ဆိုင်ကယ်စီးလာသူအား လူတစ်စုမှ ဦးခေါင်းအား…
ဆိုင်ကယ်စီးလာသူအား လူတစ်စုမှ ဦးခေါင်းအား တူဖြင့်ထုကာ ဆိုင်ကယ်လု၍ ထွက်ပြေးသွား
CJ Platform
မုံရွာမြို့၌ ဆိုင်ကယ်စီးလာသူအား လူတစ်စုမှ ဦး ခေါင်းအား တူဖြင့်ထုကာ ဆိုင်ကယ်လု၍ ထွက် ပြေးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ရက် ညပိုင်းက မုံရွာမြို့၊ ကျောက္ကာလမ်းပေါ် ကာဗာတိုင်းပြည်ဆိုင်အနီး၌ ဆိုင်ကယ်စီးလာသော လူငယ်တစ်ဦးအား
လူလေးဦးပါဝင်သော လူတစ်စုမှ အသင့်ယူဆောင်လာသော တူဖြင့် ဦး ခေါင်းအား ထုကာ ဆိုင်ကယ်အား လုယက်၍ ထွက် ပြေးသွားကြောင်း သိရသည်။
ဆိုင်ကယ်လုယက်ခံရသူမှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် အမျိုးသားဖြစ်ကာ ဦးခေါင်းကွဲ အက်ဒဏ်ရာ၊ လက်ကျိုး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်စီးလာတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်ကို လူလေးဦးက ဦးခေါင်းကို တူနဲ့ထုပြီး ဆိုင်ကယ်လုသွားတာ။
လူငယ်က ဦးခေါင်းကွဲဒဏ်ရာ၊ လက်ကျိုးဒဏ်ရာတွေ ရသွားပါတယ်။ သူစီးလာတဲ့ Click ဘီးကိုလည်း လုယက်သွားတယ်။ “ဟု ဒဏ်ရာရသူအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ (မုံရွာ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသူမှာ မုံရွာဆေးရုံကြီး၌ ဆေးကုသနေကာ လုယက်သူများအား စုံစမ်းနေကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခဲ့ကာ နိုင်ငံတစ်ဝန်း၌ လုယက်သတ်ဖြတ်မှု ဖြစ်စဉ်များ နေ့စဉ်နှင့် အမျှ ဖြစ်ပွားနေကြောင်း သိရသည်။
🖋️မေ
ဓာတ်ပုံ- မုံရွာ လူမှုကယ်ဆယ်ရေးအဖွဲ့
ဆိုင်ကယ်စီးလာသူအား လူတစ်စုမှ ဦးခေါင်းအား တူဖြင့်ထုကာ ဆိုင်ကယ်လု၍ ထွက်ပြေးသွား
CJ Platform
Zawgyi Version ျဖင့္ဖတ္ရန္
ဆိုင္ကယ္စီးလာသူအား လူတစ္စုမွ ဦးေခါင္းအား…
ဆိုင္ကယ္စီးလာသူအား လူတစ္စုမွ ဦးေခါင္းအား တူျဖင့္ထုကာ ဆိုင္ကယ္လု၍ ထြက္ေျပးသြား
CJ Platform
မုံ႐ြာၿမိဳ႕၌ ဆိုင္ကယ္စီးလာသူအား လူတစ္စုမွ ဦး ေခါင္းအား တူျဖင့္ထုကာ ဆိုင္ကယ္လု၍ ထြက္ ေျပးသြားမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ႏိုဝင္ဘာ ၂၇ရက္ ညပိုင္းက မုံ႐ြာၿမိဳ႕၊ ေက်ာကၠာလမ္းေပၚ ကာဗာတိုင္းျပည္ဆိုင္အနီး၌ ဆိုင္ကယ္စီးလာေသာ လူငယ္တစ္ဦးအား
လူေလးဦးပါဝင္ေသာ လူတစ္စုမွ အသင့္ယူေဆာင္လာေသာ တူျဖင့္ ဦး ေခါင္းအား ထုကာ ဆိုင္ကယ္အား လုယက္၍ ထြက္ ေျပးသြားေၾကာင္း သိရသည္။
ဆိုင္ကယ္လုယက္ခံရသူမွာ အသက္ ၂၀ ဝန္းက်င္အ႐ြယ္ လူငယ္ အမ်ိဳးသားျဖစ္ကာ ဦးေခါင္းကြဲ အက္ဒဏ္ရာ၊ လက္က်ိဳး ဒဏ္ရာမ်ား ရ႐ွိခဲ့ေၾကာင္း သိရသည္။
“ဆိုင္ကယ္စီးလာတဲ့ အသက္ ၂၀ ဝန္းက်င္ လူငယ္ကို လူေလးဦးက ဦးေခါင္းကို တူနဲ႔ထုၿပီး ဆိုင္ကယ္လုသြားတာ။
လူငယ္က ဦးေခါင္းကြဲဒဏ္ရာ၊ လက္က်ိဳးဒဏ္ရာေတြ ရသြားပါတယ္။ သူစီးလာတဲ့ Click ဘီးကိုလည္း လုယက္သြားတယ္။ “ဟု ဒဏ္ရာရသူအား ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေသာ
ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး အဖြဲ႕ (မုံ႐ြာ)မွ တာဝန္႐ွိသူ တစ္ဦးက ေျပာသည္။
ဒဏ္ရာရ႐ွိသူမွာ မုံ႐ြာေဆး႐ုံႀကီး၌ ေဆးကုသေနကာ လုယက္သူမ်ားအား စုံစမ္းေနေၾကာင္း သိရသည္။
စစ္အာဏာသိမ္းၿပီးေနာက္ တရားဥပေဒစိုးမိုးမႈ ကင္းမဲ့ခဲ့ကာ ႏိုင္ငံတစ္ဝန္း၌ လုယက္သတ္ျဖတ္မႈ ျဖစ္စဥ္မ်ား ေန႔စဥ္ႏွင့္ အမွ် ျဖစ္ပြားေနေၾကာင္း သိရသည္။
🖋️ေမ
ဓာတ္ပုံ- မုံ႐ြာ လူမႈကယ္ဆယ္ေရးအဖြဲ႕
ဆိုင္ကယ္စီးလာသူအား လူတစ္စုမွ ဦးေခါင္းအား တူျဖင့္ထုကာ ဆိုင္ကယ္လု၍ ထြက္ေျပးသြား
CJ Platform