ကြားသိရသမျှ

ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦးက အမျိုးသမီးတစ်ဦးကို အက်ဆစ်ဖြင့်ပက်ပြီး…

ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦးက အမျိုးသမီးတစ်ဦးကို အက်ဆစ်ဖြင့်ပက်ပြီး…

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦး အက်ဆစ်ဖြင့် ပက်ခံရမှု

နို၀င်ဘာလ ၂၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။

မဟာအောင်မြေမြို့နယ် ၃၆လမ်း ၇၈ လမ်းတွင် ဆိုင်ကယ်စီးလာသည့်

အမည်မသိ အမျိုးသား ၂ ဦးက အက်ဆစ်ဖြင့် လောင်းသွားခြင်းဖြစ်သည်ဟု သိရသည်။

“ယောင်္ကျားလေး ၂ ယောက်လိုက်ပါလာတဲ့ ဆိုင်ကယ် တစ်စီးက

ခေါင်းကနေ အက်ဆစ်နဲ့ လောင်းသွားတာပါ၊ ဘယ်သူဘယ်ဝါက လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး၊

အက်‌ဆစ်ပျော့ဆိုတော့ သိပ်စိုးရိမ်စရာ မရှိပါဘူး ” ဟု ရွှေချည်စေတနာ လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ အမျိုးသမီးသည် ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်သည်ဟု သိရသည်။

credit to orginal

Zawgyi Version ဖငြ့်ဖတ်ရန်










credit to orginal