Astrology

(26.1.2023 မှ 29.1.2023 ထိ) ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း

(26.1.2023 မှ 29.1.2023 ထိ) ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း

တနင်္ဂနွေသားသမီး

အလုပ်သစ် လုပ်ငန်းသစ်များ လုပ်ကိုင်ရမည်။ကိုယ်ပိုင်လုပ်ငန်းများ စတင်ရန်ကောင်းသော အချိန်အခါလည်း ဖြစ်သည်။မိမိရဲ့ကြိုးစားအားထုတ်မူ့ကြောင့် အလုပ်တွင် ရာထူးတိုး လစာတိုးခြင်း ကြုံရမည်။

အခွင့်လမ်း အခွင့်ရေးကောင်းများ ရရှိမည်။အလုပ်ရှာဖွေသူများ အလုပ်ကောင်းနေရာကောင်းရတက်ပြီး လက်ရှိအလုပ်တွင် အဆင်မပြေဖြစ်၍ အလုပ်ပြောင်းလိုသူများ ပြောင်းလို့သင့်သောကာလလည်းဖြစ်သည်။

မိမိရင်းနှီးသူတချို့နဲ့ အဆင်မပြေဖြစ်ခြင်း စိတ်ညစ်ရခြင်း ရှိတက်သည်။မိမိကောင်းသလောက် မိမိအပေါ် အကောင်းမမြင်သူများကြောင့် စိတ်ညစ်ရတက်သည်။

မိသားစုရေး ပြဿနာ အနည်းငယ်ရှိတက်ပါသည်။နေအိမ်သို့ပန်းအိုး ပန်းစည်း ရောက်လာပါက လာဘ်ဝင်လိမ့်မည်။ငွေကြေးအလုံးအရင်းဝင်မည်။လက်ဆောင်ပစ္စည်း ရမည်။

အံ့သြဖွယ်ရာ သတင်းစကားများကြားရမည်။ခရီးတစ်ခု ထွက်ရမည်။ပညာရေး ကိစ္စတွေမှာတော့ အရမ်းကောင်းမွန်သော ကာလဖြစ်သည်။မိမိရဲ့ ကြိုးစားလိုမူ့ အားထုတ်မူ့ရဲ့ ရလဒ်ထပ်တူရပါလိမ့်မည်။

ကျန်းမာရေးလည်း ကောင်းမွန်ပါသည်သတိပြုရမည်မှာ လေ ဝမ်းဗိုက် ဂရုစိုက်ပါ။အညံ့များရှိပါက မကြာခင် ကောင်းမွန်ပါတော့မည်။အချစ်ရေးကတော့ သာယာပါသည်။

မျှော်လင့်ထားသူနဲ့ အဆင်ပြေလိမ့်မည်။အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းစေသော ဂဏန်းများမှာ ၄၊၆၊၉ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာအဝါရောင် ဖြစ်ပါသည်။

ယတြာ- အနောက်အရပ်ကို မျက်နှာမူကာ သကြားစား၍ ဆုတောင်းပါ ကံကောင်းခြင်းကို ပိုမိုရရှိနိုင်ပါသည်။

တနင်္လာသားသမီး

အလုပ်ကိုင်ရှာဖွေသူများ အကြီးအကဲကောင်း စိတ်ထားကောင်းသူများရဲ့ လက်အောက်တွင် လုပ်ကိုင်ရတက်သည်။သမာသမတ်ကျပြီး စိတ်ထားပြည့်ဝသူနဲ့ဆုံရလိမ့်မည်။

အလှူတန်းကိစ္စပြုလုပ်ရမည် (သို့) မိမိအိမ်အနီးအနား အလှူကိစ္စ မဂ်လာကိစ္စပြုရမည်အရောင်းအဝယ်ကိစ္စ အလဲအလှယ်ကိစ္စများ အဆင်ပြေမည်။အကြွေးအမှီး ပြန်လည်ရရှိခြင်း၊ချေးငွေကိစ္စများ အဆင်ပြေခြင်း ဖြစ်မည်။

အကြီးအကဲ (သို့) ရင်နှီးသူတစ်ဦးစီက လက်ဆောင်ရမည်။တရားသောလုပ်ငန်းမှ ငွေကြေးဝင်မည်။လိုအပ်နေသော သူတချို့ကို ပေးကမ်းရလိမ့်မည်။

တစ်စုံတစ်ယောက်ရဲ့ အကူညီတောင်းခံရမည်။ပညာရေးကိစ္စများ ဆရာသမားရဲ့ အကူညီ​ကြောင့်အဆင်ပြေလိမ့်မည်။

ကျန်းမာရေးမှာ စိုးရိမ်စရာမရှိပါ။အချစ်ရေးကိစ္စတွေကတော့ အခြေနေကောင်းပါသည်။ချစ်သူနဲ့ပက်သက်ပြီး စိတ်ချမ်းသာရမည် အကူညီရရှိမည်။

အိမ်ထောင်ရေးလည်း သာယာပါသည်။ကံကောင်းစေသော ဂဏန်းများမှာ ၁၊၆၊၃ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ နီညို ရောင်ဖြစ်သည်။

ယတြာ – မြောက်အရပ်ကို မျက်နှာမူကာ နွားနို့သောက်၍ ဆုတောင်းပါ ကံကောင်းခြင်းကိုပိုမိုရယူနိုင်ပါလိမ့်မည်။

အင်္ဂါသားသမီး

အိုးအိမ်နေရာသစ် ပြောင်းရွှေ့နေထိုင်ရခြင်း၊အလုပ်နေရာသစ် ပြောင်းလဲလုပ်ကိုင်ရခြင်း၊ခရီးရပ်ဝေးသွားရခြင်းများ ကြုံရမည်။ကိုယ်ပိုင်လုပ်ငန်းသစ်များ လုပ်ကိုင်ဖြစ်လိမ့်မည်။

စီမံအုပ်ချုပ်ပိုင်ခွင့် ရရှိမည်။ရာထူးလစာ တိုးမည်။စာချုပ်စာတမ်းကိစ္စ အရောင်းအဝယ်ကိစ္စ လက်တလောပြုလုပ်ရလိမ့်မည်။၃ဂဏန်းပါသော ငွေကြေးထွက်မည်။

ရည်ရွယ်ချက်စိတ်ကူးများ ရှိသော်လည်း လက်တွေ့မလုပ်ဖြစ်ပဲ ရှိနေလိမ့်မည်။

တခါတရံ စိတ်ဖိစီးမူ့များကြောင့် စိတ်မပါလက်မပါဖြစ်နေတက်သည်။ရေလုပ်ငန်းနဲ့ရေလမ်းခရီးများ ရပ်ဆိုင်းနေလိမ့်မည်။မိတ်ဆွေ့တချို့နဲ့ သဘောထားကွဲလွဲလိမ့်မည်။

နိုင်ငံရပ်ခြား ပညာရေးကိစ္စများ သတင်းကောင်းကြားရမည်။ ကျန်းမာရေး အညံ့မရှိပါ။သို့သော်တခါတရံ စိတ်ဖိစီးခြင်း၊စိတ်ပင်ပန်းခြင်းများ ဖြစ်တက်သည်။

အချစ်ရေး ကံအနေနဲ့ကတော့ ချစ်သူနဲ့ခေတ္တခွဲခွာရမည်။အထီးကျန်မူ့နဲ့ လွမ်းဆွတ်မူ့တွေ ရှိမည်။အိမ်ထောင်ရေး အညံ့မရှိပါ။

ကံကောင်းစေသော ဂဏန်းများမှာ ၁၊၃၊၉ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင် နီညိုရောင် အစိမ်းနုရောင်ဖြစ်သည်။

ယတြာ -အနောက်တောင်အရပ်ကို မျက်နှာမူကာ အုန်းရည်သောက်၍ ဆုတောင်းပါ ကံကောင်းခြင်းကိုပိုမိုရယူနိုင်ပါလိမ့်မည်။

ဗုဒ္ဓဟူးသားသမီး

ယခုကာလအတွင်း မိတ်ဆွေဟောင်းများနဲ့ ပြန်လည်ဆုံစည်းရမည်။အရင်က ဖြစ်ပြက်ခဲ့ဖူးသော ကိစ္စများပြန်လည်အမှတ်ရစေနိုင်သော အမှတ်တရပစ္စည်းများ လက်ဆောင်ပစ္စည်းများရရှိလိမ့်မည်။

မွေးရပ်ဇာတိ ပြန်လည်ရောက်ရှိမည်။အိုးအိမ်ပြုပြင် အလှဆင်ရမည်။ဂရုတစိုက် အလေးထားခံရခြင်းခံရမည်။

၆ဂဏန်းပါသော ငွေကြေးဝင်မည်။ပန်းအိုး၊ပန်းစီး နေအိမ်သို့ ရောက်လာမည်။လုပ်ငန်းကိစ္စများ ကောင်းမွန်တိုးတက်မည်။မိတ်ဆွေကောင်းတချို့ရဲ့ အကူညီရရှိမည်။အလုပ်ကိုင် ရှာဖွေသူများ မကြာခင်ရပါလိမ့်မည်။

နေအိမ်သို့ ကလေးသူငယ်များ ရောက်လာပါက ၆ဂဏန်းမုန့်ဖိုးပေးလိုက်ပါ။မိမိအတွက် များစွာသောငွေ​ကြေး ပြန်ရပါလိမ့်မည်။ပညာရေးကိစ္စများ အထူးကောင်းမွန်သော အချိန်ဖြစ်သည်။အောင်မြင်မူ့သတင်းကောင်းများကြားရမည်။

ကျန်းမာရေးကိစ္စများ ကောင်းမွန်ပါသည်။အချစ်ရေး ကိစ္စတွေကတော့ သာယာဖွယ်ကောင်းသော အချိန်ဖြစ်သည်။ချစ်သူစီက လက်ဆောင်ပစ္စည်းရတက်သည်။အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းစေသော ဂဏန်းများမှာ ၂၊၄၊၆ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ အပြာရောင်၊အုန်းခွံရောင် ဖြစ်သည်။

ယတြာ – အရှေ့မြောက်အရပ်ကို မျက်နှာမူကာ ကော်ဖီသောက်၍ ဆုတောင်းပါ ကံကောင်းခြင်းကိုပိုမိုရယူနိုင်ပါလိမ့်မည်။

ကြာသပတေးသားသမီး

အလုပ်မှ သတင်းကောင်းကြားရမည်။အလုပ်ရှာဖွေသူများ မကြာခင်အလုပ်ရလိမ့်မည်။မျှော်လင့်ထားသောကိစ္စ ကြိုးစားထားသောကိစ္စ အောင်မြင်လာမည် တိုးတက်လာမည်။

နေအိမ်အနီးတွင် အလှူမဂ်လာ ကိစ္စကြုံရခြင်း၊သွားရောက်ရခြင်း ဖြစ်မည်။အိုးအိမ်ကိစ္စ အဆင်ပြေမည်။

အိမ်ဝယ် အိမ်ဆောက်ရခြင်း အိမ်ပြောင်းရွေ့ရခြင်းနဲ့ကြုံရမည်။နေအိမ်ကို ဧည့်သည်တစ်ချို့ရောက်လာလိမ့်မည်။

နေအိမ်အနီးမှာလည်း မဂ်လာကိစ္စပြုလုပ်နေတယ်ဆိုရင် ကံကောင်းခြင်းတွေ မကြာခင်ရောက်လာလိမ့်မည်။ပညာရေးကိစ္စ အရမ်းကောင်းမွန်ပါသည်။စာမေးပွဲအောင်မည်။

ပညာရေးနဲ့ပက်သက်သော ဝမ်းသာစရာသတင်းစကားကြားရမည်။ကျန်းမာရေးလည်း ကောင်းမွန်ပါသည်။အချစ်ရေးကိစ္စတွေမှာတော့ အချစ်စစ် အချစ်သစ်နဲ့ ကြည်နူးရမည့်အချိန်ပါ။

စန်းကောင်းမည်။အဆင်မပြေဖြစ်နေတဲ့သူတွေအတွက် မကြာခင်ပျော်ရွင်ရပါလိမ့်မည်။

အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းစေသော ဂဏန်းများမှာ ၂၊၄၊၇ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ နီညို ရောင်ဖြစ်သည်။

ယတြာ – အရှေ့အရပ်ကို မျက်နှာမူကာ ဇီးသီးစား၍ ဆုတောင်းပါ ကံကောင်းခြင်းကို ရယူနိုင်ပါလိမ့်မည်။

သောကြာသားသမီး

လုပ်ငန်းသစ်များ တိုးချဲ့ရမည်။ ရပ်ဝေးမှ စီးပွားရေး ဆက်သွယ်မူ့များ အကျိုးတူပူပေါင်းမူ့များဖြစ်လာမည်။ မိတ်ဆွေတစ်ဦး၏လိမ်လည်လှည့်ဖြားမူ့ကို ခံရမည်။

ငွေပေးငွေယူ သတိထားပါ။ အခွင့်အလမ်းများအပေါ် သတိဖြင့်လုပ်ကိုင်ပါ။ ဆိုင်ခန်းအသစ်ရခြင်း၊တိုးချဲ့ခြင်းပြုရမည်။

ရာထူးတိုးခြင်း၊လစာတိုးခြင်း၊ အလုပ်နေရာကောင်းများ ရရှိလာမည်။အလုပ်နေရာပြောင်းရွှေ့ရခြင်း၊အိမ်နေရာပြောင်းရခြင်း၊အိမ်ပြင်ရခြင်းများ ကြုံမည်။

အကြွေးရစရာ ရှိက ပြန်ရမည်။ အလုပ်ရှာနေသူများ မကြာခင် အလုပ်ရမည်။ ခရီးတစ်ခုသွားရလိမ့်မည်။နေအိမ်သို့ ရွှေထည်ပစ္စည်းတစ်ခုဝင်မည်။ ပညာရေးကိစ္စများတွင် အောင်မြင်စွာ ဖြေဆိုနိုင်မည်။

ပြည်ပ သွားရောက်သင်တန်းတက်လိုသူများ အဆင်ပြေမည်။ကျန်းမာရေးကတော့ လက်တစ်ဘက်နာရန်ရှိသည်။ သွေးပေါင်တက်၊ကျ ခေါင်းမူးဖြစ်တက်သည်။

အချစ်ရေးကိစ္စတွေကတော့ ကောင်းမွန်ပါသည်။ မပြေမလည်ရှိမနေသူများ မကြာခင်ပြေလည်သွားပါလိမ့်မည်။အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသော ဂဏန်းများမှာ ၁၊၂၊၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အဖြူ၊နီညို ရောင် ဖြစ်ပါသည်။

ယတြာ -အရှေ့တောင်အရပ်ကို မျက်နှာမူကာ ရှောက်ယိုစား၍ ဆုတောင်းပါ ကံ​ကောင်းခြင်းကို ရယူနိုင်ပါလိမ့်မည်။

စနေသားသမီး

သတင်းကောင်း တစ်ခုကြားရမည်။ ကိုယ်ပိုင်လုပ်ငန်းကိစ္စတချို့ အောင်မြင်လာမည်။ စာချုပ်စာတမ်းကိစ္စနှင့်လက်မှက်ရေးထိုးရမည်။

မသွားဖြစ်ဘူးထင်ထားတဲ့ ခရီးတစ်ခုထွက်ရမည်။ အလုပ် အပြောင်းအလဲဖြစ်မည်။အိမ်တွင်းရေး အဆင်မပြေဖြစ်မည်။

ဝန်ထမ်းလုပ်ငန်းများလည်း ကောင်းမွန်လာပါလိမ့်မည်။ အထက်အကြီးအကဲတချို့ရဲ့ ကူညီမစမူ့ရရှိမည်။ ထူဆန်းသော ဓာတ်ပုံတစ်ပုံ အိမ်ရောက်လာမည် (သို့) လူကြီးတစ်ဦး အိမ်အလည်ရောက်လာမည်။

ရောက်လာပြီး နောက်ပိုင်း စီးပွားရေးကိစ္စများ သိသိသာသာတိုးတက်လာမည်။ ပညာရေးတွင်ဖြေဆိုထားသောစာမေးပွဲအောင်မည်။သင်တန်းများနှင့်ပက်သက်၍ အထူးကောင်းမည်။

ကျန်းမာရေးကတော့ စိတ်ပင်ပန်း၍ ကျန်းမာရေးအညံ့ရှိသည်။အချစ်ရေးတွင် မာနကြောင့် အနှောင့်အယှက်များ အဆင်မပြေမူ့များကြုံလာရမည်။

လူချစ်လူခင်များသော်လည်း အထီးကျန်ဆန်မည်။အိမ်ထောင်ရေးလည်း မကောင်းသေးပါ။

ကံကောင်းစေသော ဂဏန်းများမှာ ၄၊၅၊၉ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ နီညိုရောင် ဖြစ်ပါသည်။

ယတြာ – တောင်အရပ်ကို မျက်နှာမူကာ ပေါက်ပေါက်စား၍ ဆုတောင်းပါ ကံကောင်းခြင်းကိုပိုမို ရယူနိုင်ပါမည်။

ခရက်ဒစ်