ကြားသိရသမျှ

လုပ်ငန်းရှင်လည်း မွဲ၊ ဝန်ထမ်းလည်း မွဲ၊ ဈေးသည်လည်း မွဲ၊ ပြည်သူလည်း မွဲတဲ့ ခေတ်ရောက်တော့မယ်

လုပ်ငန်းရှင်လည်း မွဲ၊ ဝန်ထမ်းလည်း မွဲ၊ ဈေးသည်လည်း မွဲ၊ ပြည်သူလည်း မွဲတဲ့ ခေတ်ရောက်တော့မယ်

စတင်တော့မယ့် မြန်မာ့စီးပွားပျက်ကပ်နဲ့ လက်ထဲရှိတာတွေ ကျစ်ကျစ်ပါအောင် စုထားရမယ့် အချိန်

ပြည်တွင်းမှာ နေနေတဲ့ စီးပွားရေးသမားတိုင်းဟာ မိမိဂိုဒေါင်ထဲမှာလှောင်ထားတဲ့ ကုန်တွေကို တက်စျေးနဲ့ရောင်းလည်း ဝယ်သူမရှိ၊ စျေးချပြီး ရောင်းလည်း ဝယ်သူမရှိ၊

မိမိ ဖောက်သည်တွေ ဂိုဒေါင်တွေမှာလည်း ထိုပစ္စည်းတွေ အများကြီးကျန်နေဆဲ၊ မိမိဖောက်သည်တွေလည်း အရောင်းအဝယ်အေး၍ အလုပ်မဖြစ်၊ ထိုပြဿနာကို ရင်ဆိုင်နေရတယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။

ဒါကြောင့်ဒေါ်လာ ဝယ်လိုအားဟာ နောက်သုံးလအတွင်း တက်လာစရာမရှိပါ။

ထိုကဲ့သို့သော အနေအထားမှာ စီးပွားရေးသမားအများစုဟာ တက်စျေးမှာအကုန်ထုတ်မိသူ အနည်းငယ်မှအပ သွင်းကုန် (import) သွင်းဖို့ တွန့်ဆုတ်နေပါတယ်။

ကိုဗစ်ကာလ ၂ နှစ်၊ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်မှာ ပြည်သူအများစုမွဲသွားခြင်း၊ ငွေကြေးဖောင်းပွမှု (inflation) အရမ်းများသဖြင့် ဆင်းရဲချမ်းသာကွာဟမှု များခြင်း၊

ချမ်းသာသောမိသားစုများ ပြည်ပတွင်သာနေထိုင်ကြခြင်း စသည်တို့​ကြောင့် တစစီကြွေမွနေသော မြန်မာ့စီးပွားရေးသည် စကစအား နိုင်ငံတကာပိတ်ဆို့မှုများကြောင့်

ကုန်ကြမ်းပြတ်တောက်၍ ငွေစက္ကူအသစ်များ ထပ်မံရိုက်ထုတ်ဖို့ အခက်အခဲရှိချိန်တွင် ငွေကြေးဖောင်းပွမှု မျှော်လင့်ချက်များ (inflation expectations) လျှော့ကျသွားချိန်တွင်

အားလုံးရောပြွန်း၍ အဆိုးဆုံးအနေအထားသို့ စတင်၍လှန်းနေပါပြီလေ။

သိပ်မကြာခင်မှာ ကုန်ပစ္စည်းတွေ ရောင်းချ၍ ခက်ရာမှတဆင့် တချို့သော ကုမ္ပဏီများ အရောင်းမထွက်၍ အရှုံးပေါ်ခြင်း၊ ထိုမှတဆင့် အလုပ်သမားများကို လျှော့ချခြင်း၊ ပိတ်သိမ်းခြင်း စသည်တို့ကို ကြိုတင်၍ မြင်နေရပါပြီ။

ဒါကြောင့် ပြည်တွင်းက ပြည်သူတွေ ဘာလုပ်သင့်သလဲဆိုရင် မလိုအပ်ရင်မဝယ်နဲ့။ လိုအပ်မှဝယ်။ ရွှေ၊ငွေ စတာတွေကို ကျစ်ကျစ်ပါအောင် စုထားကြ။

ဒါမှသာ ယနေ့ကြုံတွေ့နေကြတဲ့ စီးပွားရေးအကြပ်အတည်းထက် ပိုကြီးတဲ့ နောက်လာမည့် စီးပွားရေးအကြပ်အတည်းတခုကို မယိုင်မလဲ ဖြတ်ကျော်နိင်မှာ ဖြစ်ပါတယ်။

Source – Blacker

Zawgyi Version ျဖင့္ဖတ္ရန္

လုပ္ငန္း႐ွင္လည္း မြဲ၊ ဝန္ထမ္းလည္း မြဲ၊ ေဈးသည္လည္း မြဲ၊ ျပည္သူလည္း မြဲတဲ့ ေခတ္ေရာက္ေတာ့မယ္

စတင္ေတာ့မယ့္ ျမန္မာ့စီးပြားပ်က္ကပ္နဲ႔ လက္ထဲ႐ွိတာေတြ က်စ္က်စ္ပါေအာင္ စုထားရမယ့္ အခ်ိန္

ျပည္တြင္းမွာ ေနေနတဲ့ စီးပြားေရးသမားတိုင္းဟာ မိမိဂိုေဒါင္ထဲမွာေလွာင္ထားတဲ့ ကုန္ေတြကို တက္ေစ်းနဲ႔ေရာင္းလည္း ဝယ္သူမ႐ွိ၊ ေစ်းခ်ၿပီး ေရာင္းလည္း ဝယ္သူမ႐ွိ၊

မိမိ ေဖာက္သည္ေတြ ဂိုေဒါင္ေတြမွာလည္း ထိုပစၥည္းေတြ အမ်ားႀကီးက်န္ေနဆဲ၊ မိမိေဖာက္သည္ေတြလည္း အေရာင္းအဝယ္ေအး၍ အလုပ္မျဖစ္၊ ထိုျပႆနာကို ရင္ဆိုင္ေနရတယ္ဆိုတာ သိၿပီးသားျဖစ္ပါတယ္။

ဒါေၾကာင့္ေဒၚလာ ဝယ္လိုအားဟာ ေနာက္သုံးလအတြင္း တက္လာစရာမ႐ွိပါ။

ထိုကဲ့သို႔ေသာ အေနအထားမွာ စီးပြားေရးသမားအမ်ားစုဟာ တက္ေစ်းမွာအကုန္ထုတ္မိသူ အနည္းငယ္မွအပ သြင္းကုန္ (import) သြင္းဖို႔ တြန္႔ဆုတ္ေနပါတယ္။

ကိုဗစ္ကာလ ၂ ႏွစ္၊ စစ္တပ္အာဏာသိမ္းၿပီး ၂ ႏွစ္မွာ ျပည္သူအမ်ားစုမြဲသြားျခင္း၊ ေငြေၾကးေဖာင္းပြမႈ (inflation) အရမ္းမ်ားသျဖင့္ ဆင္းရဲခ်မ္းသာကြာဟမႈ မ်ားျခင္း၊

ခ်မ္းသာေသာမိသားစုမ်ား ျပည္ပတြင္သာေနထိုင္ၾကျခင္း စသည္တို႔​ေၾကာင့္ တစစီေႂကြမြေနေသာ ျမန္မာ့စီးပြားေရးသည္ စကစအား ႏိုင္ငံတကာပိတ္ဆို႔မႈမ်ားေၾကာင့္

ကုန္ၾကမ္းျပတ္ေတာက္၍ ေငြစကၠဴအသစ္မ်ား ထပ္မံ႐ိုက္ထုတ္ဖို႔ အခက္အခဲ႐ွိခ်ိန္တြင္ ေငြေၾကးေဖာင္းပြမႈ ေမွ်ာ္လင့္ခ်က္မ်ား (inflation expectations) ေလွ်ာ့က်သြားခ်ိန္တြင္

အားလုံးေရာႁပြန္း၍ အဆိုးဆုံးအေနအထားသို႔ စတင္၍လွန္းေနပါၿပီေလ။

သိပ္မၾကာခင္မွာ ကုန္ပစၥည္းေတြ ေရာင္းခ်၍ ခက္ရာမွတဆင့္ တခ်ိဳ႕ေသာ ကုမၸဏီမ်ား အေရာင္းမထြက္၍ အ႐ႈံးေပၚျခင္း၊ ထိုမွတဆင့္ အလုပ္သမားမ်ားကို ေလွ်ာ့ခ်ျခင္း၊ ပိတ္သိမ္းျခင္း စသည္တို႔ကို ႀကိဳတင္၍ ျမင္ေနရပါၿပီ။

ဒါေၾကာင့္ ျပည္တြင္းက ျပည္သူေတြ ဘာလုပ္သင့္သလဲဆိုရင္ မလိုအပ္ရင္မဝယ္နဲ႔။ လိုအပ္မွဝယ္။ ေ႐ႊ၊ေငြ စတာေတြကို က်စ္က်စ္ပါေအာင္ စုထားၾက။

ဒါမွသာ ယေန႔ၾကဳံေတြ႕ေနၾကတဲ့ စီးပြားေရးအၾကပ္အတည္းထက္ ပိုႀကီးတဲ့ ေနာက္လာမည့္ စီးပြားေရးအၾကပ္အတည္းတခုကို မယိုင္မလဲ ျဖတ္ေက်ာ္နိင္မွာ ျဖစ္ပါတယ္။

Source – Blacker