Cele News

သင်္ကြန်မှာအုပ်စုနဲ့အနိုင်ကျင့်ခဲ့တဲ့ အဆိုတော် လင်းလင်းကို အခုချိန်ထိမကျေနပ်နိုင်သေးတဲ့ နိုဗန်ထူး

သင်္ကြန်မှာအုပ်စုနဲ့အနိုင်ကျင့်ခဲ့တဲ့ အဆိုတော် လင်းလင်းကို အခုချိန်ထိမကျေနပ်နိုင်သေးတဲ့ နိုဗန်ထူး

ပရိသတ်ကြီးရေ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်တွေကြား နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ နိုဗန်ထူး ကိုတော့ အားလုံးသိကြလိမ့်မယ်ထင်ပါတယ်။

နိုဗန် ဟာလက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်စွဲရင်း တွန်းလှန်ဖို့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။

အမှန်တရားဘက်တော်သား အချင်းချင်းဖြစ်တဲ့ နာမည်ကြီး အဆိုတော်လင်းလင်းနဲ့ 2019 သင်္ကြန်မှာ ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့ပတ်သတ်ပြီး

နိုဗန် ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပရိသတ်တွေကို အကြောင်းစုံချပြခဲ့ပါတယ်။

ဒါပေမယ့်လဲ အဆိုတော် လင်းလင်းဘက်ကနေ အုပ်စုဖွဲ့အနိုင်ကျင့်ခံခဲ့ရတဲ့ နိုဗန်ထူး ကို အခုချိန်ထိပြန်လည်တောင်းပန်ခြင်း မရှိသေးတာကြောင့်

သူငယ်ချင်းတစ်ဦးရဲ့ ပိုစ်တစ်ခုကို ပြန်လည်မျှဝေရင်း တောင်းပန်မှု့ကိုလိုချင်တဲ့အကြောင်းကို ရေးသားလားပါတယ်။

“နိုဗန်နဲ့ ကျနော်နဲ့က ပုဂ္ဂိုလ်ရေးရင်းနှီးတာမဟူတ်ဘူးအရင်ကတည်းက ယုံကြည်ချက်ခံယူချက်တွေကြောင့် ဘော်ဒါဖြစ်ခဲ့တာပါ။

သူပြောနေကျနှလုံးသား လှကြသူတွေပေါင်းမိတာပေါ့ဗျာ။ လင်းလင်းနဲ့ကတော့ စတုတ္ထတော်လှန်ရေးအခွေကိစ္စမှာ တော်လှန်ရေးဆိုတဲ့စကားရပ်အပေါ် ကိုကြီးမျိုးတို့နဲ့ ငြင်းခုန်ကြတဲ့ post တခုကနေ သူကျနော့်ကိုလာ add တာပါ။

အဲ့ဒီအချိန်ထိကျနော်သူ့ကိုသဘောကျပါတယ်။ နောက်ပိုင်းတော့ ရခိုင်မှာ ကယ်လားထင်ခံရမှာစိုးလို့ ဝက်သားစားပြတာတို့ သမီးလေးဗစ်တိုးရီးယားကိစ္စမှာ

မေမေ့ကိုထိခိုက်မှာစိုးလို့ လက်ရှောင်လိုက်တာတို့မှာ သဘောမကျတော့တာပဲ။နောက်ပိုင်းလည်း နိုဗန်ကိစ္စမှာတော့အတော်ဆိုးပါတယ်။

ပုဂ္ဂိုလ်ရေးအရပြောတာမဟုတ်ပါဘူး။ အုပ်စုဖွဲ့အနိုင်ကျင့်တယ် ဒါတောင်မပြီးနိုင်ပဲ ဆိုရှယ်မီဒီယာမှာ လူငယ်တွေစောက်ချိုးပြေဖို့မျှော်လင့်တယ် ဆိုတာမျိုးနဲ့ ဖန်များတာနဲ့ တရားတည်ဆောက်တာကို မကြိုက်တော့တာပဲ။

နိုဗန်တယောက် လင်းလင်းနဲ့ကိစ္စကို တဖွဖွပြောနေတာဟာလည်း ပုဂ္ဂိုလ်ရေးမဟုတ်ပါဘူး။

ယောက်ကျားတယောက် အုပ်စုဖွဲ့အနိုင်အကျင့်ခံရလို့ စိတ်ဒါဏ်ရာရနေတဲ့ မတရားမှုကို တဖွဖွပြောပြနေတာပါ။

အုပ်စုကောင်းတိုင်းတရားကြေးဆိုရင် ဟစ်တလာလည်းတရားပါတယ်။

တယုတ်အစိုးရကြီးလည်းတရားပါတယ်။

လက်နက်နဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်နေတဲ့ မင်းအောင်လှိုင်လည်းတရားပါတယ်။

ခုပြောတာလည်း အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စမျိုးတွေကို တော်လှန်ရေးကာလကြီးထဲမှာတောင် မေမေ့သားမို့ အုပ်စုတောင့်လို့ဆိုပြီး မပြောကြတာရယ်။

တောင်းပန်လိုက်ရင်ပြီးတာကို မတောင်းပန်ပဲ ကျနော်လိုကောင်ကိုတောင် ဘလော့ပြီးလစ်သွားတာလည်းအတော်စိတ်ပျက်စရာပါ။

လူငယ်တွေစောက်ချိုးပြေဖို့မလိုပါဘူးလူငယ်တွေရော ခင်ဗျားတို့ရော စောက်ကျင့်ကောင်းဖို့ပဲလိုတာပါစောက်ကျင့်ကောင်းဖို့လိုတယ်နော်” ဆိုပြီး

နိုဗန် နဲ့ လင်းလင်း တို့ရဲ့ပြသနာနဲ့ပတ်သက်ပြီး နီးစပ်တဲ့မိတ်ဆွေတစ်ဦးကနေ ရေးသားထားတဲ့ လွန်ခဲ့တဲ့တစ်နှစ်က စာသားလေးကို နိုဗန်က သူ့ရဲ့လူမှု့ကွန်ယက်ပေါ်ကို ပြန်လည်မျှဝေထားပါတယ်။

ZAWGYI VERSION






















ZAWGYI VERSION