အမျိုးသမီးထုကြီးကို လှုပ်ခတ်သွားအောင် လုပ်လိုက်ပြန်တဲ့ ဒေါ်အေသင်ကို
အမျိုးသမီးထုကြီး ကို မခံမရပ်နိုင်ဖြစ်စေလောက်တဲ့ မှာစာတစ်ကြောင်းရေးသားခဲ့တဲ့ ဒေါ်အေသင်ကို
ပန်းချီကားကိစ္စကိုဖြေရှင်းထားတဲ့ ပိုင်တံခွန်ရဲ့ပို့စ်အောက်မှာရေးခဲ့တာပါ…
ပိုင်တံခွန်ဆိုတာနဲ့ပရိသတ်တွေချစ်နေရသူတစ်ယောက်ပါ။
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုတွေများစွာရရှိထားတာပါ။ နိုင်ငံတစ်ကာထိပါ အောင်မြင်မှုတွေများစွာ ရရှိထားတာပါ။
လူမှုကွန်ရက်မှာလည်းသူ့ကိုအားပေးတဲ့ပရိသတ်တွေကလည်း များစွာရရှိထားတာပါ။
အခုနောက်ပိုင်းမှာတော့ပုံရိပ်လေးတွေသိပ်တင်လေ့မရှိတော့ပဲ သူဝါသနာပါတဲ့ ပန်းချီဆွဲတာတွေကိုလုပ်နေတာပါ။
အခုမှာလည်းသူပန်းချီဆွဲတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ခုလိုပြောပြခဲ့တာပါ။
ပန်းချီဆွဲတာက ကျွန်တော့ professional မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အခု လူတွေပြောနေတဲ့ ပုံတချို့ကမှန်ပါတယ်။
တချို့ပန်းချီ တွေကို ကျနော် ကြိုးစားပြီး တတ်နိုင်သလောက် ဓာတ်ပုံကြည့်ဆွဲထားတာတွေ ရှိပါတယ်။
တချို့ကို ကျနော့်စိတ်ကူးနဲ့ ပုံဖော်ဆွဲထားတာပဲ။ ကျနော့်ကို ပန်းချီဆရာထင်နေတာလား။
ကျွန်တော့ စိတ်ခံစားမှုနဲ့ တူတဲ့ ပုံတွေဆို သဘောကျလို့ ကျနော်အလုပ်အားတဲ့ အချိန် မှာ သူများနိုင်ငံက ပန်းချီဆရာတွေ ဆွဲပြထားတဲ့ video တွေ လေ့လာပြီးပြန်ဆွဲထားတာ။
ပြီးတော့ ပုံတပုံဆွဲတော့မယ်ဆိုတိုင်း Paing Takhon ရဲ့ Facebook acc Myday မှာ ဘယ်ပုံကို ဘယ်လို ကြည့်ပြီးဆွဲထားလဲ အမြဲ video တင်ပေးခဲ့ပါတယ်။
ခင်များတို့က စိတ်မှမဝင်စားတာ။ ပန်းချီပြခန်းတွေမှာ တင်ထားတာလဲ မဟုတ်ပါဘူး။ ကျနော့်အခန်းမှာပဲ ဆွဲပြီးထားထားတာတွေပါ။
ကိုယ့်ဘာသာ ဆွဲပြီး သိမ်းထားတာတွေကိုဝယ်ချင်တဲ့ သူတွေ လာလာမေးလို့ အားလုံးထုတ်ရောင်းပေးတာ။ ဘယ်လောက်နဲ့ ဝယ်ဝယ် ဒါက သူ့အလုပ်ပါ။
လှူတာကို အကြောင်းပြတယ်ဖြစ်မှာစိုးလို့ ဘာမှ မရေးပါဘူး။
အခုလဲ ကြိုက်လို့ဝယ်ချင်တဲ့ မိတ်ဆွေတွေကို ရောင်းပေး နေတုန်းပါပဲဆိုပြီးပြောပြခဲ့တာပါ။
ပိုင်တံခွန်ရဲ့ပိုစ့်အောက်မှ မမအေသင်ကိုရ့ကော့မန့်တစ်ကြောင်းကြောင့် ပရိတ်သတ်တွေကြားပွဲဆူသွားခဲ့တာပဲဖြစ်ပါတယ်နော်။
မမအေသင်ကိုတစ်ယောက်ဘယ်လိုရေးလိုက်လည်း ဆိုတာတော့ အောက်ကစားလေးကိုကြည့်လိုက်ပါအုံးနော်…။
Credit – Cele Thadin
Zawgyi Version ဖြင့်ဖတ်ရန်
Credit – Cele Thadin