Knowledge

ပန်းရံဆရာတွေ အကြိမ်ကြိမ်ပြုပြင်သော်လည်း ရယ်နေတဲ့ပုံသာဖြစ်နေတဲ့ မကွေးမြသလွန်ဘုရားမှ ဘီလူးပုံ အကြောင်း

ပန်းရံဆရာတွေ အကြိမ်ကြိမ်ပြုပြင်သော်လည်း ရယ်နေတဲ့ပုံသာဖြစ်နေတဲ့ မကွေးမြသလွန်ဘုရားမှ ဘီလူးပုံ အကြောင်း

မကွေးမြသလွန်ဘုရားက ဘီလူး ရယ်နေတဲ့ပုံရဲ့ သမိုင်းကြောင်းကတော့ ဒီလိုပါ။ ဘီလူးက ၆ ကောင်ရှိပါတယ်။

သမိုင်းမှာ ဘီလူးမနှစ်ကောင်ကို ချန်လှပ်ထားတယ်။

ဘောသော၊ ဘောကျော်၊ ဘောသူရာ၊ ဘောရသ ဘီလူး လေးကောင်တို့သည်ဘုရားထံမှရတဲ့ မြသပိတ်နဲ့ မြသလွန်ဘုရား ဗျာဒိတ်ပေးတဲ့နေရာမှာ ဘုရားမတည်ပဲ

ဘုရားပြိုအရပ်မှာ တည်တာကို သိကြားမင်းသိတော့ ဝရဇိန်လက်နက်နဲ့ ဖြိုခွင်းပြီး မြသလွန်နဲ့ မြသိပိတ်ကိုယူကာ ဘုရားသုံးဆူတောင်မှ ရသေ့ညီနောင်သုံးပါးထံ အပ်ထားလိုက်ပါတယ်။

ဘီလူး ဘောကျော် လူဝင်စားဖြစ်မှ ဘုရားတည်ခွင့်ပေးဖို့ မှာကြာလေတယ်။ဘီလူးဘဝမှ စုတေကြပြီး ဘောကျော် လူဝင်စားဖြစ်လာတဲ့အချိန်

မဂ္ဂရမြို့ (မြစ်ကွေးမြို့ နောက်ကြာလာတော့ မကွေးမြို့ဖြစ်) မှာ ကုန်သည်အဖြစ်နဲ့ ရောက်ရှိပြီး မကွေးမြို့မှ သူဌေးကြီး ဦးဘောဂရဲ့သမီး ပုဏ္ဏဝတီ မင်းသမီးလေးနဲ့ လက်ထပ်ယူပြီး

ရှေးထုံးကံပါရမီကြောင့် ရသေ့ညီနောင်သုံးပါးထံ ရောက်ရှိသွားပါတယ်…

ရသေ့ညီနောင်သုံးပါးကလည်း ဒိဗ္ဗစက္ခုဉာဏ်နှင့် ကြည့်ရှုတဲ့အခါ ဘီလူး ဘော်ကျော် လူဝင်စားမှန်းသိလေသည်။

သိကြားမင်း မှာကြားခဲ့တဲ့အတိုင်း ဘောကျော် လူဝင်စားကို မြသလွန်နဲ့ မြသပိတ် ပြန်လည်ပေးအပ်လိုက်ပြီး နာဂုတ္တမ တောင်ပေါ်မှာ ကျောက်ဖြာသုံးချပ်အုပ်၍ ဌာပနာပြီး ဘုရားပြန်တည်ခွင့်ပေးလိုက်တယ်။

ဘုရား တည်နေစဉ်အချိန်အတွင်းမှာ ဘဝဟောင်းက ဆွေတော်မျိုးတော်ဘီလူးအပေါင်းတို့ ဝိုင်းဝန်းပြီး တည်ပေးကြတယ်။

ထိုအခါမှာ ဘောကျော်ဟာ လွန်စွာမှ သဒ္ဓါကြည်နူး ပီတိထောပနာဖြစ်ပြီး သောတာပန်တည်သွားခဲ့တယ်။

သောတာပန်ဖြစ်ပြီးနောက် ၇ ဘဝမြောက်မှာ အမှန်ဧကန် နိဗ္ဗာန် စံဝင်ရမယ်ဆိုတာကို သိရှိသွားပြီး ဝမ်းသာလွန်းတဲ့စိတ်ကြောင့် ပြုံးရယ်မိခဲ့တယ်။

ထိုသို့ ပြုံးရယ်ခြင်းသည် မြသလွန်စေတီတော်ကြီး၏ အလယ်ဖောင်းရစ်နေရာ၌ ဘီလူးခေါင်း ၂၁ ခေါင်း ထည့်သွင်းထုလုပ်စေခဲ့သည့်အခါ

သောကြာနဲ့ တနင်္ဂနွေ ထောင့်ကြားမှာရှိတဲ့ ဘီလူးခေါင်းဟာ ဘောကျော် ပြုံးရယ်နေတဲ့ပုံစံအတိုင်း ဖြစ်ပေါ်ခဲ့ရတယ်။

ပန်းရံဆရာတွေ အကြိမ်ကြိမ်ပြုပြင်ခဲ့သော်လည်း ဘယ်လိုမှ ပြင်၍မရ ပြုံးရယ်တဲ့ပုံသာ ပြန်ဖြစ်ခဲ့တယ်။

ထို့ကြောင့် နိဗ္ဗာန် ဝင်ရမယ့် ဘီလူး ပြုံးရယ်နေပုံဖြစ်ကြောင်း လေ့လာမှတ်သားရသလောက် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

ခရက်ဒစ်

Zawgyi Version ျဖင့္ဖတ္ရန္

ပန္းရံဆရာေတြ အႀကိမ္ႀကိမ္ျပဳျပင္ေသာ္လည္း ရယ္ေနတဲ့ပုံသာျဖစ္ေနတဲ့ မေကြးျမသလြန္ဘုရားမွ ဘီလူးပုံ အေၾကာင္း

မေကြးျမသလြန္ဘုရားက ဘီလူး ရယ္ေနတဲ့ပုံရဲ႕ သမိုင္းေၾကာင္းကေတာ့ ဒီလိုပါ။ ဘီလူးက ၆ ေကာင္႐ွိပါတယ္။

သမိုင္းမွာ ဘီလူးမႏွစ္ေကာင္ကို ခ်န္လွပ္ထားတယ္။

ေဘာေသာ၊ ေဘာေက်ာ္၊ ေဘာသူရာ၊ ေဘာရသ ဘီလူး ေလးေကာင္တို႔သည္ဘုရားထံမွရတဲ့ ျမသပိတ္နဲ႔ ျမသလြန္ဘုရား ဗ်ာဒိတ္ေပးတဲ့ေနရာမွာ ဘုရားမတည္ပဲ

ဘုရားၿပိဳအရပ္မွာ တည္တာကို သိၾကားမင္းသိေတာ့ ဝရဇိန္လက္နက္နဲ႔ ၿဖိဳခြင္းၿပီး ျမသလြန္နဲ႔ ျမသိပိတ္ကိုယူကာ ဘုရားသုံးဆူေတာင္မွ ရေသ့ညီေနာင္သုံးပါးထံ အပ္ထားလိုက္ပါတယ္။

ဘီလူး ေဘာေက်ာ္ လူဝင္စားျဖစ္မွ ဘုရားတည္ခြင့္ေပးဖို႔ မွာၾကာေလတယ္။ဘီလူးဘဝမွ စုေတၾကၿပီး ေဘာေက်ာ္ လူဝင္စားျဖစ္လာတဲ့အခ်ိန္

မဂၢရၿမိဳ႕ (ျမစ္ေကြးၿမိဳ႕ ေနာက္ၾကာလာေတာ့ မေကြးၿမိဳ႕ျဖစ္) မွာ ကုန္သည္အျဖစ္နဲ႔ ေရာက္႐ွိၿပီး မေကြးၿမိဳ႕မွ သူေဌးႀကီး ဦးေဘာဂရဲ႕သမီး ပုဏၰဝတီ မင္းသမီးေလးနဲ႔ လက္ထပ္ယူၿပီး

ေ႐ွးထုံးကံပါရမီေၾကာင့္ ရေသ့ညီေနာင္သုံးပါးထံ ေရာက္႐ွိသြားပါတယ္…

ရေသ့ညီေနာင္သုံးပါးကလည္း ဒိဗၺစကၡဳဉာဏ္ႏွင့္ ၾကည့္႐ႈတဲ့အခါ ဘီလူး ေဘာ္ေက်ာ္ လူဝင္စားမွန္းသိေလသည္။

သိၾကားမင္း မွာၾကားခဲ့တဲ့အတိုင္း ေဘာေက်ာ္ လူဝင္စားကို ျမသလြန္နဲ႔ ျမသပိတ္ ျပန္လည္ေပးအပ္လိုက္ၿပီး နာဂုတၱမ ေတာင္ေပၚမွာ ေက်ာက္ျဖာသုံးခ်ပ္အုပ္၍ ဌာပနာၿပီး ဘုရားျပန္တည္ခြင့္ေပးလိုက္တယ္။

ဘုရား တည္ေနစဥ္အခ်ိန္အတြင္းမွာ ဘဝေဟာင္းက ေဆြေတာ္မ်ိဳးေတာ္ဘီလူးအေပါင္းတို႔ ဝိုင္းဝန္းၿပီး တည္ေပးၾကတယ္။

ထိုအခါမွာ ေဘာေက်ာ္ဟာ လြန္စြာမွ သဒၶါၾကည္ႏူး ပီတိေထာပနာျဖစ္ၿပီး ေသာတာပန္တည္သြားခဲ့တယ္။

ေသာတာပန္ျဖစ္ၿပီးေနာက္ ၇ ဘဝေျမာက္မွာ အမွန္ဧကန္ နိဗၺာန္ စံဝင္ရမယ္ဆိုတာကို သိ႐ွိသြားၿပီး ဝမ္းသာလြန္းတဲ့စိတ္ေၾကာင့္ ျပဳံးရယ္မိခဲ့တယ္။

ထိုသို႔ ျပဳံးရယ္ျခင္းသည္ ျမသလြန္ေစတီေတာ္ႀကီး၏ အလယ္ေဖာင္းရစ္ေနရာ၌ ဘီလူးေခါင္း ၂၁ ေခါင္း ထည့္သြင္းထုလုပ္ေစခဲ့သည့္အခါ

ေသာၾကာနဲ႔ တနဂၤေႏြ ေထာင့္ၾကားမွာ႐ွိတဲ့ ဘီလူးေခါင္းဟာ ေဘာေက်ာ္ ျပဳံးရယ္ေနတဲ့ပုံစံအတိုင္း ျဖစ္ေပၚခဲ့ရတယ္။

ပန္းရံဆရာေတြ အႀကိမ္ႀကိမ္ျပဳျပင္ခဲ့ေသာ္လည္း ဘယ္လိုမွ ျပင္၍မရ ျပဳံးရယ္တဲ့ပုံသာ ျပန္ျဖစ္ခဲ့တယ္။

ထို႔ေၾကာင့္ နိဗၺာန္ ဝင္ရမယ့္ ဘီလူး ျပဳံးရယ္ေနပုံျဖစ္ေၾကာင္း ေလ့လာမွတ္သားရသေလာက္ ျပန္လည္မွ်ေဝျခင္းျဖစ္ပါသည္။

ခရက္ဒစ္