ကြားသိရသမျှ
ရွှေဈေးကျအောင် လုပ်ကာမှ ထပ်တက်သွားတဲ့အဖြစ်နဲ့ ကျပ်ငွေသမားတွေ မျက်ရည်ကျရမယ့် အချိန်ကတော့…
ရွှေဈေးကျအောင် လုပ်ကာမှ ထပ်တက်သွားတဲ့အဖြစ်နဲ့ ကျပ်ငွေသမားတွေ မျက်ရည်ကျရမယ့် အချိန်ကတော့…
အတက်ပဲ ရှိတော့မယ့် ကိုယ်ပျောက်ရွှေဈေးနဲ့ ကျပ်ငွေကိုင်ထားသူတွေ မျက်ရည်ကျရမယ့်အချိန်
မုန့်ဟင်းခါး အလွတ် ၄၀၀ တန်က ၈၀၀ တက်ပြီးကတည်းက ဒေါ်လာစျေး ရွှေစျေး ပြန်ကျလို့ ပြန်ကို မဆင်းတော့ဘူး။ အဓိကကျတာက ကျပ်ငွေ တန်ဖိုးကျလာတာ။
ဒါပေမဲ့ ကျပ်ငွေတန်ဖိုး မကျလေဟန် ဖုံးဖိဖို့က လူသိများတဲ့ ရွှေ ဒေါ်လာစျေးတွေကို ထိန်းလိုက်တာနဲ့ ရွှေဝယ်ရောင်းတွေကို ဖမ်းပြီး စျေးကွက်ထဲမှာ ပြည်သူတွေ မဝယ်တာနဲ့
ရွှေစျေးတွေကို ကျချင်တိုင်း ကျမယ်ဆိုပြီး ထင်ကတည်းက စမှားတော့တာပဲ။
စကစ အထင်က ရွှေစျေးကို ချနိုင်ရင် ဒေါ်လာကိုလည်း ဒီနည်းအတိုင်းပဲ ဝယ်သူမရှိအောင် ထိန်းပြီး ဒေါ်လာဝယ်လက်မရှိလေ သူတို့ကြိုက်စျေးဖွင့်ပြီး
စိတ်ကြိုက် လက်ဝါးကြီးအုပ် အောက်ကြေးနှိုက် ဝယ်ပြီး ကျပ်ငွေတန်ဖိုးကို ပြန်တက်လေဟန် လုပ်ပြမယ်ပေါ့။ တွက်ရေးကတော့ စက်သူဌေးပါပဲ။
တကယ်လက်တွေ့မှာတော့ ရွှေ ၊ ဒေါ်လာငွေကြေးစျေးကွက်ဟာ ကမ္ဘာ့စျေးနဲ့ တစ်တန်းတည်း ပြောင်းလဲနေတာ။
မြန်မာမှာ ထွက်သမျှ တန်ချိန်ချီတဲ့ရွှေတွေကို အိန္ဒိယကို မှောင်ခိုပို့ပြီး အိန္ဒိယကတဆင့် ဒူဘိုင်း၊ မလေးတွေကို ပြန်ပို့နေတာ။
အိန္ဒိယကို မှောင်ခိုပို့ရုံနဲ့ အခုလက်ရှိ ရွှေစျေးတွေကို မတန်တဆ အောက်ကြေးနှိုက်ဝယ်တဲ့စျေးကြောင့် အိန္ဒိယပို့တဲ့ ရွှေမှောင်ခိုတွေ အရင်ထက်ပိုပြီး အမြတ်နှစ်ဆရလို့ အကြီးအကျယ် ပို့နေကြတာ။
အိန္ဒိယအစိုးရက ရွှေမှောင်ခိုသမားတွေကို ဖမ်းပြီး ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ရတဲ့အထိကို မှောင်ခိုလုပ်သူများလာတာ။
မြန်မာမှာ ပြည်တွင်းဝယ်လိုအားမရှိလို့ ရွှေစျေးကျရင် ပြင်ပစျေးကွက်ကို ထွက်မှာပဲ။ ပိုမြတ်လို့ ဝယ်လိုအားက ပိုတောင် များပြီး ကျပ်ငွေ တန်ဖိုးက ထိုးကျနေမှာပဲ။
ဒါကို Myat M ဆိုတဲ့ လူက ရွှေစျေးကို ထိန်းလေ အရောင်းအဝယ် စျေးကွာထားလို့ ဝယ်သူနည်းလာရင် ရွှေစျေးကျမယ်။
ရွှေစျေးကျသလို ဒေါ်လာကို ထိန်းလိုက်ရင် ဒေါ်လာစျေးပါ ကျမယ်ပြောနေလို့ ရွှေကိုလည်း စျေးကျတာနဲ့ အောက်စျေးနဲ့ ဝယ်မည့်သူက အပြည့်။
အခုက ရွှေစျေးကျဖို့မပြောနဲ့ ရွှေဆိုင်အများစုက ပြည်သူတွေဆီက အောက်စျေးနဲ့ ပြန်သွင်းလာမည့် ရွှေကို မျှော်နေတာ မရတာက တကြောင်း၊
စကစ က ရွှေဆိုင်တွေကို စျေးချရောင်းဖို့ ဖိအားပေး ရောင်းခိုင်းတာက တကြောင်းကြောင့် စျေးကွက်မှာ လက်ရှိမှောင်ခိုရွှေစျေးမတင်ပဲ စျေးကွက်ပျက်သွားတဲ့ သဘော ရောက်သွားတာ။
မှောင်ခိုစျေးကွက်မှာ ကမ္ဘာရွှေစျေးတွေ ဒီလောက်ပြန်ကျနေတာတောင် ရွှေစျေးက ၂၆ သိန်းအကျော် ၊ ၂၇ သိန်းနီးနီးကနေ စျေးတောင် ပိုမာလာတယ်။
ဒါကို ဒီအတိုင်း ဖမ်းနေ တားဆီးနေမယ်ဆိုရင် ရွှေစျေးက ပြည်တွင်းမှာ ကျလို့ အိန္ဒိယက မှောင်ခို လုပ်ဖို့ ဝယ်ယူမှုတွေ ပိုများလာလို့ ကျပ်ငွေက တန်ဖိုးပိုကျလာ ရွှေစျေးက တက်လာဖို့ပဲ ရှိတယ်။
ရိုက်ထုတ်မရတဲ့ ဒေါ်လာကို အာဏာနဲ့ကိုင်လိုက်ပြီး မြန်မာငွေမာမယ်လို့ပြောနေတာမစဉ်းစားတတ်အောင်ပါပဲ။
ဒီလို ခေတ်ပျက်ကို မကြည့်ပဲ စီမံခန့်ခွဲနေတဲ့ ပေါ်လစီအမှားတွေကြောင့် ရွှေစျေး၊ ဒေါ်လာစျေးတွေ အဆမတန် ခုန်မတက်သွားရင်တောင် ကံကောင်းတယ်မှတ်ပါ။
-ိန်းပေါ်ချိန်မှာ ဒေါ်လာ ပိုထွက်မယ်ဆိုတဲ့ခေတ်က ကုန်နေပြီ။ အခုခေတ်က နိုင်ငံအတော်များများက ဆေး‌ြေ-ာက်ကို တရားဝင်ခွင့်ပြုထားရုံမကဘူး။
ဓာတုဆေးတွေနဲ့ စိတ်ပြောင်းလဲဆေးတွေ အမြောက်အမြားထုတ်ထားလို့ -ိန်းပေါ်ချိန်တိုင်း ဒေါ်လာပေါမယ် ထင်မနေနဲ့။
-ိန်းကို ဆေးရုံတွေမှာ လူနာတွေအတွက် အသုံးပြုတာကလွဲပြီး စျေးကြီးလို့ သုံးတဲ့သူတောင် နည်းသွားတာကြာပေါ့။
Aung Kyaw Oo
Zawgyi Version ဖြင့်ဖတ်ရန်
ဒါပေမဲ့ ကျပ်ငွေတန်ဖိုး မကျလေဟန် ဖုံးဖိဖို့က လူသိများတဲ့ ရွှေ ဒေါ်လာဈေးတွေကို ထိန်းလိုက်တာနဲ့ ရွှေဝယ်ရောင်းတွေကို ဖမ်းပြီး ဈေးကွက်ထဲမှာ ပြည်သူတွေ မဝယ်တာနဲ့
ရွှေဈေးတွေကို ကျချင်တိုင်း ကျမယ်ဆိုပြီး ထင်ကတည်းက စမှားတော့တာပဲ။
စကစ အထင်က ရွှေဈေးကို ချနိုင်ရင် ဒေါ်လာကိုလည်း ဒီနည်းအတိုင်းပဲ ဝယ်သူမရှိအောင် ထိန်းပြီး ဒေါ်လာဝယ်လက်မရှိလေ သူတို့ကြိုက်ဈေးဖွင့်ပြီး
တကယ်လက်တွေ့မှာတော့ ရွှေ ၊ ဒေါ်လာငွေကြေးဈေးကွက်ဟာ ကမ္ဘာ့ဈေးနဲ့ တစ်တန်းတည်း ပြောင်းလဲနေတာ။
အိန္ဒိယကို မှောင်ခိုပို့ရုံနဲ့ အခုလက်ရှိ ရွှေဈေးတွေကို မတန်တဆ အောက်ကြေးနှိုက်ဝယ်တဲ့ဈေးကြောင့် အိန္ဒိယပို့တဲ့ ရွှေမှောင်ခိုတွေ အရင်ထက်ပိုပြီး အမြတ်နှစ်ဆရလို့ အကြီးအကျယ် ပို့နေကြတာ။
ဒါကို Myat M ဆိုတဲ့ လူက ရွှေဈေးကို ထိန်းလေ အရောင်းအဝယ် ဈေးကွာထားလို့ ဝယ်သူနည်းလာရင် ရွှေဈေးကျမယ်။
ရွှေဈေးကျသလို ဒေါ်လာကို ထိန်းလိုက်ရင် ဒေါ်လာဈေးပါ ကျမယ်ပြောနေလို့ ရွှေကိုလည်း ဈေးကျတာနဲ့ အောက်ဈေးနဲ့ ဝယ်မည့်သူက အပြည့်။
အခုက ရွှေဈေးကျဖို့မပြောနဲ့ ရွှေဆိုင်အများစုက ပြည်သူတွေဆီက အောက်ဈေးနဲ့ ပြန်သွင်းလာမည့် ရွှေကို မျှော်နေတာ မရတာက တကြောင်း၊
စကစ က ရွှေဆိုင်တွေကို ဈေးချရောင်းဖို့ ဖိအားပေး ရောင်းခိုင်းတာက တကြောင်းကြောင့် ဈေးကွက်မှာ လက်ရှိမှောင်ခိုရွှေဈေးမတင်ပဲ ဈေးကွက်ပျက်သွားတဲ့ သဘော ရောက်သွားတာ။
မှောင်ခိုဈေးကွက်မှာ ကမ္ဘာရွှေဈေးတွေ ဒီလောက်ပြန်ကျနေတာတောင် ရွှေဈေးက ၂၆ သိန်းအကျော် ၊ ၂၇ သိန်းနီးနီးကနေ ဈေးတောင် ပိုမာလာတယ်။
ဒါကို ဒီအတိုင်း ဖမ်းနေ တားဆီးနေမယ်ဆိုရင် ရွှေဈေးက ပြည်တွင်းမှာ ကျလို့ အိန္ဒိယက မှောင်ခို လုပ်ဖို့ ဝယ်ယူမှုတွေ ပိုများလာလို့ ကျပ်ငွေက တန်ဖိုးပိုကျလာ ရွှေဈေးက တက်လာဖို့ပဲ ရှိတယ်။
ဒီလို ခေတ်ပျက်ကို မကြည့်ပဲ စီမံခန့်ခွဲနေတဲ့ ပေါ်လစီအမှားတွေကြောင့် ရွှေဈေး၊ ဒေါ်လာဈေးတွေ အဆမတန် ခုန်မတက်သွားရင်တောင် ကံကောင်းတယ်မှတ်ပါ။
-ိန်းကို ဆေးရုံတွေမှာ လူနာတွေအတွက် အသုံးပြုတာကလွဲပြီး ဈေးကြီးလို့ သုံးတဲ့သူတောင် နည်းသွားတာကြာပေါ့။
Aung Kyaw Oo