News

ကင်မွန်းချောင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ ထပ်မံတို-က်ခိုက်ခံရ…

ကင်မွန်းချောင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ ထပ်မံတို-က်ခိုက်ခံရ…

ကင်မွန်းချောင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ ထပ်မံတိုက်ခိုက်ခံရ၊ ရဲစခန်းမှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားတောင်တက်လမ်း၊ ကင်မွန်းချောင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က

အောက်တိုဘာလ ၁၅ ရက် ယနေ့နံနက်တွင် ထပ်မံ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပြန်လည်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

“မနက် ၁၁ နာရီ ၁၅ မိနစ်မှာ တစ်ဖက်အဖွဲ့က ကင်မွန်းချောင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လာပစ်တယ်။ ဘယ်နေရာမှာလဲတော့ မသိဘူး။

အခု ရဲစခန်းကနေ စစ်ကောင်စီက လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ ပြန်ပစ်နေတယ်။ လက်နက်ကြီးက အကြမ်းဖျဉ်း ၃ မိနစ် တစ်ကြိမ်လောက် ပစ်တယ်” ဟု ကင်မွန်းချောင်းဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးဘုရားတောင်တက်ကားဂိတ် စစ်ကောင်စီတပ်ဖွဲ့ကို KNU တပ်မဟာ ၁ မိတ်ဖက်တော်လှန်ရေးအင်အားစုများက လာရောက်ပစ်ခတ်ခဲ့ပြီး

ရဲများ ထိခိုက်သေဆုံးမှု ရှိခဲ့သလို စစ်ကောင်စီဘက်မှ ပြန်လည် ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ခရီးသွား ပြည်သူ ၃ ဦး သေဆုံး ၁၃ ဦး ဒဏ်ရာရခဲ့သလို

စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ‌ကင်မွန်းချောင်းကျေးရွာအုပ်စု ကျောင်းစုပိုင်းမှ ပြည်သူ ၃ ဦး ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်ကမူ လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူများ သေဆုံး ဒဏ်ရာရခြင်းဖြစ်ကြောင်း မဟုတ်မမှန် ဝါဒဖြန့်လျှက်ရှိသည်။

“၁၂ ရက်နေ့ ဖြစ်စဉ်ပြီးကတည်းက စစ်ကောင်စီက ကင်မွန်းချောင်း ရဲစခန်းမှာ လက်နက်ကြီး ဆင်ထားတယ်၊ ဒီနေ့လည်း ကျိုက်ထီးရိုး လာတဲ့ ဘုရားဖူးတွေတော့ ရှိနေတုန်းပဲ၊

အခုတော့ လမ်းပေါ်မှာ လူတွေ ရှိ၊ မရှိ မသေချာဘူး။ လက်နက်ကြီး ပစ်ခတ်မှုက နေ့လယ်ထိ ရှိနေတုန်းပဲ” ဟု ကင်မွန်းချောင်းဒေသ သတင်းရင်းမြစ်က ဆက်ပြောသည်။

ယနေ့ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျှက်ရှိသည်။

ဓါတ်ပုံ – ကင်မွန်းချောင်းနယ်မြေ ရဲစခန်း (ပုံအဟောင်း ဖြစ်ပါသည်)

ရန်ကုန်၊ အောက်တိုဘာ ၁၅

Credit

Zawgyi Version ျဖင့္ဖတ္ရန္

ကင္မြန္းေခ်ာင္း႐ွိ စစ္ေကာင္စီတပ္ဖြဲ႕မ်ား ထပ္မံတို-က္ခိုက္ခံရ…

ကင္မြန္းေခ်ာင္း႐ွိ စစ္ေကာင္စီတပ္ဖြဲ႕မ်ား ထပ္မံတိုက္ခိုက္ခံရ၊ ရဲစခန္းမွ လက္နက္ႀကီးမ်ားျဖင့္ အနီးဝန္းက်င္သို႔ ပစ္ခတ္ေန

ရန္ကုန္၊ ေအာက္တိုဘာ ၁၅

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ က်ိဳက္ထီး႐ိုးဘုရားေတာင္တက္လမ္း၊ ကင္မြန္းေခ်ာင္းေက်း႐ြာ႐ွိ စစ္ေကာင္စီတပ္ဖြဲ႕ကို အမည္ (စိစစ္ဆဲ) အဖြဲ႕က

ေအာက္တိုဘာလ ၁၅ ရက္ ယေန႔နံနက္တြင္ ထပ္မံ တိုက္ခိုက္ခဲ့ၿပီး ရဲစခန္းတြင္ တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ လက္နက္ႀကီးမ်ားျဖင့္ အနီးဝန္းက်င္သို႔ ျပန္လည္ပစ္ခတ္ေနေၾကာင္း သတင္းရ႐ွိသည္။

“မနက္ ၁၁ နာရီ ၁၅ မိနစ္မွာ တစ္ဖက္အဖြဲ႕က ကင္မြန္းေခ်ာင္းမွာ႐ွိတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ကို လာပစ္တယ္။ ဘယ္ေနရာမွာလဲေတာ့ မသိဘူး။

အခု ရဲစခန္းကေန စစ္ေကာင္စီက လက္နက္ႀကီးေတြ၊ စက္လက္ေတြနဲ႔ ျပန္ပစ္ေနတယ္။ လက္နက္ႀကီးက အၾကမ္းဖ်ဥ္း ၃ မိနစ္ တစ္ႀကိမ္ေလာက္ ပစ္တယ္” ဟု ကင္မြန္းေခ်ာင္းေဒသ သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

ေအာက္တိုဘာလ ၁၂ ရက္ေန႔တြင္ ကင္မြန္းေခ်ာင္းေက်း႐ြာ႐ွိ က်ိဳက္ထီး႐ိုးဘုရားေတာင္တက္ကားဂိတ္ စစ္ေကာင္စီတပ္ဖြဲ႕ကို KNU တပ္မဟာ ၁ မိတ္ဖက္ေတာ္လွန္ေရးအင္အားစုမ်ားက လာေရာက္ပစ္ခတ္ခဲ့ၿပီး

ရဲမ်ား ထိခိုက္ေသဆုံးမႈ ႐ွိခဲ့သလို စစ္ေကာင္စီဘက္မွ ျပန္လည္ ရမ္းသန္းပစ္ခတ္ျခင္းေၾကာင့္ ခရီးသြား ျပည္သူ ၃ ဦး ေသဆုံး ၁၃ ဦး ဒဏ္ရာရခဲ့သလို

စစ္ေကာင္စီ ပစ္ခတ္ေသာ လက္နက္ႀကီး ထိမွန္ၿပီး ‌ကင္မြန္းေခ်ာင္းေက်း႐ြာအုပ္စု ေက်ာင္းစုပိုင္းမွ ျပည္သူ ၃ ဦး ဒဏ္ရာရေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU က သတင္းထုတ္ျပန္ထားသည္။

စစ္ေကာင္စီဘက္ကမူ လက္နက္ကိုင္တပ္ဖြဲ႕မ်ား ပစ္ခတ္မႈေၾကာင့္ ခရီးသြားျပည္သူမ်ား ေသဆုံး ဒဏ္ရာရျခင္းျဖစ္ေၾကာင္း မဟုတ္မမွန္ ဝါဒျဖန္႔လွ်က္႐ွိသည္။

“၁၂ ရက္ေန႔ ျဖစ္စဥ္ၿပီးကတည္းက စစ္ေကာင္စီက ကင္မြန္းေခ်ာင္း ရဲစခန္းမွာ လက္နက္ႀကီး ဆင္ထားတယ္၊ ဒီေန႔လည္း က်ိဳက္ထီး႐ိုး လာတဲ့ ဘုရားဖူးေတြေတာ့ ႐ွိေနတုန္းပဲ၊

အခုေတာ့ လမ္းေပၚမွာ လူေတြ ႐ွိ၊ မ႐ွိ မေသခ်ာဘူး။ လက္နက္ႀကီး ပစ္ခတ္မႈက ေန႔လယ္ထိ ႐ွိေနတုန္းပဲ” ဟု ကင္မြန္းေခ်ာင္းေဒသ သတင္းရင္းျမစ္က ဆက္ေျပာသည္။

ယေန႔ ပစ္ခတ္မႈျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အေသးစိတ္သိ႐ွိႏိုင္ရန္ ရန္ကုန္ေခတ္သစ္က ဆက္လက္စုံစမ္းလွ်က္႐ွိသည္။

ဓါတ္ပုံ – ကင္မြန္းေခ်ာင္းနယ္ေျမ ရဲစခန္း (ပုံအေဟာင္း ျဖစ္ပါသည္)

ရန္ကုန္၊ ေအာက္တိုဘာ ၁၅

Credit