Beauty

ထည့်ချင်ရာ ထည့်၊ မွှေချင်ရာ မွှေနေတဲ့ အသားဖြူစပ်ဆေးများရဲ့ နောက်ကွယ်က အန္တရာယ်

ထည့်ချင်ရာ ထည့်၊ မွှေချင်ရာ မွှေနေတဲ့ အသားဖြူစပ်ဆေးများရဲ့ နောက်ကွယ်က အန္တရာယ်

Skincare ပဲဖြစ်ဖြစ် Body care ပဲဖြစ်ဖြစ်၊ ဖော်မြူလာပြုလုပ်သူ (Formulator) တွေ၊ ဓာတုဗေဒပညာရှင် (chemist) တွေနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်မှု (Lab test) အဆင့်ဆင့် လုပ်ပြီး ခွင့်ပြုမှသာ ထုတ်လို့ရပါတယ်။

Skincare ထုတ်လုပ်မယ့်နေရာမှာ သန့်ရှင်းရေး စည်းမျဉ်း (sanitation guidelines) တွေနဲ့အညီ ပိုးသတ်တဲ့အဆင့်ဆင့်လုပ်ရပါတယ်။ ဒီတိုင်းကြမ်းပြင်ပေါ် ဇလုံချပြီး ရောသမမွှေထုတ်မရပါ။

ဆရာဝန်ဆိုတိုင်းလဲ ဖော်မြူလာတွေ၊ ဓာတုဗေဒပစ္စည်းတွေ နားလည်သူမှသာ အဲ့ဖက်သွားလို့ရပါတယ်။

နားမလည်ရင် ကျွမ်းကျင်ပညာရှင်တွေ၊ ဓာတုဗေဒပညာရှင်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ရပါတယ် ။

Body lotion တစ်ခုဆီမှာ ထည့်ထားတဲ့ ပါဝင်ပစ္စည်းတွေ၊ အချိုးအစားတွေဟာ သူ့တစ်မျိုးအတွက်သာ ပြုလုပ်ထားတာပါ။

ရောစပ်လိုက်ခြင်းအားဖြင့် ပါဝင်ပစ္စည်းအချင်းချင်း ဓါတ်ပြုခြင်း အာနိသင်လျော့ခြင်း ဓါတ်မတည့်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

တခြားတခုနဲ့ ပေါင်းစပ်ရင် ဖြစ်လာမယ့်ဆိုးကျိုးတွေအတွက် ဘာသုသေသနမှ ပြုလုပ်ထားခြင်းမရှိလို့ ကိုယ်ဖြစ်ကိုယ်ခံပါပဲ။

တချို့ ပစ္စည်းတွေက အက်ဆစ် ဖြစ်ပြီး တချို့က ဘေစ့် ဖြစ်နေတယ်ဆို အက်ဆစ် ဘေစ့် ဓာတ်ပြုမှုတွေပါ ဖြစ်လာနိုင်ပါတယ်။

အက်ဆစ်လား ဘေစ့်လားဆိုတာ pH level စမ်းကြည့်မှသိမှာပါ။

ကိုယ့်ဘာသာလိမ်းရင် လက်ထဲမှာ လိုးရှင်းနှစ်ခု ခဏလောက်ရောတာ ဓာတ်ပြုမှုအချိန် သိပ်မကြာလိုက်လို့ တော်သေးပေမယ့် တလွှာချင်း လိမ်းဖို့ပဲ ညွှန်းချင်ပါတယ်။

စပ်ဆေးတွေတင်မဟုတ်ပဲ စပ်လိုရှင်းများအန္တရာယ်မှလဲ ရှောင်ကြပါနော်။

(drsuri)

ထည့္ခ်င္ရာ ထည့္၊ ေမႊခ်င္ရာ ေမႊေနတဲ့ အသားျဖဴစပ္ေဆးမ်ားရဲ႕ ေနာက္ကြယ္က အႏၲရာယ္

Skincare ပဲျဖစ္ျဖစ္ Body care ပဲျဖစ္ျဖစ္၊ ေဖာ္ျမဴလာျပဳလုပ္သူ (Formulator) ေတြ၊ ဓာတုေဗဒပညာ႐ွင္ (chemist) ေတြနဲ႔ ဓာတ္ခြဲခန္းမွာ စမ္းသပ္မႈ (Lab test) အဆင့္ဆင့္ လုပ္ၿပီး ခြင့္ျပဳမွသာ ထုတ္လို႔ရပါတယ္။

Skincare ထုတ္လုပ္မယ့္ေနရာမွာ သန္႔႐ွင္းေရး စည္းမ်ဥ္း (sanitation guidelines) ေတြနဲ႔အညီ ပိုးသတ္တဲ့အဆင့္ဆင့္လုပ္ရပါတယ္။ ဒီတိုင္းၾကမ္းျပင္ေပၚ ဇလုံခ်ၿပီး ေရာသမေမႊထုတ္မရပါ။

ဆရာဝန္ဆိုတိုင္းလဲ ေဖာ္ျမဴလာေတြ၊ ဓာတုေဗဒပစၥည္းေတြ နားလည္သူမွသာ အဲ့ဖက္သြားလို႔ရပါတယ္။

နားမလည္ရင္ ကြၽမ္းက်င္ပညာ႐ွင္ေတြ၊ ဓာတုေဗဒပညာ႐ွင္ေတြနဲ႔ ေသခ်ာေဆြးေႏြးတိုင္ပင္ရပါတယ္ ။

Body lotion တစ္ခုဆီမွာ ထည့္ထားတဲ့ ပါဝင္ပစၥည္းေတြ၊ အခ်ိဳးအစားေတြဟာ သူ႕တစ္မ်ိဳးအတြက္သာ ျပဳလုပ္ထားတာပါ။

ေရာစပ္လိုက္ျခင္းအားျဖင့္ ပါဝင္ပစၥည္းအခ်င္းခ်င္း ဓါတ္ျပဳျခင္း အာနိသင္ေလ်ာ့ျခင္း ဓါတ္မတည့္ျခင္းတို႔ ျဖစ္လာႏိုင္ပါတယ္။

တျခားတခုနဲ႔ ေပါင္းစပ္ရင္ ျဖစ္လာမယ့္ဆိုးက်ိဳးေတြအတြက္ ဘာသုေသသနမွ ျပဳလုပ္ထားျခင္းမ႐ွိလို႔ ကိုယ္ျဖစ္ကိုယ္ခံပါပဲ။

တခ်ိဳ႕ ပစၥည္းေတြက အက္ဆစ္ ျဖစ္ၿပီး တခ်ိဳ႕က ေဘစ့္ ျဖစ္ေနတယ္ဆို အက္ဆစ္ ေဘစ့္ ဓာတ္ျပဳမႈေတြပါ ျဖစ္လာႏိုင္ပါတယ္။

အက္ဆစ္လား ေဘစ့္လားဆိုတာ pH level စမ္းၾကည့္မွသိမွာပါ။

ကိုယ့္ဘာသာလိမ္းရင္ လက္ထဲမွာ လိုး႐ွင္းႏွစ္ခု ခဏေလာက္ေရာတာ ဓာတ္ျပဳမႈအခ်ိန္ သိပ္မၾကာလိုက္လို႔ ေတာ္ေသးေပမယ့္ တလႊာခ်င္း လိမ္းဖို႔ပဲ ၫႊန္းခ်င္ပါတယ္။

စပ္ေဆးေတြတင္မဟုတ္ပဲ စပ္လို႐ွင္းမ်ားအႏၲရာယ္မွလဲ ေ႐ွာင္ၾကပါေနာ္။

(drsuri)