News

KNU တပ်မဟာ ၅ နယ်မြေမှာ အရေးပါသည့်…

KNU တပ်မဟာ ၅ နယ်မြေမှာ အရေးပါသည့်…

KNU တပ်မဟာ ၅ နယ်မြေမှာ အရေးပါသည့် စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA တိုက်ခိုက်

ဒီဇင်ဘာလ ၇ ရက်နေ့၊ ၂၀၂၂

ကရင်ပြည်နယ် ဖာပွန် (မူတြော်) ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ အဓိကအရေးပါသည့် စစ်ကောင်စီတပ်စခန်း သုံးခုကို

ဒီဇင်ဘာလ ၆ ရက်နေ့မနက်မှာ KNLA တပ်ဖွဲ့တို့က တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ KNLA နဲ့နီးစပ်သည့်နယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။

အင်အားတောင့်တင်းသည့် လယ်တိုးနှင့် ကျောက်ခက်စစ်ကောင်စီတပ်စခန်းနှင့် ရဟတ်ယာဉ်ဆင်းသက်နိုင်သည့်ကွင်းပါရှိသည့် သီးရိုထာစစ်ကောင်စီတပ်စခန်းကို KNLA/KNDO တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ

သီးရိုထာတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ ကျန်စခန်းနှစ်ခုကိုတိုက်ခိုက်ရာမှာ စစ်ကောင်စီက လေယာဉ်ဖြင့်လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီစခန်းတွေတိုက်ခိုက်ပြီးနောက် KNU တပ်ရှိရာနေရာတချို့ကို စစ်ကောင်စီတိုက်ခိုက်ရေးလေယာဉ်များလည်း လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တာရှိတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကဆိုပါတယ်။

ဒီနေ့မနက်မှာလည်း ဖာပွန်ခရိုင်က တိုးညိုး၊ ဖောထနှင့် ဘွားဒဲကျေးရွာတွင် စစ်ကောင်စီလေယာဉ်များလာရောက်ဗုံးကြဲခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲတွင်ထိခိုက်သေဆုံးမှုကိုအသေးစိတ်မသိရသေးပေမဲ့ သီးရိုထာစခန်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး KNLA တပ်ဖွဲ့ဘက်က ၂ ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

လယ်တိုးစခန်းသည် အင်အားတောင့်တင်းသည့်စခန်းတစ်ခုဖြစ်ပြီး သံလွင်မြစ်ကမ်းနားရှိ မယ်ခါးထာစစ်ကောင်စီတပ်စခန်းအနီးတွင်တည်ရှိကာ တိုက်ခိုက်သိမ်းပိုက်ဖို့အခက်ဆုံးစခန်းဖြစ်တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။

မယ်ခါးထာတပ်စခန်းသည် KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်ရှိ စစ်ကောင်စီရဲ့အကြီးဆုံးတပ်စခန်းထဲကတစ်ခုဖြစ်တယ်လို့သိရပါတယ်။

မယ်ခါးထာတပ်စခန်းသည် အင်အားတောင့်တင်းပြီး သံလွင်မြစ်တစ်ဘက်ကမ်းရှိ ထိုင်းနိုင်ငံနှင့်နယ်စပ်ထိစပ်သည်။

အောက်ဆုံးတွင်ရုပ်သံကြည့်ရန်

Video Player

ဓာတ်ပုံ – KNLA တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။

Source – Salween Press

Zawgyi Version ျဖင့္ဖတ္ရန္

KNU တပ္မဟာ ၅ နယ္ေျမမွာ အေရးပါသည့္…

KNU တပ္မဟာ ၅ နယ္ေျမမွာ အေရးပါသည့္ စစ္ေကာင္စီတပ္စခန္း ၃ ခုကို KNLA တိုက္ခိုက္

ဒီဇင္ဘာလ ၇ ရက္ေန႔၊ ၂၀၂၂

ကရင္ျပည္နယ္ ဖာပြန္ (မူေၾတာ္) ခ႐ိုင္ KNU တပ္မဟာ ၅ နယ္ေျမအတြင္း႐ွိ အဓိကအေရးပါသည့္ စစ္ေကာင္စီတပ္စခန္း သုံးခုကို

ဒီဇင္ဘာလ ၆ ရက္ေန႔မနက္မွာ KNLA တပ္ဖြဲ႕တို႔က တၿပိဳင္နက္တိုက္ခိုက္ခဲ့တယ္လို႔ KNLA နဲ႔နီးစပ္သည့္နယ္ေျမခံသတင္းရင္းျမစ္ကေျပာပါတယ္။

အင္အားေတာင့္တင္းသည့္ လယ္တိုးႏွင့္ ေက်ာက္ခက္စစ္ေကာင္စီတပ္စခန္းႏွင့္ ရဟတ္ယာဥ္ဆင္းသက္ႏိုင္သည့္ကြင္းပါ႐ွိသည့္ သီး႐ိုထာစစ္ေကာင္စီတပ္စခန္းကို KNLA/KNDO တပ္ဖြဲ႕က တိုက္ခိုက္ခဲ့ရာ

သီး႐ိုထာတပ္စခန္းကို သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ သတင္းရင္းျမစ္ကဆိုပါတယ္။ က်န္စခန္းႏွစ္ခုကိုတိုက္ခိုက္ရာမွာ စစ္ေကာင္စီက ေလယာဥ္ျဖင့္လာေရာက္ဗုံးႀကဲပစ္ခတ္ခဲ့တယ္လို႔ဆိုပါတယ္။

အဲဒီစခန္းေတြတိုက္ခိုက္ၿပီးေနာက္ KNU တပ္႐ွိရာေနရာတခ်ိဳ႕ကို စစ္ေကာင္စီတိုက္ခိုက္ေရးေလယာဥ္မ်ားလည္း လာေရာက္ဗုံးႀကဲပစ္ခတ္ခဲ့တာ႐ွိတယ္လို႔ နယ္ေျမခံသတင္းရင္းျမစ္ကဆိုပါတယ္။

ဒီေန႔မနက္မွာလည္း ဖာပြန္ခ႐ိုင္က တိုးညိဳး၊ ေဖာထႏွင့္ ဘြားဒဲေက်း႐ြာတြင္ စစ္ေကာင္စီေလယာဥ္မ်ားလာေရာက္ဗုံးႀကဲခဲ့တယ္လို႔ နယ္ေျမခံသတင္းရင္းျမစ္ကေျပာပါတယ္။

တိုက္ပြဲတြင္ထိခိုက္ေသဆုံးမႈကိုအေသးစိတ္မသိရေသးေပမဲ့ သီး႐ိုထာစခန္းတိုက္ပြဲမွာေတာ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၃ ဦးေသဆုံးၿပီး KNLA တပ္ဖြဲ႕ဘက္က ၂ ဦးက်ဆုံးကာ ၂ ဦးဒဏ္ရာရ႐ွိခဲ့တယ္လို႔ ကနဦးသတင္းရ႐ွိပါတယ္။

လယ္တိုးစခန္းသည္ အင္အားေတာင့္တင္းသည့္စခန္းတစ္ခုျဖစ္ၿပီး သံလြင္ျမစ္ကမ္းနား႐ွိ မယ္ခါးထာစစ္ေကာင္စီတပ္စခန္းအနီးတြင္တည္႐ွိကာ တိုက္ခိုက္သိမ္းပိုက္ဖို႔အခက္ဆုံးစခန္းျဖစ္တယ္လို႔သတင္းရင္းျမစ္ကဆိုပါတယ္။

မယ္ခါးထာတပ္စခန္းသည္ KNU တပ္မဟာ ၅ နယ္ေျမ မူေၾတာ္ (ဖာပြန္) ခ႐ိုင္႐ွိ စစ္ေကာင္စီရဲ႕အႀကီးဆုံးတပ္စခန္းထဲကတစ္ခုျဖစ္တယ္လို႔သိရပါတယ္။

မယ္ခါးထာတပ္စခန္းသည္ အင္အားေတာင့္တင္းၿပီး သံလြင္ျမစ္တစ္ဘက္ကမ္း႐ွိ ထိုင္းႏိုင္ငံႏွင့္နယ္စပ္ထိစပ္သည္။

႐ုပ္သံၾကည့္ရန္

Video Player

ဓာတ္ပုံ – KNLA တပ္ဖြဲ႕ဝင္တခ်ိဳ႕ကိုေတြ႕ရစဥ္။

Source – Salween Press