ကြားသိရသမျှ

ရန်ကုန်မြို့လယ်ခေါင်က ကန်တော်ကြီးထဲမှာတောင် မလုံခြုံတော့ပါဘူး…

ရန်ကုန်မြို့လယ်ခေါင်က ကန်တော်ကြီးထဲမှာတောင် မလုံခြုံတော့ပါဘူး…

ကြောက်စရာ ကောင်းနေပါပြီ။

ကိုယ်တွေ့ကြုံသူတဦးရဲ့ သတိပေးစာ၊ ကန်တော်ကြီးထဲ သွားမဲ့သူတွေအတွက် အနီရောင် သတိပေးချက်ပါ။ ကန်တော်ကြီး တံတား၊ မီးလောင်သွားတဲ့ ကန်တော်ကြီးအနောက်ဘက်ကိုလုံးဝ ရှောင်ပါ။

အဲနားမှာ ငါးမျှားသလိုလို နဲ့အရက်ထိုင်သောက်နေတဲ့လူတွေရှိတတ်တယ်။ အဲလူတွေက လူအလစ်ချောင်းပြီး အတွဲတွေကို ဒါးပြတိုက်တတ်လို့ပါ။

စနေနေ့ ညနေ ၅ နာရီ ၃၈ မိနစ်လောက်က အတွဲတစ်တွဲကို ဒါးပြတိုက် ထားတာ သတိမထားမိပဲ လေ့ကျင့်ခန်း လုပ်ပြေးနေရင်း မောလို့ ခဏရပ်ပြီး နားလိုက်တာကို

သူတို့ ဒါးပြတိုက်နေတာ ရိပ်မိပြီး လာကူညီတယ် အထင်နဲ့ ရင်ဘတ်တည့်တည့်ကို အရိုးအသွား ၁၀လက်မ နီးပါးရှိတဲ့ ဒါးနဲ့ ပစ်-ိုက်တာပါ။

ဒါးဦးချွန်စိုက်တဲ့ အချိန် ရုတ်တရက် အသိနဲ့ ဒါးကို ခတ်ထုတ်ပစ်လိုက်တော့ ဘယ်ဘက် လက်ဖျံမှာ ၄ စင်တီမီတာလောက်ရှိတဲ့ ပြတ်ရှဒဏ်ရာတစ်ခုပဲရပြီး ကံကောင်းလို့ မ‌ေ-သခဲ့ဘူး။

ယောကျာ်း နှစ်ယောက်၊ တစ်ယောက်က ဒါးနဲ့ ထိုးစိုက်တဲ့အချိန် နောက်တစ်ယောက်က အနောက်ကို ဝင်ချုပ်ပြီး လူမမြင်ရအောင် ကပ်ထားပြီး ရှိတာ အကုန် ချွတ်ခိုင်းပြီး ဒါးချွန်ကို ဗိုက်ကို တောက်လျှောက်တေ့-ိုး နေတာပါ။

အခင်းဖြစ်နေတုန်း ဘေးနားက လေ့ကျင့်ခန်း လုပ်တဲ့လူ သုံးလေးယောက်လောက် ဖြတ်သွားပေမဲ့ ဘယ်သူမှ သတိမထားမိပါဘူး။ အဖြစ်အပျက် တခုလုံးက တစ်မိနစ်ဝန်းကျင်တောင် မကြာခဲ့ဘူး။

အစထဲက စောင်ငမွဲမို့ တစ်သိန်း လောက်ပဲ တန်တော့တဲ့ ဖုန်းတစ်လုံး။ နှစ်ပဲသား လက်စွပ်တစ်ကွင်းပဲပါ သွားပါတယ်။ ဒါပေမဲ့ အရေးကြီးတာ လူအသက်ပါ။

ငွေ ၅ သိန်း ဖိုးလောက်နဲ့ လူအသက်တစ်ခုကို ချွေပစ်ရဲတဲ့ ခိုးဆိုးနှိုက်တွေ ကန်တော်ကြီးလို ​​မြို့လယ်ကောင် လူတွေ ကြားထဲ မှာရှိနေတယ် ဆိုတာ၊ ဘတ်စ်ကားပေါ်မှာ လုယက်နေကြတာ၊

ခါးပိုက်နှိုက်တာ အော်လို့ ဒါးနဲ့ ထိုးသွားတာ ဒါတွေက တိုက်ဆိုင်မှုတစ်ခု မဟုတ်ခဲ့ဘူး။

တကယ် အရေးအကြောင်းရယ်ကျ လူတွေက ကိုယ့်အတွက်ပဲ ကြည့်ကြတာပါ။

ဒဏ်ရာတန်းလန်း ‌ေ-ွး အလိမ်းလိမ်းနဲ့ ဒါးပြတွေနဲ့ ဝေးရာ ပြေးလာပြီး အကိုရယ် ကျွန်တော်ကို ဒါးနဲ့-ိုး လုသွားလို့ပါ အကူအညီ တောင်းမိတဲ့ လူက မသိချင်ယောင်ဆောင် နောက်လှည့်ပြီး ပြန်ပြေးသွားပါတယ်။

ကန်တော်ကြီးထဲ ဘာလို့ သွားတာလည်း သွားတော့ ဖြစ်တာပေါ့ ဆိုပြီး victim လာ blame ရင်တော့ -ဲလွှတ်မှာပါ။

သူငယ်ချင်းတွေ အရက်သောက်ဖို့ခေါ်တာ မသွားဘဲ လေ့ကျင့်ခန်း သွားလုပ်မိလို့ သေကံမရောက် သက်မပျောက်ခဲ့ရတဲ့ ကောင်ဆိုးလေးပါတဲ့။

Wai Wai Hlaing

Zawgyi Version ျဖင့္ဖတ္ရန္

ရန္ကုန္ၿမိဳ႕လယ္ေခါင္က ကန္ေတာ္ႀကီးထဲမွာေတာင္ မလုံျခဳံေတာ့ပါဘူး…

ေၾကာက္စရာ ေကာင္းေနပါၿပီ။

ကိုယ္ေတြ႕ၾကဳံသူတဦးရဲ႕ သတိေပးစာ၊ ကန္ေတာ္ႀကီးထဲ သြားမဲ့သူေတြအတြက္ အနီေရာင္ သတိေပးခ်က္ပါ။ ကန္ေတာ္ႀကီး တံတား၊ မီးေလာင္သြားတဲ့ ကန္ေတာ္ႀကီးအေနာက္ဘက္ကိုလုံးဝ ေ႐ွာင္ပါ။

အဲနားမွာ ငါးမွ်ားသလိုလို နဲ႔အရက္ထိုင္ေသာက္ေနတဲ့လူေတြ႐ွိတတ္တယ္။ အဲလူေတြက လူအလစ္ေခ်ာင္းၿပီး အတြဲေတြကို ဒါးျပတိုက္တတ္လို႔ပါ။

စေနေန႔ ညေန ၅ နာရီ ၃၈ မိနစ္ေလာက္က အတြဲတစ္တြဲကို ဒါးျပတိုက္ ထားတာ သတိမထားမိပဲ ေလ့က်င့္ခန္း လုပ္ေျပးေနရင္း ေမာလို႔ ခဏရပ္ၿပီး နားလိုက္တာကို

သူတို႔ ဒါးျပတိုက္ေနတာ ရိပ္မိၿပီး လာကူညီတယ္ အထင္နဲ႔ ရင္ဘတ္တည့္တည့္ကို အ႐ိုးအသြား ၁၀လက္မ နီးပါး႐ွိတဲ့ ဒါးနဲ႔ ပစ္-ိဳက္တာပါ။

ဒါးဦးခြၽန္စိုက္တဲ့ အခ်ိန္ ႐ုတ္တရက္ အသိနဲ႔ ဒါးကို ခတ္ထုတ္ပစ္လိုက္ေတာ့ ဘယ္ဘက္ လက္ဖ်ံမွာ ၄ စင္တီမီတာေလာက္႐ွိတဲ့ ျပတ္႐ွဒဏ္ရာတစ္ခုပဲရၿပီး ကံေကာင္းလို႔ မ‌ေ-သခဲ့ဘူး။

ေယာက်ာ္း ႏွစ္ေယာက္၊ တစ္ေယာက္က ဒါးနဲ႔ ထိုးစိုက္တဲ့အခ်ိန္ ေနာက္တစ္ေယာက္က အေနာက္ကို ဝင္ခ်ဳပ္ၿပီး လူမျမင္ရေအာင္ ကပ္ထားၿပီး ႐ွိတာ အကုန္ ခြၽတ္ခိုင္းၿပီး ဒါးခြၽန္ကို ဗိုက္ကို ေတာက္ေလွ်ာက္ေတ့-ိဳး ေနတာပါ။

အခင္းျဖစ္ေနတုန္း ေဘးနားက ေလ့က်င့္ခန္း လုပ္တဲ့လူ သုံးေလးေယာက္ေလာက္ ျဖတ္သြားေပမဲ့ ဘယ္သူမွ သတိမထားမိပါဘူး။ အျဖစ္အပ်က္ တခုလုံးက တစ္မိနစ္ဝန္းက်င္ေတာင္ မၾကာခဲ့ဘူး။

အစထဲက ေစာင္ငမြဲမို႔ တစ္သိန္း ေလာက္ပဲ တန္ေတာ့တဲ့ ဖုန္းတစ္လုံး။ ႏွစ္ပဲသား လက္စြပ္တစ္ကြင္းပဲပါ သြားပါတယ္။ ဒါေပမဲ့ အေရးႀကီးတာ လူအသက္ပါ။

ေငြ ၅ သိန္း ဖိုးေလာက္နဲ႔ လူအသက္တစ္ခုကို ေခြၽပစ္ရဲတဲ့ ခိုးဆိုးႏိႈက္ေတြ ကန္ေတာ္ႀကီးလို ​​ၿမိဳ႕လယ္ေကာင္ လူေတြ ၾကားထဲ မွာ႐ွိေနတယ္ ဆိုတာ၊ ဘတ္စ္ကားေပၚမွာ လုယက္ေနၾကတာ၊

ခါးပိုက္ႏိႈက္တာ ေအာ္လို႔ ဒါးနဲ႔ ထိုးသြားတာ ဒါေတြက တိုက္ဆိုင္မႈတစ္ခု မဟုတ္ခဲ့ဘူး။

တကယ္ အေရးအေၾကာင္းရယ္က် လူေတြက ကိုယ့္အတြက္ပဲ ၾကည့္ၾကတာပါ။

ဒဏ္ရာတန္းလန္း ‌ေ-ြး အလိမ္းလိမ္းနဲ႔ ဒါးျပေတြနဲ႔ ေဝးရာ ေျပးလာၿပီး အကိုရယ္ ကြၽန္ေတာ္ကို ဒါးနဲ႔-ိဳး လုသြားလို႔ပါ အကူအညီ ေတာင္းမိတဲ့ လူက မသိခ်င္ေယာင္ေဆာင္ ေနာက္လွည့္ၿပီး ျပန္ေျပးသြားပါတယ္။

ကန္ေတာ္ႀကီးထဲ ဘာလို႔ သြားတာလည္း သြားေတာ့ ျဖစ္တာေပါ့ ဆိုၿပီး victim လာ blame ရင္ေတာ့ -ဲလႊတ္မွာပါ။

သူငယ္ခ်င္းေတြ အရက္ေသာက္ဖို႔ေခၚတာ မသြားဘဲ ေလ့က်င့္ခန္း သြားလုပ္မိလို႔ ေသကံမေရာက္ သက္မေပ်ာက္ခဲ့ရတဲ့ ေကာင္ဆိုးေလးပါတဲ့။

Wai Wai Hlaing