မိန်းကလေးတိုင်းဟာ တစ်ယောက်တည်းရှိနေရင် ဒီလို ပေါက်ကရတွေ လုပ်တတ်ပါတယ်တဲ့
သင့်ကောင်မလေးကို သင့်နားမှာမရှိတဲ့အချိန် သူဘာတွေလုပ်နေမလဲဆိုပြီး တွေးကြည့်ဖူးလား ။
သင့်ကောင်မလေးဆီမှာ သင်မသိသေးတဲ့ ညစ်ပတ်ပတ် ၊ ခပ်ပြောင်ပြောင် အကျင့်စရိုက်လေးတွေ ရှိနေနိုင်ပါတယ် ။
၁။ ရေချိုးကန်ထဲမှာ ရှူးပေါက်တယ်
အမျိုးသားတွေဟာ ရေချိုးရင်း ရှူးပေါက်တာ ၊ ရေချိုးကန်ထဲ ရှူးပေါက်တာမျိုးတွေ လုပ်ချင်ကြပါတယ်။ သို့သော်လည်း အခြားအသုံးပြုတဲ့ သူတွေကို ငဲ့ကွက်သောကြောင့် ဒီလိုမျိုးတွေ မလုပ်ဖြစ်ကြပါဘူး။
ဒါပေမယ့် မိန်းကလေးတွေကတော့ ဒီလိုရေချိုးကန်ထဲ ရှူးပေါက်ရတာကို တစ်ခါတစ်ရံ လုပ်လေ့ရှိကြတယ်လို့ ဆိုပါတယ်။
၂။ သင့်ခေါင်းအုံးကို သူအရမ်းကြိုက်တယ်
သူ့အနားမှာ သင်မရှိတဲ့အချိန် သင့်အင်္ကျ ီအနံ့လေးတွေကို နမ်းတာ ၊ သင်အုံးတဲ့ခေါင်းအုံးပေါ်မှာ လှဲအိပ်ရတာမျိုးတွေကို သူတို့ အရမ်းသဘောကျကြပါတယ်။
၃။ သင်နဲ့တူတူရေချိုးပြီး အတူနေလိုစိတ်ရှိတယ်
သူမအနေနဲ့ အိပ်ရာပေါ်မှာ ချွေးတွေနဲ့ လှဲနေတဲ့ သင့်ကို စိတ်ဝင်စားမှု မရှိပါဘူး။
သူနဲ့ အတူနေချင်တဲ့ စိတ်ရှိတယ် ဆိုရင်တော့ သူမနဲ့ အရင်ဆုံး ရေတူတူချိုးဖို့ လိုပါမယ်။ သင်နဲ့ ရေအတူချိုးပြီး နေရတဲ့ ခံစားမှုကို သူမ နှစ်သက်ပါတယ်။
၄။ တစ်ယောက်တည်းရှိတဲ့အချိန်မှာ sexy dancer ဖြစ်နေတတ်တယ်
သူမဟာ sexy ကျကျ ကရတာမျိုးကို နှစ်သက်နေတတ်ပါတယ် ။မယုံရင် သူနဲ့အတူတူ ပါတီသွားပြီး သူမရဲ့ ကပုံ ၊ ကိုယ်နေဟန်ထား လှုပ်ရှားပုံကို သတိထားကြည့်ကြည့်ပါ ။
၅။ မိန်းကလေးတွေ Night Out ထွက်ကြတယ်
သူမတို့ မိန်းကလေးတွေချည်း သီးသန့် night out ထွက်ပြီဆို ဘာတွေလုပ်ကြလဲဆိုတာ သင်တွေးမိမှာတောင် မဟုတ်ပါဘူး။
ဆေးလိပ်သောက်တာ ၊ အရက်သောက်တာ ၊ မသိတဲ့ သူစိမ်းတွေနဲ့တောင် ကလပ်မှာ ပျော်ပါးပြီး အသင်းအဖွဲ့ ဖြစ်နေတတ်ပါတယ်။
၆။ သင်တစ်ယောက်တည်းနဲ့ date လုပ်ရတာကို ငြီးငွေ့တယ်
သင်သိပါသလား ။ သူမတို့ဟာ လူတစ်ယောက်တည်းနဲ့ အမြဲတမ်း date လုပ်နေရတာကို မုန်းပါတယ်တဲ့။ မိန်းကလေးတိုင်းလို့တော့ မဆိုလိုဘူးနော် ။
၇။ သင်အနားမှာမရှိတဲ့အချိန် လေလည်ရတာကို သဘောကျသေး
သူတို့ကတော့ ဘယ်တော့မှ ဝန်ခံမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူမတို့ဟာ သင်တို့ ယောက်ျားတွေလောက်နီးနီးကို လေလည်နိုင်စွမ်းရှိပါတယ်။
သင်အနားမှာ မရှိတဲ့အချိန် ခိုးပြီး လေလည်ရတဲ့ feeling ကိုလည်း သူတို့ ကြိုက်ကြပါတယ် တဲ့။
၈။ သင့်သူငယ်ချင်းတွေနဲ့ ပတ်သတ်ပြီး အလာဂျီရှိတယ်
သင့်မှာ သူငယ်ချင်း အပေါင်းအသင်းများလေ သူတို့ကို ဂရုမစိုက်ဘူးဆိုပြီးတော့ ဟိုးအဆုံးထိ တွေးကာ စိတ်ဆင်းရဲနေ တတ်တာ သူမတို့ပါပဲ ။
၉။ ရည်းစားဟောင်း ကောင်လေးတွေကို checking လုပ်တတ်တယ်
မိန်းကလေး ၃ယောက်မှာ ၁ယောက်ဟာ ဖေ့စ်ဘုတ်လို လူမှုကွန်ယက်တွေမှာ သူတို့ရဲ့ ရည်းစားဟောင်းကို ပြန်ပြီး checking လုပ်ကာ စိတ်ဝင်စားတတ်ပါတယ် ။
၁၀။ သင့်အခန်းကို ရှင်းပေးဖို့ အာရုံမလာပါဘူး။
ဘာလို့လဲဆိုတော့ သူတို့အခန်းတောင် သူတို့ ပုံမှန်ရှင်းလေ့ မရှိကြလို့ပါပဲ ။ အဲ့တော့ သင့်ကောင်မလေးကို အိမ်လည်ခေါ်ရင် သင့်အခန်းကိုမြင်ပြီး ရှင်းပေးသွားမှာပဲလို့ စိတ်ကူးမယဉ်လိုက်ပါနဲ့။
ကဲ..ဒီအချက်လေးတွေကို ဖတ်ပြီး ကောင်မလေးအပေါ် အချစ်တွေ မလျော့လိုက်နဲ့ဦး ။ အကျင့်လေးတွေက ချစ်ဖို့ကောင်းပါတယ်လေ..နော်.. ^_^
CHAN ( ရွှေအင်းလေး)
Credit: www.shweinnlay.com
Zawgyi Version ဖြင့်ဖတ်ရန်
CHAN ( ရွှေအင်းလေး)