Knowledge

မြန်မာပြည်က ပင်လယ်စာကြိုက်တဲ့သူတွေ သတိထားရတော့မယ့် အဖြစ်…

မြန်မာပြည်က ပင်လယ်စာကြိုက်တဲ့သူတွေ သတိထားရတော့မယ့် အဖြစ်…

မြန်မာပြည်က ပင်လယ်စာ ရေဘဝဲ ကြိုက်နှစ်သက်တဲ့သူတွေ အထူးဂရုပြုရမယ့် အဖြစ်

တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ စားသုံးသူတစ်ဦးက ပန်းကန်ပြားပေါ်က ဟင်းပွဲထဲ အပြာ ရောင်အဝိုင်းတွေပါတဲ့ ရေဘဝဲတစ်ကောင်ကို တွေ့ရှိခဲ့ပြီးတဲ့နောက်

စားလိုက်ရင် လူကို အန္တ ရာယ်ဖြစ်စေနိုင်တယ်လို့ သံသယဝင် ခဲ့ပါတယ်။

အဲ့ဒီနောက် စားသုံးသူက ဟင်းပွဲကို ဓာတ်ပုံ ရိုက်ပြီး အွန်လိုင်းပေါ် တင်ခဲ့ရာကနေ သိပ္ပံပညာနဲ့ ဘလော့ဂါတစ်ဦးက အချိန်မီ ဖြေကြားပေးခဲ့လို့ မစားဖြစ်ခဲ့ဘဲ စားသောက်ဆိုင် မီးဖိုခန်းထဲ ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

စားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တဲ့ အဲ့ဒီ အမျိုးသားက သူ့ရဲ့ ဝီဘိုအကောင့်မှာ တင်ထားတဲ့ ဓာတ်ပုံထဲ ရေခဲအပြည့်နဲ့ ပန်းကန်ပြားပေါ် ရေဘဝဲလေးတွေပါပြီး

ဟော့ပေါ့ထဲ ထည့်စားဖို့ အဆင်သင့်ဖြစ်နေပြီဆို တာနဲ့ “ဒါက စားလိုရရဲ့လား ပြန်ဖြေပေးကြပါဦး အနည်း ငယ်တော့ စိုးရိမ်ပူပန်မိတယ် ” လို့ ရေးသားပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဘလော့ဂါ ဘိုဝူ ဇာချီက ဒီဓာတ်ပုံကို မြင်ပြီး မိနစ်အနည်းငယ်အကြာမှာ မှတ်ချက်ပေးဖြေကြားခဲ့ပါတယ်။

ဒါက ကျားသစ်စင်း ရေဘဝဲ လို့ ခေါ်တယ် ဒါမှ မဟုတ် အပြာရောင်ကွင်းလေးတွေပါတဲ့ ရေဘဝဲခေါ်ကြတယ်။ သူ့ရဲ့ အဆိပ်က အရမ်းပြင်းတယ်။

အပူနဲ့ ထိသွားရင်တောင် အဆိပ်ဓာတ်က မပြယ်နိုင်ပါဘူး” လို့ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ဘလော့ဂါရဲ့ အဖြေကို မြင်ပြီးနောက် ဝီဘိုအသုံးပြုသူတွေ တုန်လှုပ်ခြောက်ခြားခဲ့ကြပြီး ပို့စ်ပိုင်ရှင် အမျိုးသားရဲ့ ဘေးကင်းရေးကိုလည်း စိုးရိမ်ပူပန်ကြောင်း မှတ်ချက်တွေ ရေးသားထားကြပါတယ်။

ခင်ဗျား အဆင်ပြေရဲ့ လား။ ဒီရေဘဝဲက အဆိပ်ပြင်းလွန်းလို့ စားလို့ မရဘူးဆိုတာ စားသောက် ဆိုင်ပိုင်ရှင်ကို မြန်မြန်ပြောပါ” စသဖြင့် ရေးသားထားကြပါတယ်။

“ကျွန်တော် မစားရသေးပါဘူး။ အခု စားပွဲပေါ်ကနေ ဖယ်လိုက်ပါပြီ။ ဆိုင်ရဲ့ စားဖိုဆောင်ဆီ ပြန်ပို့လိုက်ပါပြီ” လို့ ပို့စ်တင်သူ အမျိုးသားက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ခန္ဓာကိုယ်ပေါ် အပြာရောင်ကွင်းတွေရှိတဲ့ ရေဘဝတွေဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး ရေနေ သတ္တဝါ တစ်မျိုးဖြစ်ပြီး

သူတို့ရဲ့ အဆိပ်ထဲ နူရိုတောက်ဆင် တီထရို ဒို တောက်ဆင် ပါဝင်တာက အဲ့ဒါနဲ့ ထိတွေ့မိတဲ့ သူတိုင်းအတွက် အရမ်းကို အန္တရာယ်များတယ်လို့ သိရပါတယ်။

မြန်မာပြည်က ပင်လယ်စာရေဘဝဲ ကြိုက်နှစ်သက်တဲ့သူတွေလည်း ယခုအဖြစ်အပျက်ကို သင်ခန်းစာယူပြီး ရေဘဝဲ ဆိုတိုင်း အလျင်စလို မစားမိဖို့ လိုအပ်ပါတယ်။

ပင်လယ်ထဲမှာ ရေဘဝဲ မျိုးစိတ် အများအပြား ရှိတာကြောင့် အထူးသတိထား ဆင်ခြင်ပြီး စားသုံးသင့်ကြောင့် အသိပေးလိုက်ရပါတယ် ခင်ဗျာ…။

Source – Blacker

Zawgyi Version ျဖင့္ဖတ္ရန္

ျမန္မာျပည္က ပင္လယ္စာႀကိဳက္တဲ့သူေတြ သတိထားရေတာ့မယ့္ အျဖစ္…

ျမန္မာျပည္က ပင္လယ္စာ ေရဘဝဲ ႀကိဳက္ႏွစ္သက္တဲ့သူေတြ အထူးဂ႐ုျပဳရမယ့္ အျဖစ္

တ႐ုတ္ႏိုင္ငံက စားေသာက္ဆိုင္တစ္ခုမွာ စားသုံးသူတစ္ဦးက ပန္းကန္ျပားေပၚက ဟင္းပြဲထဲ အျပာ ေရာင္အဝိုင္းေတြပါတဲ့ ေရဘဝဲတစ္ေကာင္ကို ေတြ႕႐ွိခဲ့ၿပီးတဲ့ေနာက္

စားလိုက္ရင္ လူကို အႏၲ ရာယ္ျဖစ္ေစႏိုင္တယ္လို႔ သံသယဝင္ ခဲ့ပါတယ္။

အဲ့ဒီေနာက္ စားသုံးသူက ဟင္းပြဲကို ဓာတ္ပုံ ႐ိုက္ၿပီး အြန္လိုင္းေပၚ တင္ခဲ့ရာကေန သိပၸံပညာနဲ႔ ဘေလာ့ဂါတစ္ဦးက အခ်ိန္မီ ေျဖၾကားေပးခဲ့လို႔ မစားျဖစ္ခဲ့ဘဲ စားေသာက္ဆိုင္ မီးဖိုခန္းထဲ ျပန္ပို႔ေပးခဲ့တယ္လို႔ သိရပါတယ္။

စားေသာက္ဆိုင္မွာ သြားေရာက္စားသုံးခဲ့တဲ့ အဲ့ဒီ အမ်ိဳးသားက သူ႕ရဲ႕ ဝီဘိုအေကာင့္မွာ တင္ထားတဲ့ ဓာတ္ပုံထဲ ေရခဲအျပည့္နဲ႔ ပန္းကန္ျပားေပၚ ေရဘဝဲေလးေတြပါၿပီး

ေဟာ့ေပါ့ထဲ ထည့္စားဖို႔ အဆင္သင့္ျဖစ္ေနၿပီဆို တာနဲ႔ “ဒါက စားလိုရရဲ႕လား ျပန္ေျဖေပးၾကပါဦး အနည္း ငယ္ေတာ့ စိုးရိမ္ပူပန္မိတယ္ ” လို႔ ေရးသားၿပီး ေမးျမန္းခဲ့တာျဖစ္ပါတယ္။

ဘေလာ့ဂါ ဘိုဝူ ဇာခ်ီက ဒီဓာတ္ပုံကို ျမင္ၿပီး မိနစ္အနည္းငယ္အၾကာမွာ မွတ္ခ်က္ေပးေျဖၾကားခဲ့ပါတယ္။

ဒါက က်ားသစ္စင္း ေရဘဝဲ လို႔ ေခၚတယ္ ဒါမွ မဟုတ္ အျပာေရာင္ကြင္းေလးေတြပါတဲ့ ေရဘဝဲေခၚၾကတယ္။ သူ႕ရဲ႕ အဆိပ္က အရမ္းျပင္းတယ္။

အပူနဲ႔ ထိသြားရင္ေတာင္ အဆိပ္ဓာတ္က မျပယ္ႏိုင္ပါဘူး” လို႔ ျပန္လည္ေျဖၾကားေပးခဲ့ပါတယ္။

ဘေလာ့ဂါရဲ႕ အေျဖကို ျမင္ၿပီးေနာက္ ဝီဘိုအသုံးျပဳသူေတြ တုန္လႈပ္ေျခာက္ျခားခဲ့ၾကၿပီး ပို႔စ္ပိုင္႐ွင္ အမ်ိဳးသားရဲ႕ ေဘးကင္းေရးကိုလည္း စိုးရိမ္ပူပန္ေၾကာင္း မွတ္ခ်က္ေတြ ေရးသားထားၾကပါတယ္။

ခင္ဗ်ား အဆင္ေျပရဲ႕ လား။ ဒီေရဘဝဲက အဆိပ္ျပင္းလြန္းလို႔ စားလို႔ မရဘူးဆိုတာ စားေသာက္ ဆိုင္ပိုင္႐ွင္ကို ျမန္ျမန္ေျပာပါ” စသျဖင့္ ေရးသားထားၾကပါတယ္။

“ကြၽန္ေတာ္ မစားရေသးပါဘူး။ အခု စားပြဲေပၚကေန ဖယ္လိုက္ပါၿပီ။ ဆိုင္ရဲ႕ စားဖိုေဆာင္ဆီ ျပန္ပို႔လိုက္ပါၿပီ” လို႔ ပို႔စ္တင္သူ အမ်ိဳးသားက ျပန္လည္ေျဖၾကားေပးခဲ့ပါတယ္။

ခႏၶာကိုယ္ေပၚ အျပာေရာင္ကြင္းေတြ႐ွိတဲ့ ေရဘဝေတြဟာ ကမ႓ာေပၚမွာ အဆိပ္အျပင္းဆုံး ေရေန သတၱဝါ တစ္မ်ိဳးျဖစ္ၿပီး

သူတို႔ရဲ႕ အဆိပ္ထဲ ႏူ႐ိုေတာက္ဆင္ တီထ႐ို ဒို ေတာက္ဆင္ ပါဝင္တာက အဲ့ဒါနဲ႔ ထိေတြ႕မိတဲ့ သူတိုင္းအတြက္ အရမ္းကို အႏၲရာယ္မ်ားတယ္လို႔ သိရပါတယ္။

ျမန္မာျပည္က ပင္လယ္စာေရဘဝဲ ႀကိဳက္ႏွစ္သက္တဲ့သူေတြလည္း ယခုအျဖစ္အပ်က္ကို သင္ခန္းစာယူၿပီး ေရဘဝဲ ဆိုတိုင္း အလ်င္စလို မစားမိဖို႔ လိုအပ္ပါတယ္။

ပင္လယ္ထဲမွာ ေရဘဝဲ မ်ိဳးစိတ္ အမ်ားအျပား ႐ွိတာေၾကာင့္ အထူးသတိထား ဆင္ျခင္ၿပီး စားသုံးသင့္ေၾကာင့္ အသိေပးလိုက္ရပါတယ္ ခင္ဗ်ာ…။

Source – Blacker