ကြားသိရသမျှ
ဝိုး…ရုပ်သံကိုလည်း ရှိုးလိုက်အုံး…ရွှေဘိုသားတွေကြမ်းချက်…မြိုင်ထွက်နေတာပဲ
ဝိုး…ရုပ်သံကိုလည်း ရှိုးလိုက်အုံး…ရွှေဘိုသားတွေကြမ်းချက်…မြိုင်ထွက်နေတာပဲ
စကစနဲ့ ပျူ ကိုးယောက် သေတဲ့ ရွှေဘို ကူတို့ဆိပ်ရွာ တိုက်ပွဲ
MFP ၊ ဇန်နဝါရီ – ၃၁
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကူတို့ဆိပ်ရွာ ပျူစခန်းကို ဇန်နဝါရီ(၂၅)ရက် နေ့လည်ပိုင်းက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး
စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူ ကိုးယောက် သေတယ်လို့ ShweBo Fighter One အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ(၂၅)ရက် နေ့လည်(၂)နာရီက စတင်ပြီး ရွှေဘိုမြို့နယ်၊ ကူတို့ဆိပ်ရွာ ပျူစခန်းကို ShweBo Fighter One အဖွဲ့၊
ရွှေဘို မိုးကြိုးမုန်တိုင်းအဖွဲ့နှင့် မဟာမိတ် ညီနောင်တွေ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကူတို့ဆိပ် ပျူရွာအား တိုက်ခိုက်ရာ ကူတို့ဆိပ် ပျူခေါင်းဆောင်များ ဖြစ်သော ကျော်အေး၊ ကျော်ဆောင် ညီအကို နှစ်ယောက် အပါအဝင် ပျူ၊စခ ကိုးကောင် ရရှိခဲ့ပါသည်။ (
၂)နာရီခွဲအချိန်၌ ကျည်မလုံလောက်၍ မိမိတို့ မဟာမိတ် ညီအကိုများ အားလုံး အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ပါသည်” လို့ Fighter One ShweBo အဖွဲ့က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ ကူးတိုဆိပ်ကျေးရွာ၊ ပဲစင်းငုံစိုက်ခင်းထဲ အလုပ်လုပ်ကိုင်နေတဲ့ ရွာသား ကိုးယောက်ကို PDF တွေက သ-တ်ဖြတ်တာလို့ သတင်း ဖြန့်ပါတယ်။
ကူတို့ဆိပ်ရွာ အပါအဝင် ရွှေဘိုနယ် ကျေးရွာတချို့ကို စစ်အုပ်စုက စီးနင်းအထိုင်ချပြီး ပျူစခန်းဖွင့်လှစ်ထားကာ လက်နက်နဲ့ ရိက္ခာ ထောက်ပံ့ပေးသလို
ပျူတွေကလည်း စစ်အုပ်စုနဲ့ ပေါင်းပြီး ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာ၊ ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့ ဖျက်ဆီး တာတွေ လုပ်ဆောင်နေပါတယ်။
အောက်ဆုံးတွင် ရုပ်သံကြည့်ရန်👇👇
Video Player – စကစနဲ့ ပျူ ကိုးယောက် သေတဲ့ ရွှေဘို ကူတို့ဆိပ်ရွာ တိုက်ပွဲ
Zawgyi Version ဖြင့်ဖတ်ရန်
MFP ၊ ဇန်နဝါရီ – ၃၁
ရုပ်သံကြည့်ရန်👇👇