General News

လူမှုကွန်ယက်အသုံးပြုသူတွေကို ဘယ်အသီးလဲလို့ ဝေခွဲရခက်စေခဲ့တဲ့အသီးတစ်မျိုး

ရုတ်တရက်ကြည့်လိုက်ရင် အစေ့နုနုလေးတွေနဲ့ပြောင်းဖူးနဲ့ တူတယ်လို့ ထင်ရပေမဲ့ သေချာကြည့်လိုက်ရင် ဘာအသီးမှန်းမသိဖြစ်ရမှာ။ အဲဒီအသီးပုံကို လူမှုကွန်ယက်အသုံးပြုသူတွေက ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ပေးခဲ့ပြီးတဲ့နောက်မှာ တစ်စတစ်စနဲ့ လူပြောများလာခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက နာနတ်သီးလား၊ ငှက်ပျောသီးလားဆိုပြီး ခန့်မှန်းရင်းနဲ့ သူူတို့ကို ဝေခွဲရခက်စေခဲ့ပါတယ်။

အဲဒီအသီးကို မြင်လိုက်ရင်ကိုပဲ အူယားစရာကောင်းလောက်အောင် ပြောင်းဖူးလို ရှည်ရှည်မျောမျောကိုမှ နာနတ်သီးလို အစိမ်းရောင်အဝိုင်းဝိုင်းလေးတွေရှိတဲ့အသီးဖြစ်ပါတယ်။ လူမှုကွန်ယက်အကောင့်မှာ ပုံတွေတော်တော်လေး ပျံ့နှံ့သွားပြီးတဲ့နောက် အဲဒီအသီးကို “Feng Li Jiao” လို့ခေါ်ပြီး ဘာသာပြန်လိုက်ရင် “နာနတ်ငှက်ပျော” လို့ အဓိပ္ပာယ်ရပါတယ်တဲ့။ Feng Li Jiao ဆိုတဲ့အသီးက အရမ်းအရသာရှိပြီး ငှက်ပျောသီး၊ ဒူးရင်းသြဇာ၊ နာနတ်သီး၊ ပင်မှည့်သီး၊ မာလကာသီးတွေလိုအရသာမျိုးဖြစ်တယ်လို့ သိရပါတယ်။

Feng Li Jiao က Monstera Deliciosa အမည်ရတဲ့အပင်က အသီးဖြစ်ပြီး မက္ကဆီကို၊ ကွာတီမာလာ၊ ပနားမား၊ ကို့စ်တာရီကာနိုင်ငံတွေမှာ အများဆုံးတွေ့ရတာဖြစ်ပါတယ်။ မမှည့်သေးတဲ့ Feng Li Jiao အသီးက သစ်သားအရောင်တင်တဲ့အခါ၊ အဝတ်လျှော်စက်က အစွန်းအထင်းတွေကို ဖယ်ရှားတဲ့အခါမျိုးမှာ အသုံးပြုတဲ့ အောက်ဇားလစ် အက်စစ်တွေပါတာကြောင့် မမှည့်သေးဘဲစားမယ်ဆိုရင် သင့်လည်ချောင်းနဲ့ အသားရေတွေကို ဆိုးဆိုးဝါးဝါး ယားယံစေနိုင်ပါတယ်။

အဲဒီအသီးကို စိတ်ချစွာစားသုံးချင်ရင်တော့ အစိမ်းရောင်ဆဌဂံပုံစံအခွံတွေ ကွာကျသွားတဲ့အထိ ရက်အနည်းငယ်ထားရပါတယ်။ ကွာကျသွားတဲ့အခါမှသာ အထဲက အဖြူရောင်အဆန်ကို စားသုံးရတာပါ။ အဲဒီလိုစားသုံးမယ်ဆိုရင် အန္တရာယ်ကင်းပါတယ်။

ဒီအသီးကို အာရှနိုင်ငံတွေမှာ ရောင်းချတာမတွေ့ရပါဘူး။ စားကြည့်ဖူးတဲ့တချို့လူတွေက ဒီအသီးအရသာက နာနတ်သီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီးတွေကို ရောထားသလိုပဲလို့ ပြောကြပေမဲ့ တချို့ကတော့