ကြားသိရသမျှ

မြန်မာတစ်နိုင်ငံလုံး ပျက်စီးဖို့ နောက်ထပ်(၆)လ ထပ်တိုးလိုက်ပီ…

မြန်မာတစ်နိုင်ငံလုံး ပျက်စီးဖို့ နောက်ထပ်(၆)လ ထပ်တိုးလိုက်ပီ…

ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”ထံသို့ ထပ်မံအပ်နှံ

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် သာမန်အခြေနေမဟုတ်သည့်အတွက် ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလ သက်တမ်း (၆) လ ထပ်တိုးကာ

ပုဒ်မ ၄၁၉ အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအားဖေဖေါ်ဝါရီ (၁) ရက်မှ စတင်ကာ နောက်ထပ် (၆) လတာကာလကို

တိုင်းပြည်၏ အာဏာအရပ်ရပ်အား ဆက်လက်အပ်နှင်းထားမည်ဖြစ်ကြောင်း ယမန်‌နေ့ ဇန်နဝါရီလ (၃၁) ရက်တွင် ကျင်းပသည့် ကာလုံအစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးတွင် ကျင်းပသည့် ကာလုံအစည်းအဝေးတွင် လက်ရှိ တိုင်းပြည်၏ နိုင်ငံရေး အခြေအနေများမှာ သာမန်အခြေအနေ မဟုတ်သေးကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး

နစကအား (၆) လသက်တမ်း အာဏာထပ်မံတိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၅ အရ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးမှာ သာမန်အခြေအနေမဟုတ်ပါက ကာလုံအနေဖြင့် တပ်မတော် ကာကွယ်ရေး ဦးချုပ်အား

နိုင်ငံတော်အာဏာ အရပ်ရပ်ကို (၆) လ နှစ်ကြိမ် သက်တမ်းတိုးပေးခွင့်ရှိကြောင်း ပြဌာန်းထားခြင်းဖြစ်ပြီး (၂)နှစ်ပြည့် ကာလုံအစည်းဝေးမှ ပထမအကြိမ် (၆) လသက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ။

” ဆက်သွားမယ်ဆိုရင်တော့ သူတို့ ပုဒ်မ ၄၂၅ အရပဲ ဆက်သွား ရမှာပေါ့ ။

တခြား ပုဒ်မတွေတော့ မမြင်ဘူးဗျ။ အခုသဘောအရ SAC က ရှိနေနိုင်တယ်။ နောက် (၆) လ ယူနိုင်တာပေါ့။ သာမန်မဟုတ်တဲ့ အခြေအနေပေါ့။

(၁) နှစ်ကို ပေးဖို့ကလည်း ပြဌာန်းပါ ပုဒ်မအရ မရှိဘူးဗျ” ဟု ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ယမန်နေ့ ကျင်းပသည့် ကာလုံအစည်းဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ၎င်းအား ပေးအပ်ထားသည့် တာဝန်များအား ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် လက်ရှိတိုင်းပြည်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍

ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကာလုံထံ အစီရင်ခံ တင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံ တင်ပြချက်အပေါ် ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဝင်များက ဆွေးနွေးသုံးသပ်ကာ

လက်ရှိတွင် နိုင်ငံတော် အာဏာကို အကြမ်းဖက်မှု ၊ ဆူပူ‌သောင်းကျန်းမှုများဖြင့် ရယူရန် ကြိုးပမ်းမှုများ ရှိနေသည့်အတွက် သာမန်အခြေနေမဟုတ်သေးကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် နစကအဖွဲ့သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်မှ စတင်ကာ တိုင်းပြည်အာဏာအား ထိမ်းသိမ်းထားခြင်း ဖြစ်ပြီး

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ (၂) နှစ် သက်တမ်းပြည့်ပါက ကာလုံအစည်းဝေးခေါ်၍ အာဏာ ပြန်လည် အပ်နှံရမည်ဖြစ်သည်။

အကယ်၍ (၂) နှစ်ပြည့် ကာလုံအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ အနေဖြင့် တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်သည့်အတွက်

၎င်း၏ တာဝန်များအား ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း တင်ပြလာပါက ကာလုံအနေဖြင့် သက်တမ်း(၆)လ ထပ်တိုးပေးနိုင်ကြောင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၅)တွင် ပြဌာန်းထားခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် အတွင်း အထွေထွေ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးမည်ဟု ၎င်း၏ မိန့်ခွန်းများတွင် မကြာခဏ ထည့်သွင်းပြောကြားထားပြီး

အဆိုပါ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ချိန် ထပ်မံရယူမည့် အခြေအနေမျိုး ရှိနေကြောင်းလည်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

credit

Zawgyi Version ျဖင့္ဖတ္ရန္

ျမန္မာတစ္ႏိုင္ငံလုံး ပ်က္စီးဖို႔ ေနာက္ထပ္(၆)လ ထပ္တိုးလိုက္ပီ…

ပုဒ္မ ၄၁၉ အရ ႏိုင္ငံေတာ္၏ တာဝန္အရပ္ရပ္ကို “ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္”ထံသို႔ ထပ္မံအပ္ႏွံ

တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးသည္ သာမန္အေျခေနမဟုတ္သည့္အတြက္ ဖြဲ႕စည္းပုံ ဥပေဒပုဒ္မ ၄၂၅ အရ အေရးေပၚကာလ သက္တမ္း (၆) လ ထပ္တိုးကာ

ပုဒ္မ ၄၁၉ အရ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္သည့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအားေဖေဖၚဝါရီ (၁) ရက္မွ စတင္ကာ ေနာက္ထပ္ (၆) လတာကာလကို

တိုင္းျပည္၏ အာဏာအရပ္ရပ္အား ဆက္လက္အပ္ႏွင္းထားမည္ျဖစ္ေၾကာင္း ယမန္‌ေန႔ ဇန္နဝါရီလ (၃၁) ရက္တြင္ က်င္းပသည့္ ကာလုံအစည္းအေဝး ဆုံးျဖတ္ခ်က္အရ သိရသည္။

ယမန္ေန႔ နံနက္ပိုင္းက ေနျပည္ေတာ္႐ွိ နစက ဥကၠ႒႐ုံးတြင္ က်င္းပသည့္ ကာလုံအစည္းအေဝးတြင္ လက္႐ွိ တိုင္းျပည္၏ ႏိုင္ငံေရး အေျခအေနမ်ားမွာ သာမန္အေျခအေန မဟုတ္ေသးေၾကာင္း ဆုံးျဖတ္ခဲ့ျခင္းျဖစ္ၿပီး

နစကအား (၆) လသက္တမ္း အာဏာထပ္မံတိုးျမႇင့္ေပးရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ပုဒ္မ ၄၂၅ အရ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးမွာ သာမန္အေျခအေနမဟုတ္ပါက ကာလုံအေနျဖင့္ တပ္မေတာ္ ကာကြယ္ေရး ဦးခ်ဳပ္အား

ႏိုင္ငံေတာ္အာဏာ အရပ္ရပ္ကို (၆) လ ႏွစ္ႀကိမ္ သက္တမ္းတိုးေပးခြင့္႐ွိေၾကာင္း ျပဌာန္းထားျခင္းျဖစ္ၿပီး (၂)ႏွစ္ျပည့္ ကာလုံအစည္းေဝးမွ ပထမအႀကိမ္ (၆) လသက္တမ္းတိုးရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္ ။

” ဆက္သြားမယ္ဆိုရင္ေတာ့ သူတို႔ ပုဒ္မ ၄၂၅ အရပဲ ဆက္သြား ရမွာေပါ့ ။

တျခား ပုဒ္မေတြေတာ့ မျမင္ဘူးဗ်။ အခုသေဘာအရ SAC က ႐ွိေနႏိုင္တယ္။ ေနာက္ (၆) လ ယူႏိုင္တာေပါ့။ သာမန္မဟုတ္တဲ့ အေျခအေနေပါ့။

(၁) ႏွစ္ကို ေပးဖို႔ကလည္း ျပဌာန္းပါ ပုဒ္မအရ မ႐ွိဘူးဗ်” ဟု ဝါရင့္ႏိုင္ငံေရး ေလ့လာသုံးသပ္သူတစ္ဦးက ေပၚျပဴလာနယူး(စ္) သို႔ ေျပာသည္။

ယမန္ေန႔ က်င္းပသည့္ ကာလုံအစည္းေဝးတြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ၎အား ေပးအပ္ထားသည့္ တာဝန္မ်ားအား ေဆာင္႐ြက္ခဲ့မႈ အေျခအေနႏွင့္ လက္႐ွိတိုင္းျပည္အတြင္း ျဖစ္ေပၚေနသည့္ အေျခအေန အရပ္ရပ္ႏွင့္ ပတ္သက္၍

ယာယီသမၼတ ဦးျမင့္ေဆြ ဦးေဆာင္သည့္ ကာလုံထံ အစီရင္ခံ တင္ျပခဲ့ျခင္း ျဖစ္သည္။

အဆိုပါ အစီရင္ခံ တင္ျပခ်က္အေပၚ ယာယီသမၼတ ဦးျမင့္ေဆြ ဦးေဆာင္သည့္ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံျခဳံေရး ေကာင္စီဝင္မ်ားက ေဆြးေႏြးသုံးသပ္ကာ

လက္႐ွိတြင္ ႏိုင္ငံေတာ္ အာဏာကို အၾကမ္းဖက္မႈ ၊ ဆူပူ‌ေသာင္းက်န္းမႈမ်ားျဖင့္ ရယူရန္ ႀကိဳးပမ္းမႈမ်ား ႐ွိေနသည့္အတြက္ သာမန္အေျခေနမဟုတ္ေသးေၾကာင္း ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္႐ွိ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ဦးေဆာင္သည့္ နစကအဖြဲ႕သည္ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလ (၁) ရက္မွ စတင္ကာ တိုင္းျပည္အာဏာအား ထိမ္းသိမ္းထားျခင္း ျဖစ္ၿပီး

ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအရ (၂) ႏွစ္ သက္တမ္းျပည့္ပါက ကာလုံအစည္းေဝးေခၚ၍ အာဏာ ျပန္လည္ အပ္ႏွံရမည္ျဖစ္သည္။

အကယ္၍ (၂) ႏွစ္ျပည့္ ကာလုံအစည္းအေဝးတြင္ နစက ဥကၠ႒ အေနျဖင့္ တိုင္းျပည္၏ အေျခအေနမွာ သာမန္မဟုတ္သည့္အတြက္

၎၏ တာဝန္မ်ားအား ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္ျခင္း မ႐ွိေၾကာင္း တင္ျပလာပါက ကာလုံအေနျဖင့္ သက္တမ္း(၆)လ ထပ္တိုးေပးႏိုင္ေၾကာင္း

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ (၄၂၅)တြင္ ျပဌာန္းထားျခင္းလည္း ျဖစ္သည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္သည္ ၂၀၂၃ ခုႏွစ္ အတြင္း အေထြေထြ ေ႐ြးေကာက္ပြဲ တစ္ရပ္ က်င္းပေပးမည္ဟု ၎၏ မိန္႔ခြန္းမ်ားတြင္ မၾကာခဏ ထည့္သြင္းေျပာၾကားထားၿပီး

အဆိုပါ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ ျပင္ဆင္ခ်ိန္ ထပ္မံရယူမည့္ အေျခအေနမ်ိဳး ႐ွိေနေၾကာင္းလည္း ႏိုင္ငံေရး ကြၽမ္းက်င္သူမ်ားက သုံးသပ္ၾကသည္။

credit