News

အင်းစိန်အကျဉ်းထောင် တိုက်ခိုက်မှု ထောင်မှူး tay ဆုံးသွားတဲ့(ရုပ်သံ)

အင်းစိန်အကျဉ်းထောင် တိုက်ခိုက်မှု ထောင်မှူး tay ဆုံးသွားတဲ့(ရုပ်သံ)

အင်းစိန်အကျဉ်းထောင် တိုက်ခိုက်မှု ထောင်မှူးေ-သဟု STA ပြော

ရုပ်သံကိုတော့ အောက်ဆုံးမှာထည့်ပေးထားပါတယ်။

သတိုး/People’s Spring

တော်လှန်ရေးရဲဘော်များကို ဖိနှိပ်မှုများပြုလုပ်နေသည့် အင်းစိန်အကျဉ်းထောင်မှူးကို ဦးတည်၍ အဆိုပါအကျဉ်းထောင်ကို ထောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ

ထောင်မှူးအပါအဝင်လေးဦး tay ဆုံးခဲ့ကြောင်း အထူးတာဝန်လုပ်ငန်းအဖွဲ့(Special Task Agency of Burm -STA )အဖွဲ့မှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

“ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်းသုံးဦး tay တာကို အတည်ပြုထားပါတယ်။ အဲဒါအပြင် ဆေးရုံရောက်မှဆုံးတဲ့ ထောင်ဝန်ထမ်း ငါးဦးလောက်ထိရှိတယ်လို့ သိရပါတယ်”ဟု ၎င်းကပြောသည်။

ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီအချိန်ခန့်တွင် အင်းစိန်အကျဉ်းထောင်ကို ဖောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး

စစ်ကောင်စီတပ်ဖွဲ့များ၏ ပ-စ်ခတ်မှုများကြောင့် ထောင်ဝင်စာပို့သူများနှင့် ထောင်တွင်းရုံးထုတ်သို့ လာရောက်သက်သေထွက်ဆိုသူများ tay ဆုံးမှုရှိခဲ့သည်။

“ပစ်တာက စစ်ကောင်စီက ကောင်တွေပဲ ပစ်တာ ။ ကျွန်တော်တို့က ဖောက်ခွဲတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထောင်မှူး tay ဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ဗုံးပေါက်၍ ကနဦး tay ဆုံးသူ သုံးဦးမှာ အကျဉ်းဦးစီးဝန်ထမ်းများဖြစ်ကြောင်း ဝါဒဖြန့်နေကြသည်။

အင်းစိန်အကျဉ်းထောင်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ထောင်လုံခြုံရေးများ၏ ပ-စ်ခတ်မှုများကြောင့် ထောင်ဝင်စာပို့သူများနှင့်

ထောင်တွင်းရုံးထုတ်သို့ လာရောက်သက်သေထွက်ဆိုသူများ ထိခိုက် tay ဆုံးမှုများ အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)အပါအဝင် မြို့ပြပြောက်ကျားအဖွဲ့များက ထုတ်ပြန်ထားသည်။

“ကျွန်တော့်ရဲ့ အမှုသည်တွေ ပြောတာကတော့ ဗုံးပေါက်တယ်လို့လည်းပြောတယ်။ နောက်ပြီး ပေါက်ပြီးတော့ ပ-စ်ခတ်သံတွေလည်း ဆက်တိုက်ဖြစ်တယ်လည်း ပြောတယ်။

ကျွန်တော်က အဲဒီအချိန်မှာ အပြင်ရောက်နေတာ”ဟု အင်းစိန်ထောင်အထူးတရားရုံး၌ ‌ရှေ့နေအဖြစ်ဆောင်ရွက်ပေးနေသူ အမည်မဖော်လိုသူ တစ်ဦးက ‌ပြောသည်။

ထို့အပြင် ၎င်း၏ မိတ်ဆွေဖြစ်သူ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် မတရားဖမ်းဆီးခံထားရသူ၏ မိခင်ဖြစ်သူလည်း tay ဆုံးမှုတွင်ပါဝင်ကြောင်း အဆိုပါ ‌ရှေ့နေက ပြောသည်။

အောက်ဆုံးတွင် ရုပ်သံကြည့်၌ရန်

S0urce – STA

Zawgyi Version ဖြင့်ဖတ်ရန်




သတိုး/People’s Spring















ရုပ်သံကြည့်၌ရန်

S0urce – STA