News

အတော်ရ-က်စ-က်လိုက်ကြတာ စာဖတ်ပြီး မတွေးဝံ့စရာပဲ

အတော်ရ-က်စ-က်လိုက်ကြတာ စာဖတ်ပြီး မတွေးဝံ့စရာပဲ

အတော်ရ-က်စ-က်လိုက်ကြတာ စာဖတ်ပြီး မတွေးဝံ့စရာပဲ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ တောင်မြင့်ရွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းက ရွာသားတစ်ဦးကိုဖမ်းဆီးပြီး ခေါင်းဖြ-တ် thetသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးthetခံလိုက်ရတဲ့ ရွာသားဟာ သစ်ညီ‌နောင်ရွာသားဦးစောထွန်းမိုး(၄၅)နှစ်)ဖြစ်ပြီး

ခေါင်းနဲ့ ခြေတွေလက်တွေကိုပို-င်းဖြ-တ်ပြီး ရ-က်ရ-က်စ-က်စ-က်thetကာ တောင်မြင့်ရွာရှိ အလယ်တန်းကျောင်းတံခါးမှာ ဖြ-တ်ထားတဲ့ခေါင်းကိုချိတ်ဆွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုယ်ပိုင်ဘော်ဒါ အထက်တန်းကျောင်းတွေမှာ စာလိုက်လံသင်နေတဲ့ စာသင်သက်တမ်း(၁၅)ခန့်ရှိတဲ့ ဦးစောထွန်းမိုးဟာ စစ်အာဏာသိမ်းကာလမှာ CDM အဖြစ်စာသင်မှုတွေရပ်နားထားခဲ့ပြီး

လက်ရှိမှာ NUGကဖွင့်လှစ်ထားတဲ့ကျောင်းမှာ စာသင်ကြားပေးနေတဲ့ဆရာတစ်ဦးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေကပြောပါတယ်။

“မနေ့က(၁၆ရက်)ရွာထဲကို စစ်ကြောင်းလာတော့ ပုန်းနေကြတာ။ သူတို့လာတော့ အယားမှောက် (ဝမ်းလျားမှောက်) ဆိုတော့ ရှိတဲ့သူတွေ အကုန်မှောက်ရတာ။

အဲ့မှာမှောက်တော့ သူကဝတယ် ဒေါင်ကလည်းကောင်းကောင်းနဲ့ဆိုတော့ ဖက်တီးလိုက်ခဲ့ဆိုပြီးခေါ်သွားတာ။ ခေါ်တုန်းကတော့အသာတကြည်ပဲ။

CDM ဆရာဦးစောထွန်းမိုး လက်ပြန်ကြိုးတုပ်ကြီးနဲ့ပါသွားတာ။

ခေါ်သွားပြီး သူတို့လာတဲ့လမ်းကြောင်းတလျောက်မှာလည်း သေနတ်တွေကိုရင်ခွင်ပိုက်ပြီးရှေ့ ဆုံးကလူကရမ်းတာ။

နောက်လူကကျအပေါ်ကိုဖောက်နေတာ အဲ့လို အpyitခံနေရတော့ ကျမတို့လည်းပြေးကြတာ။

လမ်းတလျောက်လည်းတွေ့တဲ့ ဖုန်းသိမ်း၊ ရွှေငွေ သိမ်း လုပ်သွားတယ်။

လက်စွပ်တွေ့ရင်လက်စွပ်သိမ်း ပိုက်ဆံပါရင်ပိုက်ဆံသိမ်းတာ သူတို့က။

ညနေကျတော့ (၃)နာရီလောက်ထင်တယ် ‌‌တောင်မြင့်ရွာကျောင်းကိုမီ-းရှို့တယ်။

ပြီးတော့ ရွာမှာတညလုံးနေတယ်။ မနက်ကျတော့ thayနတ်တွေပစ် လက်နက်တွေနဲ့ပစ်ဆိုတော့ တရွာလုံးရုံန်းရင်းဆန်ခတ်ဖြစ်ပြီး ပြေးကြတာပေါ့။

ပြေးကြရင်း တောထဲရောက်ခါကျမှ CDM ကျောင်းဆရာဦးစောထွန်းမိုးကြီး thetခံလိုက်ရပြီ လည်ပင်းဖြ-တ်ပြီး ကျောင်းမှာချိတ်လို့ဆိုပြီး ကျမတို့ကြားရတာ”လို့ သစ်ညီနောင်ဒေသခံတစ်ဦးက BVJကိုပြော ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကြောင်းရှိနေပြီး ပေါက်မြို့နယ်တောင်ပိုင်းရှိကျေးရွာတွေကို လိုက်လံမီးရှို့ နေတဲ့အတွက် ဒေသခံတွေဟာထွက်ပြေးတိမ်း ရှောင်နေရတာကြောင့် ဦးစောထွန်းမိုးရဲ့ အ လေ-ာင်းနဲ့ပတ်သက်ပြီးစီစဉ်ဆောင် ရွက်နိုင်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာဦးစောထွန်းမိုးတစ်ဦးသာ thayဆုံးမှုကိုအတည်ပြုနိုင်သေးပြီး အတည်မပြုနိုင်သေးတဲ့ အခြေအနေတွေလည်းရှိနေသေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဦးစောထွန်းမိုးရ-က်စ-က်စွာthetဖြ-တ်ခံထားရတဲ့ သက်သေဓါတ်ပုံတွေကို ဒေသ ခံတွေဆီက ရရှိထားပေမယ့် အများပြည်သူကိုဖော်ပြလို့မသင့်တော်တဲ့အတွက် BurmaVJအနေနဲ့ ပြန်လည်မဖော်ပြခြင်းဖြစ်ပါတယ်။

ပုံစာ-ခေါင်းဖြတ်thetခံလိုက်ရသည့် CDMဆရာ ဦးစောထွန်းမိုး(ဓါတ်ပုံ-‌ပေးပို့)

အတော်ရက်စက်လိုက်ကြတာ စာဖတ်ပြီး မတွေးဝံ့စရာပဲ

BVJ-အောက်တိုဘာ ၁၇၊ ၂၀၂၂





















ပုံစာ-ခေါင်းဖြတ်thaetခံလိုက်ရသည့် CDMဆရာ ဦးစောထွန်းမိုး(ဓါတ်ပုံ-‌ပေးပို့)


BVJ-အောက်တိုဘာ ၁၇၊ ၂၀၂၂