News

ရန်ကုန် အင်းစိန်ထောင် ပေါက်ကွဲမှု ဖြစ်ပြီးနောက်…

ရန်ကုန် အင်းစိန်ထောင် ပေါက်ကွဲမှု ဖြစ်ပြီးနောက်…

ရန်ကုန် အင်းစိန်ထောင် ပေါက်ကွဲမှု ဖြစ်ပြီးနောက် မန္တလေးအိုးဘိုထောင်မှာ ထောင်ဝင်စာ ပို့ခွင့်ပိတ်

MFP ၊ အောက်တိုဘာ – ၁၉

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်၊ ထောင်ဝင်စာ ပါဆယ်လက်ခံတဲ့ နေရာမှာ ဒီမနက်ပိုင်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားပြီးနောက်

မန္တလေး အိုးဘိုအကျဉ်းထောင်မှာလည်း စစ်အုပ်စုက ထောင်ဝင်စာ ပို့ခွင့်ပိတ်လိုက်ပြီး ပေးပို့တဲ့ ထောင်ဝင်စာတွေ လက်မခံတော့ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

“ ထောင်ဝင်စာပါဆယ်တွေ အခု နေ့လယ်ပိုင်းက စပြီး ပိတ်လိုက်ပြီလို့ သိရတယ်။ ဘယ်နေ့အထိ ပိတ်မယ်ဆိုတာတော့ မပြောဘူး “ လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၉)ရက် မနက်(၉)နာရီခွဲက ရန်ကုန်မြို့၊ အင်းစိန်ထောင် ထောင်ဘူးဝရှေ့ ထောင်ဝင်စာ ပါဆယ်လက်ခံတဲ့ နေရာမှာ ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီးနောက်

စစ်အုပ်စုက သောင်းကျန်းရမ်းကား ပ-စ်ခတ်လို့ ထောင်ဝန်ထမ်း သုံးဦးနှင့် ထောင်ဝင်စာလာပို့တဲ့ ပြည်သူ ငါးဦး ‌ေ-သဆုံးကာ အခြား ပြည်သူ (၁၃) ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန် အင်းစိန်နှင့် မန္တလေး အိုးဘိုအပါအဝင် အကျဉ်းထောင်တွေမှာ ယခင် အကျဉ်းသားတွေအပြင် စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပါ ကိုဗစ်အကြောင်းပြပြီး

မိသားစုနဲ့ တွေ့ဆုံခွင့် ပိတ်ပင်ထားတာကြောင့် ထောင်ဝင်စာပစ္စည်းပေးပို့မှုကိုပဲ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ ထောင်ကျနေတဲ့သူဆိုတာ အပြင်ကပို့တဲ့ ထောင်ဝင်စာကိုပဲ အားထားနေရတာလေ၊ အခုလို ထောင်ဝင်စာပါဆယ်တွေ ပိတ်လိုက်ပြီဆိုတာ ပိုပြီး ဖိနှိပ်ချင်တဲ့သဘောလို့ပဲ မြင်ပါတယ်။

ညစ်ပတ်တာပေါ့ “ လို့ မန္တလေးမြို့က နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိ မန္တလေးအိုးဘိုထောင် ရှေ့မှာ လုံခြုံရေး တင်းကျပ်ထားတာ မရှိပေမယ့် ထောင်ဝန်းကျင်မှာ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေ အဆင်သင့်ရှိနေပြီး

ညပိုင်းတွေမှာ ကားနဲ့ လှည့်တာမျိုးတွေ လုပ်ဆောင်တတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အင်းစိန်ထောင် ပေါက်ကွဲမှု မဖြစ်ခင်ကတည်းက မန္တလေးအိုးဘိုထောင် အပါအဝင် မန္တလေးတိုင်းထဲက ထောင်တွေမှာ စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသားတွေကို အငြိုးထားဖိနှိပ်နေပြီး

လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးတာ၊ အဓမ္မအလုပ်ခိုင်းစေတာ၊ စစ်ကောင်စီ သ္စစာခံ ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို ငွေညှစ်တာတွေ ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Source – MFP

Zawgyi Version ျဖင့္ဖတ္ရန္

ရန္ကုန္ အင္းစိန္ေထာင္ ေပါက္ကြဲမႈ ျဖစ္ၿပီးေနာက္…

ရန္ကုန္ အင္းစိန္ေထာင္ ေပါက္ကြဲမႈ ျဖစ္ၿပီးေနာက္ မႏၲေလးအိုးဘိုေထာင္မွာ ေထာင္ဝင္စာ ပို႔ခြင့္ပိတ္

MFP ၊ ေအာက္တိုဘာ – ၁၉

ရန္ကုန္ၿမိဳ႕ အင္းစိန္အက်ဥ္းေထာင္၊ ေထာင္ဝင္စာ ပါဆယ္လက္ခံတဲ့ ေနရာမွာ ဒီမနက္ပိုင္း ေပါက္ကြဲမႈႏွစ္ႀကိမ္ ျဖစ္ပြားၿပီးေနာက္

မႏၲေလး အိုးဘိုအက်ဥ္းေထာင္မွာလည္း စစ္အုပ္စုက ေထာင္ဝင္စာ ပို႔ခြင့္ပိတ္လိုက္ၿပီး ေပးပို႔တဲ့ ေထာင္ဝင္စာေတြ လက္မခံေတာ့ဘူးလို႔ နီးစပ္သူေတြက ေျပာပါတယ္။

“ ေထာင္ဝင္စာပါဆယ္ေတြ အခု ေန႔လယ္ပိုင္းက စၿပီး ပိတ္လိုက္ၿပီလို႔ သိရတယ္။ ဘယ္ေန႔အထိ ပိတ္မယ္ဆိုတာေတာ့ မေျပာဘူး “ လို႔ နီးစပ္သူတစ္ဦးက ဆိုပါတယ္။

ဒီေန႔ ေအာက္တိုဘာ(၁၉)ရက္ မနက္(၉)နာရီခြဲက ရန္ကုန္ၿမိဳ႕၊ အင္းစိန္ေထာင္ ေထာင္ဘူးဝေ႐ွ႕ ေထာင္ဝင္စာ ပါဆယ္လက္ခံတဲ့ ေနရာမွာ ဗုံးႏွစ္လုံး ဆက္တိုက္ ေပါက္ကြဲခဲ့ၿပီးေနာက္

စစ္အုပ္စုက ေသာင္းက်န္းရမ္းကား ပ-စ္ခတ္လို႔ ေထာင္ဝန္ထမ္း သုံးဦးႏွင့္ ေထာင္ဝင္စာလာပို႔တဲ့ ျပည္သူ ငါးဦး ‌ေ-သဆုံးကာ အျခား ျပည္သူ (၁၃) ဦးထက္မနည္း ထိခိုက္ ဒဏ္ရာ ရ႐ွိခဲ့တယ္လို႔ ဆိုပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ရန္ကုန္ အင္းစိန္ႏွင့္ မႏၲေလး အိုးဘိုအပါအဝင္ အက်ဥ္းေထာင္ေတြမွာ ယခင္ အက်ဥ္းသားေတြအျပင္ စစ္အုပ္စုရဲ႕ ဥပေဒမဲ့ ဖမ္းဆီးခံရတဲ့ ႏိုင္ငံေရး အက်ဥ္းသားေတြကိုပါ ကိုဗစ္အေၾကာင္းျပၿပီး

မိသားစုနဲ႔ ေတြ႕ဆုံခြင့္ ပိတ္ပင္ထားတာေၾကာင့္ ေထာင္ဝင္စာပစၥည္းေပးပို႔မႈကိုပဲ လုပ္ေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“ ေထာင္က်ေနတဲ့သူဆိုတာ အျပင္ကပို႔တဲ့ ေထာင္ဝင္စာကိုပဲ အားထားေနရတာေလ၊ အခုလို ေထာင္ဝင္စာပါဆယ္ေတြ ပိတ္လိုက္ၿပီဆိုတာ ပိုၿပီး ဖိႏွိပ္ခ်င္တဲ့သေဘာလို႔ပဲ ျမင္ပါတယ္။

ညစ္ပတ္တာေပါ့ “ လို႔ မႏၲေလးၿမိဳ႕က ႏိုင္ငံေရးအက်ဥ္းသားေဟာင္းတစ္ဦးက ေျပာပါတယ္။

လက္႐ွိ မႏၲေလးအိုးဘိုေထာင္ ေ႐ွ႕မွာ လုံျခဳံေရး တင္းက်ပ္ထားတာ မ႐ွိေပမယ့္ ေထာင္ဝန္းက်င္မွာ စစ္ေကာင္စီ သစၥာခံ လက္နက္ကိုင္ေတြ အဆင္သင့္႐ွိေနၿပီး

ညပိုင္းေတြမွာ ကားနဲ႔ လွည့္တာမ်ိဳးေတြ လုပ္ေဆာင္တတ္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

အင္းစိန္ေထာင္ ေပါက္ကြဲမႈ မျဖစ္ခင္ကတည္းက မႏၲေလးအိုးဘိုေထာင္ အပါအဝင္ မႏၲေလးတိုင္းထဲက ေထာင္ေတြမွာ စစ္အုပ္စုက ႏိုင္ငံေရး အက်ဥ္းသားေတြကို အၿငိဳးထားဖိႏွိပ္ေနၿပီး

လုံေလာက္တဲ့ ေဆးဝါးကုသမႈ မေပးတာ၊ အဓမၼအလုပ္ခိုင္းေစတာ၊ စစ္ေကာင္စီ သၥစာခံ ေထာင္ဝန္ထမ္းေတြက ႏိုင္ငံေရးအက်ဥ္းသားေတြကို ေငြညႇစ္တာေတြ ႐ွိေနတယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။

Source – MFP