ကြားရသူတိုင်းကို ရင်နာစရာကောင်းစေတဲ့ အဖြစ်အပျက်တစ်ခု…
ဒီနေ့ ရင်နာစရာအဖြစ်လေးတခုတွေ့ကြုံခဲ့ရပါတယ်
အိမ်နားကCHAMPIONသောက်ရေသန့်အလုပ်သမားကိုအလုပ်လုပ်ဖို့ခေါ်လာပြီးသုံးလေးရက်ဘဲရှိအုံးမယ် ကောင်လေးတွေနှစ်ယောက် ခေါ်လာပြီး
ဒီမနက်ကျတော့တယောက်ကမနေ့ညကအသဲကွဲလို့ဆိုပြီးအရက်သောက်ထားလို့ ဒီမနက်ခြောက်နာရီအချိန်မှာ အလုပ်ဆင်းဖို့ခေါ်တော့သူ့ခမျှာအလုပ်မဆင်းနိုင်ဘူး
အဲဒီတော့အတူနေတဲ့ မနေဂျာကနေပြီးမူးနေတဲ့လူအသိစိတ်တောင်မရှိတဲ့သူကို မနက်ခြောက်နာရီခွဲမှာ ကျန်အလုပ်သမားလေးယောက်နဲ့မပြီး မူးနေတဲ့ခလေးကို လမ်းဘေးမှာလာချထားတယ်
ကျမတို့ဆိုင်ကိုလာစားတဲ့လူတွေက ဝိုင်းပြောကြတယ် အဲလိုမောင်းထုတ်ပြီးအေးကအေးနဲ့အအေးပတ်ပြီးသေမယ်နော်လို့မြင်တဲ့လူမှန်သမျှ ပြောကြပေမဲ့
ပါလာတဲ့သူငယ်ချင်းက ကျွန်တော်လဲဘယ်လိုလုပ်ရမှန်းမသိဘူးတဲ့ မနေဂျာကအဆောင်ကိုပေးမနေဘူးဆိုပြီးသူ့မှာကူရာမဲ့နေတယ်
ကျမတို့လဲဝိုင်းပြောတယ် ပိုင်ရှင်လဲဂရုမစိုက်သလို သူ့မနေဂျာလဲအရေးမလုပ်ဘူး
ခြောက်နာရီခွဲကနေဆယ့်တစ်နာရီအချိန်မှာပတ်ဝန်းကျင်ကဝိုင်းပြောမှမနေဂျာကလာပြီးသူမမနိုင်ဘူးတဲ့
အဖော်ကောင်လေးလဲ အားကိုးရာမရှိတော့သူ့သူငယ်ချင်းရဲ့ မိဘကိုဖုန်းဆက်အကြောင်းကြားတယ်
အဝေးကနေတော့ဘယ်လို ကူညီမလဲ အဲလိုနဲ့ ပဲခူးတိုင်းရွှေကျင်မြို့နယ်ကနေနောက်တရွာထပ်ဆက်ရအုံးမယ်တဲ့အဝေးကနေလာပြီးအလုပ်လုပ်တာ
အလုပ်ရှင်ကတာဝန်မဲ့စွာနဲ့အဲလိုရက်စက်စွာမောင်းထုတ်ခံရသူရဲ့ရင်နာစရာအဖြစ်ကို တွေ့ရတာ ကိုယ်နဲ့သွေးမတော်သားမစပ်ဘဲနဲ့တွေ့မြင်ရတာကိုရင်နာ လို့မဆုံးပါဘူး
ေ-သပြီးတဲ့အချိန်မှသူ့တို့ချန်ပီယံကားနဲ့လာသယ်ပြီးဆေးရုံကိုပို့လိုက်တော့ဆေးရုံမရောက်ခင်ကတည်းက အသက်ထွက်သွားပြီတဲ့
အရက်ကမများဘဲအအေးပတ်တာလို့ဆရာဝန်ကထွက်ဆိုပြီးအခုကနာရေးကိစ္စကိုတာဝန်ယူပေးမယ်ဆိုပြီး ပါလာသူ သူငယ်ချင်းကိုလမ်းစရိတ်ငါးသောင်းပေးပြီးပြန်လွတ်လိုက်တယ်
ဒီလိုလူကို တိရိစ္ဆာန်တစ်ကောင်လောက်တောင်တန်ဖိုးမထားတဲ့ချန်ပီယံ သောက်ရေသန့်လုပ်ရပ်ကိုရှုပ်ချပါသည်
Credit – Hnin Kyi Khin Oo
Zawgyi Version ဖြင့်ဖတ်ရန်
Credit – Hnin Kyi Khin Oo