစ္သူကို မေလး႐ွားႏိုင္ငံသို႔ ပို႔လိုက္ရာ ျမန္မာေငြ ၄၃ သိန္းေက်ာ္ ေပးရေၾကာင္း ထားဝယ္ၿမိဳ႕ ဝဲကြၽန္းထိန္သစ္ရပ္ကြက္ေန အမ်ိဳးသားတစ္ဦးက ေျပာသည္။

ထိုကဲ့သို႔ သြားရာတြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ေလဆိပ္မွတစ္ဆင့္ မေလး႐ွားနယ္စပ္ ဟတ္ယိုင္ၿမိဳ႕အထိ ေလယာဥ္ ေနာက္တစ္ဆင့္ ထပ္စီးၿပီးမွ ခိုးဝင္ၾကျခင္းျဖစ္သည္။

ယင္းလမ္းေၾကာင္းမွာ ထားဝယ္မွ မေလး႐ွားအထိ အခ်ိန္ႏွစ္ရက္သာၾကာျမင့္သည္ဟု ဆိုသည္။

“ဒီ(ထားဝယ္)မွာလည္း ဘာမွလုပ္စားလို႔ အဆင္မေျပေတာ့ သမီးကို ထည့္လိုက္တာ။ ျမန္တာေတာ့ ေတာ္ေတာ္ ျမန္တယ္” ဟု အထက္ပါအမ်ိဳးသားက ေျပာသည္။

အထက္ပါလမ္းေၾကာင္းအျပင္ အလည္အပတ္ဗီဇာျဖင့္ ရန္ကုန္ၿမိဳ႕မွ မေလး႐ွားႏိုင္ငံအထိ တိုက္႐ိုက္ သြားၾကသူမ်ားလည္း ႐ွိသည္။

အလည္ဗီဇာျဖင့္သြားလွ်င္ ႏိုင္ငံကူးလက္မွတ္႐ွိရမည္ျဖစ္ၿပီး ဗီဇာ (ျပည္ဝင္ခြင့္) သတ္မွတ္ရက္ျပည့္ပါကတရားမဝင္ ေနထိုင္သူ ျဖစ္သြားမည္ျဖစ္သည္။

သို႔ေသာ္ လက္႐ွိျဖစ္ပ်က္ေနသည့္ ျမန္မာျပည္ အေျခအေနမ်ားေၾကာင့္

ျမန္မာႏိုင္ငံသားမ်ားကို ျပည္ပႏိုင္ငံမ်ားက ျပည္ဝင္ခြင့္ကို အလြယ္တကူမေပးေတာ့ဘဲ တင္းတင္းက်ပ္က်ပ္ စစ္ေဆးလာသည့္ အေျခအေနျဖစ္လာသည္။

သက္ဆိုင္ရာႏိုင္ငံ၏ ေလဆိပ္တြင္ပင္ လူဝင္မႈႀကီးၾကပ္ေရးဝန္ထမ္းမ်ားက ေမးခြန္းမ်ိဳးစုံကို စစ္ေမးၿပီးမွ ျပည္ဝင္ခြင့္ ေပးေနျခင္း ျဖစ္သည္။

၎တို႔ မသကၤာပါက (သို႔) လိုအပ္သည့္ အခ်က္အလက္မျပည့္စုံက ျပည္ဝင္ခြင့္မေပးဘဲ လာရာလမ္းအတိုင္း ျပန္လႊတ္ခံရသူမ်ားလည္း ႐ွိေနသည္။

ထို႔ေၾကာင့္ လမ္းေၾကာင္းပုံစံသစ္မွာ မလြယ္ကူေတာ့သျဖင့္ ယခင္သြားၾကသည့္ပုံစံအတိုင္း ေအာက္လမ္းဟုေခၚသည့္ ေကာ့ေသာင္းၿမိဳ႕မွတစ္ဆင့္ ထိုင္းနယ္စပ္သို႔ျဖတ္ကာ

မေလး႐ွားႏိုင္ငံသို႔ တရားမဝင္ ဝင္သည့္ လမ္းေၾကာင္းမွာ ေဒသခံမ်ားအတြက္ အဓိက အားထားရသည့္လမ္းေၾကာင္း ျဖစ္ေနသည္။

ေအာက္လမ္းျဖင့္ သြားရာတြင္ ပြဲစားသို႔ေပးရသည့္ ခရီးစရိတ္မွာ ႏွစ္ဆနီးပါးျမင့္တက္လာေၾကာင္း ကိုယ္တိုင္ သြားလာသူမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ားထံမွ သိရသည္။

ယခုႏွစ္ ဩဂုတ္လမတိုင္မီက လူတစ္ဦးလွ်င္ ျမန္မာေငြ သိန္းသုံးဆယ္ေက်ာ္သာ႐ွိရာမွ စက္တင္လာလတြင္ သိန္းငါးဆယ္နီးပါးအထိ ေဈးေပါက္ေနျခင္း

ျဖစ္ေၾကာင္း ၎တို႔က ေျပာသည္။ထိုသို႔ သြားရာတြင္ မေလး႐ွား ရင္းဂစ္ေငြ ေပါက္ေဈးအတိုင္း တြက္ခ်က္ေပးေခ်ရျခင္းေၾကာင့္ ေဈးတက္လာျခင္း ျဖစ္ေၾကာင္း

ထားဝယ္ၿမိဳ႕ ၾကက္စားျပင္ရပ္ကြက္ေန အမ်ိဳးသားတစ္ဦးကဆိုသည္။

အဆိုပါ အမ်ိဳးသား၏ အစ္မႏွစ္ဦးမွာ ဩဂုတ္လေႏွာင္းပိုင္းက မေလး႐ွားႏိုင္ငံသို႔ တရားမဝင္လမ္းေၾကာင္းမွ ဝင္ေရာက္သြား ၾကသည္ဟု ေျပာဆိုသည္။

ေလေၾကာင္းျဖင့္သြားလွ်င္ လမ္းခရီးပင္ပန္းမႈ သက္သာျခင္း၊ အခ်ိန္တိုအတြင္းေရာက္ျခင္း၊ ကုန္က်စရိတ္သက္သာျခင္းတို႔ေၾကာင့္ သြားလိုၾကေသာ္လည္း ျပည္ဝင္ခြင့္တင္းက်ပ္မႈေၾကာင့္

ေဒသခံမ်ားမွာ ေအာက္လမ္းကိုသာ ေ႐ြးခ်ယ္သြားလာေနရျခင္းျဖစ္ေၾကာင္း သမီးျဖစ္သူကို မေလး႐ွားသို႔ ပို႔ေဆာင္ထားသည့္ ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။

“အေ႐ွ႕က သြားခဲ့တဲ့သူေတြကလည္း ဒီလမ္းေၾကာင္းကပဲ သြားၾကတာဆိုေတာ့ ေအာက္လမ္းကို ေ႐ြးၾကတာ မ်ားတယ္။

အေပၚလမ္း (ေလေၾကာင္း) က သြားတယ္ဆိုတာက ပို႔ေပးမယ့္ ပြဲစားနဲ႔ ခ်ိတ္ဆက္ႏိုင္ဖို႔လည္း လိုေသးတယ္” ဟု ၎က ေျပာသည္။

အိမ္နီးခ်င္းထိုင္းႏိုင္ငံသို႔ ခိုးဝင္ရာတြင္ပင္ လမ္းစရိတ္အျဖစ္ ထိုင္းဘတ္ေငြ ႏွစ္ေသာင္းနီးပါး (၁၈၀၀၀) အနည္းဆုံး ကုန္က်ေၾကာင္း စုံစမ္းသိရသည္။

လက္႐ွိ ျမန္မာျပည္ အေျခအေနေၾကာင့္ က်ပ္ေငြတန္ဖိုးက်ဆင္းၿပီး စီးပြားေရးက်ပ္တည္းမႈ စသည္တို႔ေၾကာင့္

ေဒသခံအမ်ားစုမွာ အိမ္နီးခ်င္း ထိုင္းႏိုင္ငံႏွင့္ မေလး႐ွားႏိုင္ငံသို႔ ေ႐ႊ႕ေျပာင္းအလုပ္သမားအျဖစ္ တရားမဝင္ သြားေရာက္သူ ပိုမိုမ်ားျပားေနသည္။

Source – Khit ALin