ကြားသိရသမျှ

ပန်းတနော်မြို့တွင် ၁၄နှစ်အရွယ် (၉)တန်းကျောင်းသူ ကိုကိုလွင်ဆိုသူရဲ့…

ပန်းတနော်မြို့တွင် ၁၄နှစ်အရွယ် (၉)တန်းကျောင်းသူ ကိုကိုလွင်ဆိုသူရဲ့…

ပန်းတနော်မြို့တွင် ၉ တန်းကျောင်းသူ အဓ-မ္မပြုကျင့်ခံရပြီး တရားခံဖြစ်သူမှာ ထွက်ပြေးလွတ်​မြောက်နေ

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၁၅ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ အောက်တိုဘာလ ၉ ရက်နေ့က ၉ တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

ပိန်းချောင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသူကို ကျောင်းကနေ နေအိမ် ပြန်လာတဲ့လမ်းမှာ

သရက်ငူကျေးရွာမှာနေထိုင်တဲ့ ကိုကိုလွင်ဆိုတဲ့သူက အဓမ္မပြုကျင်ခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

“ ရဲစခန်းမှာလာတိုင်ထားတော့ဟုတ်တယ် တရားခံကတော့ မမီသေးဘူး ဖမ်းမိရေးဆောင်ရွက်နေတုန်းပါ

ဖြစ်စဉ်ကတော့ ကလေးမလမ်းပြန်လာချိန်မှာ လမ်းမှာ ကျူးလွန်ခဲ့တာ ကလေးက သူ့အမေကို ပြန်ပြောမှ လာတိုင်းတာပါ”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

၉ တန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တဲ့ ကိုကိုလွင်ဆိုတဲ့သူကို လာတိုင်တန်းချိန်မှာ ရွာလိုက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပေမယ့်

ပြစ်မှုကျူးလွန်သူက ကြိုတင်ထွက်ပြေးတိမ်းရှောင်သွားလို့ ဖမ်းမမိခဲ့ဘူးလို့ ဆိုပါတယ်။

၉ တန်းကျောင်းသူကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ကိုကိုလွင်ကို ဇရပ်လှကြီးနယ်မြေရဲစခန်းမှာ

ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၆၃၊ ၅၁၁ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

Credit

Zawgyi Version ဖြင့်ဖတ်ရန်



ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၁၅ ရက်










Credit